Latest News

Wednesday, August 15, 2018

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်ပသို့ မူးယစ်ဆေးဝါး သယ်ဆောင်မည့်သူများ အား ပူးပေါင်းအဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိ


ရန်ကုန်၊ သြဂုတ် ၁၅

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မလေးရှား လေကြောင်းလိုင်း
ခရီးစဉ်ဖြင့် လိုက်ပါမည့် ခရီးသည် ၏ ခရီးဆောင်အိတ်အတွင်းမှ
စိတ်ကြွရူးသွပ်ဆေးပြားများအား ပူးပေါင်းအဖွဲ့ မှ ဖော်ထုတ်ဖမ်းဆီးရမိ
ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၁၄.၈.၂၀၁၈ ရက်နေ့ ည ၂၂း၃၀ အချိန် ရန်ကုန်အပြည်ပြည်
ဆိုင်ရာ လေဆိပ်တွင် တာဝန် ထမ်းဆောင်နေသည့် မူးယစ်တပ်ဖွဲ့စု
(၄၅)၊ လေကြောင်းရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)နှင့် ပူးပေါင်းအဖွဲ့တို့သည်
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာဆောင်
Terminal-1 Inline Reject X-Ray စက်တွင် စစ်ဆေးရေး
တာဝန်ဆောင်ရွက်စဉ် မလေးရှားနိုင်ငံသို့ ထွက်ခွာမည့်လေကြောင်း
လိုင်းဖြင့် လိုက်ပါမည့် ခရီးသည်များ၏ခရီးဆောင်အိတ်များအား
စစ်ဆေးစဉ် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည် မြို့၊ ခရမ်းခြံကျေးရွာနေ
အောင်မျိုးမင်း(၃၀)နှစ်အမည်ပါ အိတ်အတွင်းမှ မသင်္ကာဖွယ်
ပုံရိပ်တွေ့ရှိရ၍ မေးမြန်းရာ အိတ်ပိုင်ရှင်မှာ ရွှေပြည်သာမြို့နယ်၊
(၈)ရပ်ကွက်၊ ဗိုလ်အောင်ကျော် လမ်းနေ ဒေါ်မြမြ၀င်း (၅၂)နှစ်ဖြစ်ပြီး
အဆိုပါအိတ် အား မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်၊ အောင်ချမ်းသာ
လမ်းနေ ဒေါ်ခင်မာလာ(ခ)မော်လီ(၄၁)နှစ်မှ လူကြုံယူသွားပေးရန်၊
ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ် ပြည်ပ ထွက်ခွာဆောင်
Terminal-1 သို့ လာရောက်ပေးသဖြင့် ယူဆောင်လာသည့်
အိတ်ဖြစ်ကြောင်းပြောပြသိရှိရ၍ ပူးပေါင်းအဖွဲ့မှ ဖွင့်ဖောက်စစ်ဆေးရာ
အိတ်အတွင်း၌ ရောင်စုံ မိန်းမစီး ကတ္တီပါဖိနပ်(၄၀)ရံ ရှိသည့်အနက်
ကတ္တီပါဖိနပ်(၁၁)ရံ (၂၂)ဖက်အတွင်း အံဝှက်ပြုလုပ်ပြီး အနက်ရောင်
တိပ်ပတ်ထားသည့် အထုပ်ငယ်(၆၆)ထုပ်အတွင်း၌ အပြာရောင်ကပ်ခွာ
အိတ်ဖြင့် ထည့်လျက် WY နှင့် R စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်
ဆေးပြား(၂၀၀)ပြားစီပါ(၆၆)ထုပ်၊ စုစုပေါင်းဆေးပြား(၁၃၂၀၀)ပြားအား
သိမ်းဆည်းရမိခဲ့ပါသည်။

ယင်းသို့ မူးယစ်ဆေးဝါများအား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ
မလေးရှားနိုင်ငံသို့ ပို့ဆောင် မည့်သူများဖြစ်သည့် အောင်မျိုးမင်း၊
ဒေါ်မြမြ၀င်းနှင့် ဒေါ်ခင်မာလာ(ခ)မော်နီတို့(၃)ဦးအား မင်္ဂလာဒုံ မြို့မ
ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး ကွင်းဆက်တရားခံ
များအား ဆက်လက်ဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် မူးယစ်တပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ
နှင့်ပူးပေါင်းပြီး သတင်းရယူ၍ အရှိန်အဟုန်မြှင့် ဆက်လက်ဖော်ထုတ်
ဖမ်းဆီးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Yangon Police.







No comments:

Post a Comment