Latest News

Thursday, August 16, 2018

ရေကြည်မြို့နယ် ရေနံသာစစ်ဆေးရေးပူးပေါင်းဂိတ်၌ ခိုးဝင်ဘင်္ဂါလီလူမျိုးလေးဦးဖမ်းဆီးရမိ

ရေကြည်မြို့နယ် ရေနံသာစစ်ဆေးရေးပူးပေါင်းဂိတ်၌
ခိုးဝင်ဘင်္ဂါလီလူမျိုးလေးဦးဖမ်းဆီးရမိ

ရေကြည် သြဂုတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး ရေ ကြည်မြို့နယ် ကုန်းပြင်နယ်မြေ ရဲစခန်းနယ်မြေ ရေနံသာစစ်ဆေး ရေးပူးပေါင်းဂိတ်၌ ယနေ့ နံနက် ၄ နာရီခွဲတွင် ဘင်္ဂါလီလူမျိုးလေး ဦးဖမ်းဆီးရမိခဲ့ကြောင်းရဲမှတ်တမ်း များအရသိရသည်။
ဖြစ်စဉ်မှာရေကြည်မြို့မရဲစခန်း ကုန်းပြင်နယ်မြေရဲ စခန်းရေကြည် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအမှတ် (၄၉)မူးယစ်တပ်ဖွဲ့စု(ပုသိမ်)နှင့် သက်သေများပါဝင်သောပူးပေါင်း အဖွဲ့သည် ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ်(၆/၃) အနီးရေနံသာ ကျေးရွာ-ရေနံသာ ပူးပေါင်းစစ် ဆေးရေးဂိတ်၌ ယာဉ်များအားဂွမြို့ ဘက်မှ ငါးသိုင်းချောင်းမြို့ဘက် သို့ ယာဉ်မောင်းကျော်မင်း (၃၁ နှစ်) ဓမ္မသုခလမ်းစေတီတောင် ရပ်ကွက် ကျောက်ဖြူမြို့နယ်နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် ခင်မောင်စိုး(၂၉နှစ်) ကျောက်ဖြူ မြို့နယ်နေသူ လိုက်ပါလာသော ယာဉ်အမှတ်YG-N..KTABongoအမျိုးအစား(ငွေမင်)ရောင်ယာဉ် အား ရပ်တန့်စစ်ဆေးခဲ့သည်။
၎င်းတို့လေးဦးအား ယာဉ်ပေါ် တွင်ဘင်္ဂါလီလူမျိုးဦးဇီရာဘူးရာ မောက်(ပါ) ကျားတစ်ဦး(မ)သုံးဦး စုစုပေါင်းလေးဦးအား တွေ့ရှိသဖြင့် စစ်ဆေးခဲ့သည်။ ¤င်းတို့ လေးဦး အား ရခိုင်ပြည်နယ်ကျောက်တော် မြို့မှ  ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်(၆)ရပ်ကွက်နေ ဒေါ်အေးသောင်းနှင့်နေမင်းဇော်တို့ ထံပေးပို့မည်ဖြစ်ပြီး ပို့ဆောင်ခ ငွေမှာတစ်ခေါက်လျှင်ကျပ်ငါးသိန်း ကို ရန်ကုန်ရောက်မှပေးပို့မည်ဖြစ် ကြောင်းသိရသည်။ စစ်ဆေးတွေ့ ရှိချက်အရ တရားမဝင်အထောက် အထားမပါမှတ်ပုံတင်မဲ့ပြည်ဝင်ခွင့် မရှိသူ ဘင်္ဂါလီလူမျိုးကျားတစ်ဦး မသုံးဦးအား ခိုးယူသယ်ဆောင် မောင်းနှင်လာသူယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အားကုန်းပြင် နယ်မြေရဲစခန်းမှဥပဒေနှင့်အညီ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

၁၂  ၄  ၂၀၁၆  တွင်   ၁၃  ဦး

၅  /  ၆   ၈  ၂၀၁၈   ၁၁  ဦး

၁၆   ၈    ၂၀၁၈         ၄  ဦး 

ဖမ်းစီးရမိခဲ့သည်

                               မင်းဇော်ဦး   ရေကြည်

No comments:

Post a Comment