Latest News

Thursday, August 16, 2018

ညောင်တုန်းမြို့၌ မိုးများသည်းထန်စွာရွာသွန်းပြီး ကွင်းရေမြင့်တက် လာမှုကြောင့် စာသင်ကျောင်း ၁၄ ကျောင်းအား ယာယီပိတ်ထား



ညောင်တုန်း သြဂုတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ကွင်းရေမြင့်တက်မှုကြောင့် သြဂုတ်လ ၁၆ ရက်နေ့တွင် ညောင်တုန်းမြို့နယ်အတွင်း စာသင်ကျောင်း ၁၄ ကျောင်း အား ယာယီ ပိတ်ထားရကြောင်း သိရသည်။


မိုးသည်းထန်စွာရွာသွန်းပြီး ကွင်းရေမြင့်တက်မှုကြောင့် ညောင်တုန်းမြို့နယ် အတွင်း သြဂုတ်လ ၇ ရက်နေ့မှ ၁၅ ရက်နေ့အထိ စာသင်ကျောင်းပေါင်း ၁၀ ကျောင်းကို ယာယီပိတ်ထားရပြီး မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့တွင် နောက်ထပ် စာသင်ကျောင်း ၄ ကျောင်းကို ယာယီပိတ်ထားခဲ့ရသည်။

အဆိုပါ ကွင်းရေမြင့်တက်မှုကြောင့် ညောင်တုန်းမြို့နယ်ကျေးရွာများရှိ နောက်ထပ် ယာယီပိတ်ထားရသော ကျောင်း များမှာ အောက်ဆယ်ကျေးရွာ အုပ်စု တလုတ်ထော်ကုန်းကျေးရွာ မူလွန် (တလုတ်ထော်ကုန်း)၊ စွန်တနီး ကျေးရွာ အုပ်စု အပေါင်ကျေးရွာ အမက (အပေါင်)၊ ကုက္ကိုဝကျေးရွာအုပ်စု တမလိုကျေးရွာ အမက (တမလို)၊ ဗျောသလန်းကျေးရွာအုပ်စု ညောင်ကားယားကျေးရွာ အမက (ညောင်ကားယား) စုစုပေါင်း စာသင်ကျောင်း လေးကျောင်းမှ ကျောင်းသား/ကျောင်းသူ ၃၈၂ ဦးတို့အား ကျောင်းများ ယာယီ ပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ဝဠာနိုင်(ညောင်တုန်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

No comments:

Post a Comment