ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို စွဲချက်တင်
ကွာလာလမ်ပူ သြဂုတ် ၈
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် ကို ငွေကြေးခဝါချမှုနှင့် သက်ဆိုင်နေသော စွဲချက်သုံးရပ်နှင့်အတူ သြဂုတ် ၈ ရက်တွင် စွဲချက်တင်လိုက်ပြီဖြစ်ကြောင်း၊ နာဂျစ်၏ ဝန်ကြီးချုပ်ရာထူးသက်တမ်းအတွင်း နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီဖြစ်သော1 MDBကုမ္ပဏီမှ ဒေါ်လာငွေ ဘီလီယံပေါင်းများစွာပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေး မှုပြုလုပ်နေချိန်အတွင်း ၎င်းကို စွဲချက်တင် ခြင်းဖြစ်ကြောင်း အေအက်ဖ်ပီသတင်းဌာနက သတင်းဖော်ပြသည်။
ဖတ်ကြား
မြို့တော်ကွာလာလမ်ပူရှိ တရားရုံးချုပ်၌ စွဲချက်တင်လွှာကို ဖတ်ကြားချိန်တွင် နာဂျစ်မှာ အေးဆေးတည်ငြိမ်သည့် အသွင်ဖြင့် ရှိနေ ကြောင်း၊ မိမိသည် အပြစ်မရှိဟု နာဂျစ်က ထုတ်ဖော်ပြောဆိုခဲ့ပြီး ၎င်းကို အာမခံဖြင့် ထိန်းသိမ်းခြင်းမှ လွှတ်ပေးခဲ့သည်။
ထွက်ဆို
အသက် ၆၅ နှစ်အရွယ်ရှိ နာဂျစ်သည် ယုံကြည်အပ်နှံမှုကို ချိုးဖောက်ခြင်း၊ အာဏာ အလွဲသုံးခြင်းတို့နှင့်ပတ်သက်နေသော အခြား စွဲချက် သုံးရပ်နှင့်ပတ်သက်၍လည်း ၎င်းတွင် အပြစ်မရှိဟု ထွက်ဆိုခဲ့သည်။
စွဲချက်တင်ထား
1 MDBကုမ္ပဏီ၏ယူနစ်တစ်ခုဖြစ်သောSRC International ကုမ္ပဏီထံမှ ရင်းဂစ်ငွေ ၄၂ သန်း (အမေရိကန်ဒေါ်လာ ၁ဝ ဒသမ ၃သန်း)ကို လွှဲပြောင်းပေးခဲ့ခြင်းနှင့် ပတ်သက် ၍ ငွေကြေးခဝါချမှုဆိုင်ရာ ဥပဒေအရ နာဂျစ် အား စွဲချက်တင်ထားသည်။
အကယ်၍ ပြစ်မှုထင်ရှား တွေ့ရှိရပါက နာဂျစ်အား ထောင်ဒဏ် ၁၅ နှစ်အထိလည်း ကောင်း၊ တရားမဝင် လွှဲပြောင်းပေးခဲ့သော ငွေကြေးပမာဏ၏ငါးဆထက်မနည်းသော ငွေကြေးပမာဏကို ဒဏ်ငွေအဖြစ် လည်း ကောင်း ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း သတင်း တွင် ဖော်ပြသည်။
Mirror
No comments:
Post a Comment