Latest News

Thursday, August 9, 2018

ဥရောပတစ်ဝန်း အပူလှိုင်းဒဏ်ခံစားနေရ စပိန်နှင့် ပေါ်တူဂီတို့၌ တောမီးများလောင်ကျွမ်း

ဥရောပတစ်ဝန်း အပူလှိုင်းဒဏ်ခံစားနေရ
စပိန်နှင့် ပေါ်တူဂီတို့၌ တောမီးများလောင်ကျွမ်း

မက်ဒရစ် သြဂုတ်   ၈

ဥရောပတိုက်တစ်တိုက်လုံးတွင် အပူလှိုင်းများ  ကျရောက်ခဲ့မှုကြောင့် စပိန်နိုင်ငံတွင် ရက်သတ္တပတ်အတွင်း လူကိုးဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ က သြဂုတ် ၈ ရက်တွင် ပြောကြားကြသည်။ ထိုစဉ်အတွင်း စပိန်နိုင်ငံ၌ တောမီးများ လောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ရပြီး  အိမ်နီးချင်း ပေါ်တူဂီနိုင်ငံ၌လည်း အပန်းဖြေမြို့တစ်မြို့ကို တောမီးက ဝန်းရံထားခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင်ဖော်ပြသည်။

ပျံ့နှံ့ခဲ့

ရက်သတ္တပတ်များစွာ နေရောင်ခြည်အဆက်မပြတ်ကျရောက်မှုနှင့် မိုးခေါင်မှုများ ကြောင့် အပူချိန်မှာ စံချိန်တင်အမှတ်နီးပါးအထိ ရောက်ရှိခဲ့သည်။ တောမီးဝါးမျိုမှုသည် မြေထဲပင်လယ်ဒေသမှသည် အာတိတ်စက်ဝိုင်းဒေသအထိ ပျံ့နှံ့ခဲ့သည်။

အပူလှိုင်းကျရောက်မှုကြောင့် အကြီးအကျယ်ပျက်စီးမှုမြင်ကွင်းကို အာကာသတွင်းမှပင် တွေ့မြင်ခဲ့ရသည်။ မြေပြင်ခြောက်သွေ့မှု မြင်ကွင်းကို နိုင်ငံတကာအာကာသစခန်းယာဉ်ပေါ်ရှိ ဂျာမန်အာကာသယာဉ်မှူး အလက်စန္ဒားဂါးရက်စ်က မှတ်တမ်းတင်ခဲ့သည်။

ခြောက်သွေ့နေ

ဥရောပတိုက်အလယ်ပိုင်းနှင့် ဂျာမနီနိုင်ငံတို့၏ပုံရိပ်များကို မိမိဓာတ်ပုံရိုက်ယူခိုင်းခဲ့ ကြောင်း အစိမ်းရောင်ရှိသည့်ရှုခင်းပုံမှာ ခြောက်သွေ့နေပြီး အညိုရောင်အဖြစ် တွေ့မြင်ရ ကြောင်း ဂါးရက်စ်က ၎င်း၏တွစ်တာစာမျက်နှာ၌ ရေးသားခဲ့သည်။

ယခင်ရက်သတ္တပတ်ကုန်ပိုင်းတွင် စပိန်နှင့် ပေါ်တူဂီနိုင်ငံများသည် စံချိန်တင်လောက် သည်အထိ အပူချိန်မြင့်တက်ခဲ့သည်။ စပိန်နိုင်ငံ အယ်လ်ဂရာနာဒိုမြို့တွင် အပူချိန် ၄၆ ဒသမ ၆ ဒီဂရီဆဲလ်စီးရပ် (၁၁၆ ဒီဂရီဖာရင်ဟိုက်)နှင့် ပေါ်တူဂီနိုင်ငံ အဲလ်ဗီဂါမြို့တွင် ၄၆ ဒသမ ၄ ဒီဂရီဆဲလ်စီးရပ်အထိ ရှိခဲ့ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (ဒဗလျူအမ် အို)က ပြောကြားသည်။

မျှော်လင့်ရ

လာမည့်ရက်များအတွင်း ဥရောပတိုက်အနောက်ပိုင်းဒေသများတွင် အပူချိန်လျော့ကျ သွားမည်ဟု မျှော်လင့်ရသည်။ စပိန်နှင့် ပေါ်တူဂီနိုင်ငံတို့မှ မီးသတ်သမားများမှာ ၎င်းတို့ နိုင်ငံများ၏ တောင်ပိုင်းဒေသများ၌ တောမီးလောင်ကျွမ်းမှုကို ခက်ခက်ခဲခဲငြှိမ်းသတ်ခဲ့ရသည်။

Mirror

No comments:

Post a Comment