ရန်ကုန် သြဂုတ် ၁၁
ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ရုံ၌ မြန်မာ ပြည်လက်ဝှေ့ချန်ပီယံများ ပါဝင်ယှဉ်ပြိုင်မည့် တတိယအကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲအတွက် ကြိုတင်လက်မှတ်များကို ယမန်နေ့မှ စတင် ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲအတွက် လက်မှတ်ဈေးနှုန်းများကို ငွေကျပ် ၁ဝဝဝဝ၊ ၂ဝဝဝဝ နှင့် ၅ဝဝဝဝ သတ်မှတ်ထားသည်။ ကြိုတင်လက်မှတ်များကို မြန်မာမီဒီယာဂရု(ဖ်) အမှတ်(၃၈၈) အခန်း(၁၄) စက်မှု (၁)လမ်း ဗဟန်းမြို့နယ်၌ ဝယ်ယူနိုင်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် မြန်မာလက်ဝှေ့ကျော်များဖြစ်သည့် ထွန်းထွန်းမင်း၊ ထွန်းလွင်မိုး၊ ဖျံသွေး၊ ရဲသွေးနီ စသည့်ပြည်တွင်း လက်ဝှေ့ကျော် များနှင့် ပြည်ပလက်ဝှေ့သမားများ၏ ယှဉ်ပြိုင်မှုများ ပါဝင်မည်ဖြစ်သည်။ပြီးခဲ့သည့် ထွန်းထွန်းမင်း၏ မွေထိုင်းလက်ဝှေ့သမား ဆိုင်းယော့နှင့် ပွဲတွင်လည်း ပရိသတ်အများအပြား လာရောက် အားပေးခဲ့သည်။
မြန်မာမီဒီယာဂရု(ဖ်)အနေဖြင့် တတိယအကြိမ် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို သြဂုတ် ၁၉ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် တွဲဆိုင်းခုနစ်ဆိုင်း ပါဝင်မည်ဖြစ်သည်။ တွဲဆိုင်းများအဖြစ် ၆၅ ကီလိုတန်း၌ ထွန်း လွင်မိုး (မြန်မာ) နှင့် ခါရာတီဆာရီတီဒတ် (ထိုင်း)၊ ၇ဝ ကီလိုတန်း၌ ဖျံသွေး (မြန်မာ) နှင့် စောဂေါ်မူဒို (မြန်မာ)၊ ၅၇ ကီလိုတန်း၌ ရဲသွေးနီ (မြန်မာ) နှင့် ဟာမာမိုတိုယူတာ ကက် (ဂျပန်) ၊ ၇၃ ကီလိုတန်း၌ ရွှေရာမာန် (မြန်မာ) နှင့် ခိုဟီတိုခဲရှီ (ဂျပန်)၊ ၈ဝ ကီလို တန်း၌ ဒေ့ဗ်လက် (မြန်မာ) နှင့် ဒီစဲလက် (ထိုင်း)၊ ၈ဝ ကီလိုတန်း၌ ထွန်းထွန်းမင်း(မြန်မာ) နှင့် ဒါရီလိုကုကု(ကွန်ဂို)၊ အမျိုး သမီး ၆ဝ ကီလိုတန်း၌ ဘရောနီကာ(မြန်မာ) နှင့် အယ်လီနာမစ်ချပ် (ဘီလာရုစ်)တို့ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
MWD
No comments:
Post a Comment