အကောင်အထည် ဖေါ်ပြီးကြောင်း
ဒေါ်အောင်ဆန်းစုကြည်ပြော
ရခိုင်ပြည်နယ် ကိစ္စ ဆွေးနွေး အကူအညီ ပေး
ရန် ရောက်ရှိလာသော ဂျပန်နိုင်ငံခြားရေးဝန်
ကြီး တာရို ကိုနို အား အထက်ပါ အတိုင်း
အသိပေး လိုက်ပြီ ဖြစ်ပါတယ်။
ကျန်ရှိနေသည့် အချက်များကတော့ အချိန်ယူ၍
တဆင့်ပြီး တဆင့်ဆောင်ရွက်သွားရမှာ ဖြစ်
တယ်လို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ
ဂျပန် သတင်းထောက်များရဲ့ အမေးကို ဒေါ်
အောင်ဆန်းစုကြည်မှ ပြန်လည်
ဖြေကြားရာမှာ ပြောခဲ့ခြင်းပင် ဖြစ်ပါတယ်။
လက်ရှိ ဖွဲ့.စည်းလိုက်တဲ့ စုံစမ်းရေး ကော်မရှင်
ကိုလည်း အထူး အခွင့်အရေးတွေ ပေးပြီး လုပ်
စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မိမိတို့ အစိုးရ အနေဖြင့် ကွဲပြားသော အမြင်
များ နှင့် အသံ အမျိုးမျိုး ကို နားထောင်ရမှာ
ဖြစ်ကြောင်း။ နိုင်ငံပြင်ပမှ လူများ အနေဖြင့်
၎င်းတို့ ကြိုက်သလို ထင်မြင်ယူဆနိုင်ကြောင်း၊
နိုင်ငံတွင်းရှိ အစိုးရ အနေနဲ့လည်း ထိုသို့သော
အမြင်များကို ထည့်သွင်းစဉ်းစားပြီး ပြသာနာ
အားလုံးကို ဖြေရှင်းနိုင်စွမ်း ရှိမည့် အဖြေ တခုခု
ကို ရှာရမှသာ ဖြစ်ကြောင်း လည်း ပြောကြားခဲ့
ပါတယ်။
ဂျပန်နိုင်ငံခြားရေး ၀န်ကြီးကလည်း ရခိုင်ပြည်
နယ် အတွင်း ပြသာနာများသည် ရှုပ်ထွေးနက်နဲ
လှပြီး လူ့ အခွင့်အရေး နှင့် လူသားချင်းစာနာ
ထောက်ထားမှု များ အပြင် ဆင်းရဲ နွမ်းပါးမှု များ
ကို လည်း တိုက်ဖျက်ပြစ်ရန် လိုနေသည့်
အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံ အဖို့ အလွန်
ကြီးမားလှသော တာဝန်ကြီးကို ဆောင်ရွက်နေ
ရတယ်လို့ ဆိုပါတယ်။
မိမိအနေဖြင့် မြန်မာ အစိုးရနှင့် ပူးပေါင်းလုပ်
ဆောင် ကာ အကူအညီများ ပေးသွားမှာ ဖြစ်
သည့်အပြင် မြန်မာအစိုးရ၏ ကြိုးပမ်းနေမှုများ
ကို နိုင်ငံတကာ အသိုက်အ၀န်းမှာ နားလည်
အောင် ရှင်းပြပေးသွားမယ်လို့ လည်း ပြော
သွားခဲ့ပါတယ်။
အလားတူ စင်္ကာပူမှလည်း မြန်မာဖက်မှ ရပ်
တည်သွားမည် ဖြစ်ကြောင်း စင်္ကာပူ နိုင်ငံ
ခြားရေးဝန်ကြီး ဗီဗီယန် ဘာလားခရစ်ရှာနားက
အာဆီယံ+ ၃ အစည်းအဝေးမှာ ပြောကြားခဲ့
ပြန်ပါတယ်။
လှစိုးဝေ
The Nation
No comments:
Post a Comment