မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဒေါပုံမြို့နယ်တို့ကို ဆက်သွယ်ပေးသည့် လေးလမ်းသွားဒေါပုံတံတားသစ်ဖွင့်
ရန်ကုန် သြဂုတ် ၂၅
မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေသည့်အပြင် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် နည်းပညာ သစ်ဖြင့် တည်ဆောက်ထားသော ဒေါပုံတံတားသစ် ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက် ၇ နာရီခွဲတွင် အဆိုပါတံတားရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။
ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန် ဇော်က ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းနှင့် တံတားများ တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ မြို့ပြဖွံ့ဖြိုးရေးနှင့် အိမ်ရာများ ဆောက်လုပ်ပေးခြင်းကို စီမံချက်များ ချမှတ်အကောင်အထည် ဖော်လျက်ရှိကြောင်း။
ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းအရ လမ်းကွန်ရက်များကို အရှေ့၊ အနောက်၊ တောင်၊ မြောက် ချဲ့ထွင်သွားမည်ဖြစ်ပြီး၊ Inner Ring အတွင်း မိုးပျံတံတား Elevated Highway ကို dk PPP စနစ်ဖြင့် ဆောင် ရွက်ရန် စိတ်ဝင်စားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများကို ဖိတ်ခေါ်ထားပြီး မကြာမီ အကောင်အထည်ဖော်နိုင် တော့မည်ဖြစ်ပါကြောင်း၊ ကိုရီးယား နိုင်ငံအစိုးရ၏ ချေးငွေနှင့် ရန်ကုန်မြို့ ဒလမြို့ကို ဆက်သွယ်မည့် တံတားကို လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီး မကြာမီတည်ဆောက်သွား မည်ဖြစ်ပါကြောင်း၊ လမ်း၊ တံတား စီမံကိန်းများ ပြီးစီးသွားပါက ရန်ကုန် မြို့တော်ကြီး၏ ဖွံ့ဖြိုးတိုးတက်မှုများ ကို ပိုမိုလျင်မြန်စေပြီး မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ တိုးတက် စေမည်ဖြစ်ပါကြောင်း ။
ယနေ့ဖွင့်လှစ်လိုက်သည့် ဒေါပုံ တံတားသစ်ကြီးသည် လေးလမ်းသွား ခေတ်မီ Extradosedကွန်ကရစ် တံတားကြီးဖြစ်ပြီး အရှည် ၂၅၃ မီတာ၊ တံတားအုတ်မြစ်ကို ခေတ်မီSteel Pipe Sheet Pile Foundation (SPSP) ဖြင့် တည်ဆောက်ထားပြီး အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီကာQuality Management System ဖြင့် နိုင်ငံတကာစံချိန်မီ တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ပင်မတည်ဆောက်သည့် အဖွဲ့အစည်း မှာ ဂျပန်နိုင်ငံNippon Koei ကုမ္ပဏီ ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်တည်ဆောက်ခဲ့ပါကြောင်း။
ဒေါပုံတံတားသစ်မှာ လေးလမ်းသွား တံတားဖြစ်သည်နှင့်အညီ ဆက်စပ် ကားလမ်းနှင့် ရထားလမ်းခုံးကျော် တံတားများ၊ ချဉ်းကပ်လမ်းများကို လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အချိန်မီ တည်ဆောက်ခဲ့ပါကြောင်း၊ ဒေါပုံတံတားသစ်သည် ခေတ်မီနည်း စနစ်များနှင့်အညီ အလှပဆုံး တည် ဆောက်ထား၍ ရန်ကုန်မြို့၏ Land Mark တံတားအဖြစ် မှတ်တမ်းတင် ရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယခု တည်ဆောက်ပြီးစီးခဲ့သည့် တံတား သည် မြန်မာ-ဂျပန်နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုအတွက် မှတ်တိုင်တစ်ခုဖြစ် ပါကြောင်း၊ ရန်ကုန်မြို့ဖွံ့ဖြိုးတိုးတက် ရေးအတွက်လည်း များစွာအထောက် အကူဖြစ်ပါကြောင်း၊ ရန်ကုန်မြို့၏ တံတားများသည် ရန်ကုန်မြို့သူမြို့သား များအတွက် စီးပွားရေး၊ လူမှုရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူ ပြုမည်ဖြစ်ပါ ကြောင်း။
သီလဝါ အထူးစီးပွားရေးဇုန်နှင့် ရန်ကုန်မြို့သူ မြို့သားများအတွက် ဆက်သွယ်ပေးနိုင်ရန်သာမက ဟံသာ ဝတီ-ပဲခူး၏ စီးပွားရေးစင်္ကြံလမ်းပေါ် တွင်ရှိနေသည့် စက်မှုဇုန်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေါပုံတံတား ကြီးက များစွာအထောက်အကူပေး မည်ဖြစ်ပါကြောင်း။
ခေတ်မီနည်းပညာဖြင့် တည် ဆောက်ထားသော ယင်းတံတားကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ပြည်သူများအနေဖြင့် ဝိုင်းဝန်း ထိန်းသိမ်းပေး စေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr.Ichiro MARUYAMA က နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေးအတွက် မှတ်တိုင်တစ်ခုဖြစ်သည့် ဒေါပုံတံတား တည်ဆောက်ပေးမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် JICA Myanmar Officeမှ Chief Representative Mr.Masayuki KARASAWA က တံတားတည်ဆောက်ရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒေသခံပြည်သူတစ်ဦး က ယခင်တံတားဟောင်းသည် သက် တမ်းကြာမြင့်ပြီဖြစ်၍ နည်းပညာ သစ်ဖြင့် တံတားသစ်ကြီးကို တည် ဆောက်ပေးသည့်အတွက် ဒေသခံ ပြည်သူများကိုယ်စား ကျေးဇူးတင်ပါ ကြောင်းနှင့် တံတားကြီးရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒေါပုံတံတားကို တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော် လင်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ အမျိုး သားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှုလျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစောမိုးမြင့်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊JICA Myanmar Office မှ Chief Representative Mr.Masayuki KARASAWA နှင့် Nippon Koei Co.,Ltd. မှ Project Manager Mr.Takeshi YOSHIDA တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ဒေါပုံတံတား ကမ္ပည်း မော်ကွန်း ကျောက်စာတိုင်ကို ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့က စက်ခလုတ် နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည် များ ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ သည် တံတားကြီးပေါ်မှ ဖြတ်သန်း ကြည့်ရှုပြီး တံတားဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Saturday, August 25, 2018
Subscribe to:
Post Comments (Atom)
No comments:
Post a Comment