Latest News

Tuesday, August 14, 2018

စပိန်စူပါဖလားတွင် ဘာစီလိုနာကို အီးယူ ပြင်ပကစားသမား ကြိုက်သလောက်ထည့်ကစားခွင့်ပြု၍ ဆီဗီလာတရားစွဲဖွယ်ရှိ

စပိန်စူပါဖလားတွင် ဘာစီလိုနာကို အီးယူ ပြင်ပကစားသမား ကြိုက်သလောက်ထည့်ကစားခွင့်ပြု၍ ဆီဗီလာတရားစွဲဖွယ်ရှိ

ဆီဗီး   သြဂုတ်   ၁၃

စပိန်စူပါဖလားအဖြစ် ယမန်နေ့ညက ဘာစီလိုနာ  နှင့်ဆီဗီလာတို့ မော်ရိုကိုရှိ တန်ဂီယာမြို့၌ ကစားသည့်  ပွဲစဉ်မတိုင်မီ  ၂၄ နာရီအလိုတွင်  စပိန် ဘောလုံးအဖွဲ့ချုပ်သည် ချမှတ်ထားသောစည်းမျဉ်းကို ယခုတစ်ပွဲအတွက်  ပယ်ဖျက်ကာ ဘာစီလိုနာ အသင်းကို ဥရောပယူနီယံပြင်ပကစားသမား (အီးယူ ပြင်ပကစားသမား) ကြိုက်သ လောက် ထည့် ကစားခွင့်ပြု ခြင်းအတွက် ဆီဗီလာအသင်းက  မကျေမနပ်စောဒကတက်ခဲ့ပြီး ပြိုင်ပွဲမှ နုတ်ထွက်ခြင်း သို့မဟုတ် စပိန်ဘောလုံး အဖွဲ့ချုပ်ကို တရားစွဲဆိုခြင်း ပြုလုပ်ရန် စီစဉ်မည်ဖြစ်ကြောင်း အသင်းတွစ် တာ စာမျက်နှာ၌ ရေးတင်ခဲ့သည်။

စပိန်၌ မည်သည့်ပြည်တွင်းပွဲစဉ်တွင်မှ အီးယူပြင်ပ ကစားသမားသုံးဦး ထက်ပို၍ မှတ်ပုံတင်ခွင့် မပြုဟု ပြဋ္ဌာန်းထားရာ ထိုစည်းကမ်းအတိုင်းဆိုလျှင် ဘာစီလိုနာသည် ယခုနွေရာသီမှ အသစ်ခေါ်ယူ ထားသော ဗီဒယ်(ချီလီ)၊  မယ်လ်ကွန်နှင့် အာသာမီလွန် (ဘရာဇီး)တို့နှင့်အတူ ဘရာဇီးနိုင်ငံသား ကော်တင်ဟို တို့ကို တစ်ပြိုင်တည်း  မှတ်ပုံတင် ကစားခွင့်ရှိမည် မဟုတ်ပေ။

ထိုအခြေအနေကို  စပိန်ဘောလုံး အဖွဲ့ချုပ်က  ယခု တစ်ပွဲတည်းတွင်သာ  ခြွင်းချက်အဖြစ် လက်ခံသည်ဟု ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာအသင်းသည် ထိုစနစ်ကြောင့် ကော်တင်ဟိုကို ပေါ်တူဂီနိုင်ငံသူအား လက်ထပ် ထားပြီး သုံးနှစ်ကြာချိန်တွင ပေါ်တူဂီနိုင်ငံသားအဖြစ် ခံယူခွင့်ရှိနေခြင်းကို အကောင်အထည်ဖော်ရန် ဘာစီလို နာက စီစဉ်နေသည်။

MWD

No comments:

Post a Comment