ဘန်ကောက် သြဂုတ် ၁၃
ထိုင်းနိုင်ငံတစ်ဝန်းရှိ ပြည်နယ်ကိုးခု၌ လက်ရှိတွင် မုတ်သုံမိုးရွာသွန်းနေမှုကြောင့် ရေကြီးမှု ဆက်လက်ဖြစ်ပွား နေခြင်းဖြစ် ကြောင်း အစိုးရအဖွဲ့ထိပ်တန်းတာဝန်ရှိသူတစ်ဦးက သြဂုတ် ၁၃ ရက်တွင်ပြောသည်။ နိုင်ငံအရှေ့မြောက်ပိုင်းဒေသရှိ ယူဘွန် ရတ်ချာသာနီ၊ ယာဆိုသွန်၊ ကာလာဆင်၊ဆာကွန်နာခွန်၊ နာခွန်ဖနွန်နှင့် ဘူအန်ကန် ပြည်နယ်တို့အပါအဝင် နိုင်ငံအနောက်ပိုင်းရှိ ဖတ်ချာဘူရီပြည်နယ်၌ ရေကြီးမှုဖြစ်ပွားပြီး ဒေသခံ ၆၁ဝဝဝ ကျော်ရေကြီးမှု ဒဏ်ခံ စား ရကြောင်း သိရသည်။
ထို့ပြင် ယင်းဒေသများ၌ ယခုလအစော ပိုင်းမှစတင်၍ ရက်ပေါင်းများစွာကြာမိုးသည်းထန်စွာရွာပြီးနောက် စိုက်ပျိုးမြေ အများအပြားတွင် ရေလွှမ်းမိုးခဲ့ကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့်လျှော့ချရေး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ချာယာပေါ က ပြောသည်။
နိုင်ငံအရှေ့မြောက်ပိုင်း၌ မဲခေါင်မြစ်ရေ တက်ကာ နာခွန်ဖနွမ်ပြည်နယ်အပါအဝင် မြေနိမ့်ပိုင်းဒေသများသို့ ရေလွှမ်း မိုးကြောင်း ချာယာပေါက ဆက်ပြောသည်။ ထိုင်းနိုင်ငံအနေဖြင့် ယခုတစ်လလုံးတွင် မုတ်သုံမိုးရွာ သွန်းမှုနှင့်ကြုံ တွေ့ရမည်ဟု ခန့်မှန်း ရသော်လည်း တာဝန်ရှိသူများက ယင်းပြည်နယ်များ နှင့် အခြားနေရာများ၌ မြေပြိုမှုများဖြစ်ပွား နိုင်မှုအပါအဝင် ရေကြီးမှုကိုသက်သာစေရန်ဆောင်ရွက်ချက်များလုပ်ဆောင်ထားကြောင်း သိရသည်။
တော်ဝင်ဆည်မြောင်းဌာန အနေဖြင့် နိုင်ငံ တောင်ပိုင်းဆူရတ်သာ နီပြည်နယ်ရှိ ရတ်ဂျာပရာ ဟာတာတမံ၊ နိုင်ငံအရှေ့ မြောက်ပိုင်း ဆာခွန်နာခွန်ပြည်နယ်ရှိ နမ်အမ်တာတမံ၊ နိုင်ငံမြောက်ပိုင်း အတ်တာရာဒစ်ပြည်နယ်ရှိ ဆရီကစ် တာတမံနှင့် နိုင်ငံ အနောက်ပိုင်း တတ်ပြည်နယ်ရှိ ဘူမိဘော တာတမံ ကဲ့သို့ အဓိက တာတမံများကို အနီးကပ် စောင့်ကြည့် လျက်ရှိကြောင်း သိရသည်။
MWD
No comments:
Post a Comment