Latest News

Saturday, August 18, 2018

ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းယာစားသုံးမှုမြင့်တက်နေခြင်းကြောင့် နှလုံးရောဂါဖြစ်ပွားနှုန်းများပြားလာ

ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းယာစားသုံးမှုမြင့်တက်နေခြင်းကြောင့် နှလုံးရောဂါဖြစ်ပွားနှုန်းများပြားလာ

ဆေးလိပ်နှင့် ဆေးရွက်ကြီးပါဝင်သော ကွမ်းယာများ
စားသုံးခြင်းကြောင့် နှလုံးရောဂါဖြစ်ပွားသူများပြား
လာပြီး သေဆုံးမှုများရှိနေကြောင်း ရန်ကုန်မြို့ ချင်းတွင်းလမ်းရှိ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ သိရသည်။

မြန်မာ့လူမှုအသိုက်အဝန်းအတွင်း တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်မိခြင်းကြောင့် ရောဂါများဖြစ်ပွားလျက်ရှိကြောင်း၊ ထို့အတွက်ကြောင့် ဆေးရုံများ၊ ကျောင်းများ၊ ရုပ်ရှင်ရုံများနှင့် ရုံးများတွင် ဆေးလိပ်
မသောက်ရနယ်မြေများအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂ဝ၁၁ ခုနှစ်က စစ်တမ်းအရ ကလေး ၆ဝ ရာခိုင်နှုန်းမှာ နေအိမ်များရှိ မိသားစုဝင်များ၏ ဆေးလိပ်သောက်သုံးမှုကြောင့် တစ်ဆင့်ခံ
ဆေးလိပ်ငွေ့ကို ရှူရှိုက်နေကြရကြောင်း၊ ဆေးလိပ်ငွေ့ ကင်းစင်ရေးဥပဒေနှင့်  တားမြစ်ထားသော်လည်း အချို့ပြည်သူများမှာ  မထီမဲ့မြင်ပြုရာရောက်နေပြီး ဥပဒေလိုက်နာမှု အားနည်းနေကြောင်း
ရန်ကုန်မြို့ ချင်းတွင်းလမ်းရှိ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာ ဦးသန်းစိန်က ပြောသည်။

''လူထုကြားမှာ ဆေးလိပ်သောက်ခြင်းနဲ့ ကွမ်းယာ စားတာတွေက အရင်ထက်ကို ပိုမိုများပြားလာနေသလို နှလုံးရောဂါဖြစ်ပွားမှုတွေကလည်း အဖြစ်အများဆုံးဖြစ်နေပြီး    သေဆုံးမှုနှုန်းတွေလည်းများပြားလာပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်လူငယ်လေးတွေ အထူးသတိထားဖို့ လိုအပ်ပါတယ်။

ဒီ့အပြင် လူကြီးတွေကလည်း သတိနဲ့ဆင်ခြင်ပြီး
လူငယ်တွေကို ဆုံးမဖို့လိုပါတယ်။ ဒါကို ဥပေက္ခာပြု မယ်ဆိုရင်တော့ မိမိအပါဝင် လူ့ပတ်ဝန်းကျင်ဟာ ကျန်းမာရေးဆိုးကျိုးတွေရဲ့ ခြိမ်းခြောက်တာတွေကို အမြဲခံနေရမှာဖြစ်သလို ရောဂါဖြစ်ပြီးသေဆုံးမှုနှုန်း
တွေကလည်း လျော့ကျသွားမှာမဟုတ်ပါဘူး'' ဟု
ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာ
ဦးသန်းစိန်က ထပ်မံပြောကြားသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ မြန်မာနိုင်ငံ
လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အချက်
အလက်စစ်တမ်းများအရ ၂ဝ၁၅-၂ဝ၁၆  ခုနှစ်တွင်
အသက် ၁၅ နှစ်မှ ၄၉ နှစ်အတွင်းရှိ အမျိုးသား
ဦးရေ၏ ၃၂ ရာခိုင်နှုန်းသည် စီးကရက်သောက်သုံး ကြ၍ ၁၄ ရာခိုင်နှုန်းမှာ ဆေးပေါ့လိပ်သောက်သုံး
ကြကြောင်း၊ အမျိုးသမီးဦးရေ၏ နှစ်ရာခိုင်နှုန်း
မှာလည်း ဆေးလိပ်သောက်သုံးကြောင်း၊ အသက်
၎ဝ နှစ်မှ ၄၉ နှစ်အတွင်းရှိ အမျိုးသားဦးရေ၏ 
၉၅ ရာခိုင်နှုန်းနှင့် အမျိုးသမီးဦးရေ၏ ၁၈ ရာခိုင်နှုန်း
မှာလည်း ကွမ်းယာစားသုံးနေကြကြောင်း၊ ဆေးလိပ်
နှင့် ကွမ်းယာစားသုံးမှုကြောင့် နှလုံးသွေးကြောကျဉ်း
ရောဂါနှင့် နှလုံးသွေးကြောပိတ်ရောဂါ အစရှိသော
နှလုံးရောဂါဖြစ်ပွားမှုအရေအတွက်မှာလည်း ပိုမို
တိုးပွား   များပြားလာလျက်ရှိကြောင်း   ၄င်းက ပြောကြားသည်။ 

(စိုးမြင့်အောင်)

No comments:

Post a Comment