Latest News

Friday, August 17, 2018

ညောင်တုန်းမြို့၌ ဧရာဝတီမြစ်ကမ်းပါးပြိုကျ၍ လူနေအိမ် ၄၉ လုံး၊ ဓမ္မာရုံတစ်လုံး ပြောင်းရွှေ့ ကွင်းရေမြင့်တက်မှုကြောင့် စာသင်ကျောင်း ၁၅ ကျောင်း ယာယီပိတ်ထား


ညောင်တုန်း သြဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်တွင် သြဂုတ် ၁၇ ရက် နံနက်ပိုင်း၌ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအုပ်စု ဂန်ချောင်း ကျေးရွာ၌ မြစ်ကမ်းပါး အလျား ပေ ၁၈ဝ၊ အနံ ပေ ၇ဝ ပြိုကျခဲ့ရာ ယင်းမြစ်ကမ်း ပြိုကျသည့်နေရာနှင့် နီးစပ်လျက်ရှိသည့် လူနေအိမ် တစ်လုံး၊ အိမ်ထောင်စု တစ်စု၊ လူဦးရေ ခြောက်ဦးအား ကမ်းနှင့် ဝေးရာရှိ ဆွေမျိုးများ၏ နေအိမ်သို့ ခေတ္တပြောင်းရွှေ့ နေရာချထားပေးခဲ့ သည်။

အလားတူ ဧရာဝတီမြစ်ရေ တိုက်စားပြီး ညောင်တုန်းမြို့နယ် သပြု ရေလယ်ကျွန်းကျေးရွာအုပ်စု ရွှေဒဂ¯း ကျွန်းကျေးရွာတွင် မြစ်ကမ်းပါးပြိုကျ လျက်ရှိရာ ယင်းမြစ်ကမ်းပြိုကျလျက်ရှိသည့်နေရာနှင့် နီးစပ်လျက်ရှိသည့် လူနေအိမ် ၄၈ လုံး၊ အိမ်ထောင်စု ၄၈ စု၊ လူဦးရေ ၂ဝ၃ ဦးနှင့် ဓမ္မာရုံတစ်လုံးတို့အား ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ပေးခဲ့ပြီး လူနှင့်တိရ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ညောင်တုန်းမြို့နယ်တွင် ကွင်းရေမြင့်တက်မှုကြောင့် သြဂုတ် ၇ ရက်မှ ၁၆ ရက်အထိ စာသင်ကျောင်းပေါင်း ၁၄ ကျောင်းကို ယာယီပိတ်ထားခဲ့ရပြီး ယနေ့ သြဂုတ် ၁၇ ရက်တွင် အောက်ဆယ်ကျေးရွာရှိ အမက(ခွဲ) (အောက်ဆယ်) စာသင်ကျောင်း တစ်ကျောင်းကို ထပ်မံပိတ်ထားလျက်ရှိရာ စာသင်ကျောင်း စုစုပေါင်း ၁၅ ကျောင်းကို ယာယီပိတ်ထား ရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝဠာနိုင်(ညောင်တုန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment