Latest News

Tuesday, August 7, 2018

မုံရွာစီးပွားရေးတက္ကသိုလ် တွင် လုပ်ငန်းသုးံစီးပွားရေးပညာဘွဲ့လွန်ဒီပလိုမာ သင်တန်း ပထမဆုးံအကြိမ်ဖွင့်မည်

မုံရွာစီးပွားရေးတက္ကသိုလ် တွင် လုပ်ငန်းသုးံစီးပွားရေးပညာဘွဲ့လွန်ဒီပလိုမာ သင်တန်း ပထမဆုးံအကြိမ်ဖွင့်မည်

မုံရွာ စီးပွားရေးတက္ကသိုလ် တွင် အဆင့်မြင့်စီးပွာေးရးလုပ်ငန်းသုးံ စီးပွားရေးပညာဘွဲ့လွန်ဒီပလိုမာ သင်တန်း (Diploma in Bussiness Studies- DBS )ကို ၀ါဏိဇ္ဇဗေဒနှင့်စာရင်းကိုင်ပညာသင်တန်းဌာနမှ တာဝန်ယူကာ ပထမဆုးံအကြိမ်အဖြစ် သြဂုတ်လအတွင်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း ၄င်းတက္ကသိုလ်မှ သတင်းရရှိသည်။

အဆိုပါ သင်တန်းကို တက္ကသိုလ်တစ်ခုခုမှ မည်သည့်ဘွဲ့မဆိုရရှိထားသူ၊ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်လိုသူများ၊လက်ရှိစီးပွားရေးလုပ်နေသူများ၊လေ့လာသင်ယူလိုသူများ နှင့် လုပ်ငန်းသုးံအဆင့်မြင့်စီးပွားရေးပညာသင်တန်း (CABS)လက်မှတ်ရထားသူများတက်ရောက်နိုင်မည်ဖြစ်ကြောင်းသိရသည်။

“ စီးပွာရေးလုပ်ငန်းတွေမှာ အောင်မြင်ဖွံ့ဖြိုးလာစေဖို့ ရည်ရွယ်ပြီးဖွင့်တာပါ၊ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့စီးပွားရေးလုပ်ငန်းရှင်တွေ တက်စေချင်ပါတယ် “ဟု ၀ါဏိဇ္ဇဗေဒဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ အောင်ကျော်ကပြောသည်။

ယခင်က အဆိုပါသင်တန်းကို CABS သင်တန်းဆင်းလက်မှတ်သာ ချီးမြှင့်ပြီး ယခုအခါ ဒီပလိုမာဘွဲ့သင်တန်းအဖြစ် စီးပွားရေးတက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန အစီအစဉ်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။ သင်တန်းအား လူဦးရေ ၅၀ ခန့်သတ်မှတ်ထားပြီး CABSသင်တန်းဆင်းလက်မှတ်ရထားသူများသည် တိုက်ရိုတ်တက်ရောက်ခွင့်ရမည်ဖြစ်သည်။

“သတ်မှတ်လူဦးရေမပြည့်ရင်တော့ ရတယ်၊ကျော်သွားရင် အင်တာဗျူးဖြေရမယ်ပေါ့၊ရန်ကုန်၊မန္တလေးတွေမှာဆိုတက်တဲ့သူများတယ်၊မုံရွာအတွက် တကယ့်ကို တက်သင့်တဲ့သင်တန်းပါ “ဟု ၄င်းသင်တန်းကို ဦးဆောင်သင်ကြားခဲ့ဖူးသူ ပါမောက္ခ ဒေါက်တာ သင်းသင်းအေးကပြောသည်။

DBS ဘွဲ့အတွက် သင်တန်းကာလမှာ ၉ လဖြစ်ပြီး ၃လ တစ်ဖြတ်စီ ကျောင်းတက်ရမည်ဖြစ်သည်။သင်တန်းအချိန်မှာတနလာင်္မှ သောကြာအထိ နံနက် ၇နာရီမှ ၉နာရီအထိ ဖြစ်ပြီး ဌာနမှ ပညာရှင်များ၊ကျွမ်းကျင်ဆရာ၊ဆရာမများပို့ချပြီး၊ပြည်တွင်းပြည်ပမှ စီးပွားရေးဆိုင်ရာ ပညာရှင်များ ဖိတ်ခေါ်၍ ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်သည်။သင်တန်းကြေးမှာ တစ်လလျင် ၂သောင်းကျပ်ဖြင့် ၉လစာ တစ်သိန်းရှစ်သောင်း ကို တစ်ကြိမ်တည်းပေးသွင်းရမည်ဖြစ်ပြီး လျောက်လွှာများကို စီးပွားရေးတက္ကသိုလ် ၀ါဏိဇ္ဇဗေဒ ဌာနတွင်စတင် ရောင်းချနေပြီဖြစ်သည်။

ကိုသစ္စာ-မုံရွာ

No comments:

Post a Comment