Latest News

Tuesday, August 7, 2018

ချင်းတွင်းမြစ်ရေကြီး၍ အထက်ပိုင်းသွားရေယာဉ်အားလုးံ ပြေးဆွဲမှု ရက်အကန့်အသတ်မရှိ ရပ်နား

ချင်းတွင်းမြစ်ရေကြီး၍ အထက်ပိုင်းသွားရေယာဉ်အားလုးံ ပြေးဆွဲမှု ရက်အကန့်အသတ်မရှိ ရပ်နား

      ချင်းတွင်းမြစ်အထက်ပိုင်းဆိပ်ကမ်းမြို့ကြီးများတွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ရောက်လာ၍  မုံရွာအခြေစိုက်ချင်းတွင်းမြစ်သွား ရေယာဉ်များ အားလုးံ သြဂုတ်လ ၆ ရက်နေ့ လယ် ၁နာရီမှစ၍ ပြေးဆွဲမှု ယာယီရပ်နားလိုက်ကြောင်း ပုဂ္ဂလိရေယာဉ်များစနစ်တကျ ပြေးဆွဲရေးကော်မတီ (ရစက)ထံမှ သတင်းရရှိသည်။
     
       ချင်းတွင်းမြစ်အတွင်း အစုန်၊အဆန်ပြေးဆွဲနေသော အမြန်ရေယာဉ်များသည် မြစ်ရေကြီးချိန် နှစ်စဉ် သုးံကြိမ်ခန့်ရပ်နားရလေ့ ရှိသော်လည်း ယခုနှစ် တွင်မူ ယခုအကြိမ်သည် ပထမဆုးံ ရပ်နားရမှုဖြစ်ကြောင်း သိရသည်။

      "မုံရွာမှာ စိုးရိမ်ရေမှတ်  ရောက်ခါနီး ၉၈၀ စင်တီမီတာဆို ရေယာဉ်တွေရပ်နားလေ့ရှိပါတယ်၊အဖွဲ့အစည်းအားလုးံ အစည်းအဝေးထိုင် ဆုးံဖြတ်ချက်အရ ရပ်နားတာပါ၊ဘယ်ရက်ထိ နားမလဲဆိုတာတော့ ရေအခြေအနေအပေါ်မူတည်တာပါ"ဟု ရစက ဥက္ကဌ ဦးအကာမြင့် ကပြောသည်။
   
     ရေယာဉ်ရပ်နားမှုမှာ ခရီးသည်တင်၊ကုန်တင်ရေယာဉ်များအပြင်၊ မောက္ကာတော်၊ကင်း ရွာတို့သို့ပြေးဆွဲနေသော ခေါက်တို ရေယာဉ်များလည်း ရပ်နားကြမည်ဖြစ်သည်။
   
      မုံရွာဆိပ်ကမ်းအခြေစိုက်ပြီးမြစ်အထက်ပိုင်း ကနီ၊ကလေးဝ၊မင်းကင်း၊ ဖောင်းပြင်၊မော်လိုက်၊ဟုမ္မလင်း ၊ခန္တီး မြို့တို့သို့ပြေးဆွဲနေသော ကုန်တင်နှင့်ခရီးသည်တင် အမြန်ရေယာဉ် အစီး ၆၀၀ ကျော် မှာပြေးဆွဲမှု ရပ်နားမည်ဖြစ်သည်။
   
     မြစ်ရေကြီး၍ အမြန်ရေယာဉ်များ အားလုးံ ရပ်နားသော်လည်း   ကုန်စည်စီးဆင်းမှုမပြတ်စေရန် ပြည်တွင်းရေကြောင်း ချင်းတွင်းဌာနခွဲနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်တို့အကျိုးတူ ပူပေါင်းပြေးဆွဲသော မုံရွာ-ဟုမ္မလင်း သဘောင်္ခရီးစဉ်များမှာမူ ပုံမှန် ရက်များအတိုင်းပြေးဆွဲသွားမည်ဖြစ်သည်။

ကိုသစ္စာ-မုံရွာ

No comments:

Post a Comment