Latest News

Monday, August 13, 2018

ကြက်ဥပေါင်းဆီပြန်

ကြက်ဥပေါင်းဆီပြန်

ကြက်ဥပေါင်းဆီပြန် ချက်မယ်ဆိုရင် ကြက်ဥငါးလုံး၊ ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးအပုမှုန့်၊ ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့လိုအပ်ပါတယ်။ စချက်မယ်ဆိုရင် ဦးစွာ ကြက်ဥပေါင်းလုပ်ဖို့ ကြက်ဥကိုဖောက်ပြီး အနှစ်အကာသမအောင် မွှေပါ။ ကြွေဇလုံဇောက်နက်နက် လေးထဲထည့်ပါ။

ကြက်ဥပေါင်းမယ့် ဇလုံကို အောက်ခြေနဲ့ ဘေးပတ်လည်ကို ဆီအနည်းငယ် သုတ်ပေးရပါမယ်။ ပြီးရင်အိုးထဲကို ရေအနည်းငယ်ထည့်ပြီး ကြက်ဥဇလုံကို ထည့်ပါ။ အဖုံးအုပ်ပြီး ၁၅ မိနစ်ခန့်ပေါင်းထားပါ။

၁၅ မိနစ်ပြည့်ရင် ကျက်၊ မကျက်သိနိုင်ဖို့ ကြက်ဥပေါင်းရဲ့အလယ်တည့်တည့်ကို ဓားနဲ့ထိုးကြည့်ပါ။ ကြက်ဥအနှစ် ထွက်မလာတော့ဘူး ဆိုရင် ကြက်ဥပေါင်းရပါပြီ။ အိုးထဲက ထုတ်ပြီးခဏ အအေးခံပါ။ ပြီးရင် အတုံးလေးတွေတုံးထားပါ။ အိုးထဲကိုဆီထည့်ပြီး ဆီပူလာရင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးရောထောင်းနဲ့ ခရမ်းချဉ်သီးတို့ကို ဆီသတ်ပါ။ အနံ့မွှေးလာပြီး ကြေသွားရင် ကြက်ဥပေါင်းထည့်ပါ။

ငါးငံပြာရည် အနည်းငယ်ထည့်မွှေပါ။ ငရုတ်ကောင်းမှုန့်ဖြူးပြီး ငရုတ်သီးစိမ်းထည့်ပါ။ ကြက်ဥပေါင်း သမပြီးဆီပြန်လာရင် ကြက်သွန်မြိတ်အုပ်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

MWD

No comments:

Post a Comment