Latest News

Monday, August 13, 2018

အန်ဂျလီနာဂျိုလီကို အမေရိကန်ဒေါ်လာ ကိုးသန်းကျော် ပေးခဲ့ကြောင်း ဘရက်ပစ် ဆို

အန်ဂျလီနာဂျိုလီကို  အမေရိကန်ဒေါ်လာ  ကိုးသန်းကျော် ပေးခဲ့ကြောင်း   ဘရက်ပစ်  ဆို

ဟောလိဝုဒ်ရဲ့   နာမည်ကျော်ကြယ်ပွင့်နှစ်ဦး  လမ်းခွဲခဲ့ကြတဲ့ ဇာတ်လမ်းမှာ လတ်တလောမှာတော့ သူတို့နှစ်ဦးအကြားက တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန် လာခဲ့ပြီဖြစ်ပါတယ်။  အန်ဂျလီနာဂျိုက ပြီးခဲ့တဲ့ အင်္ဂါနေ့က တရားခွင်မှာတော့ သူနဲ့ တရားဝင်ကွာရှင်းပြတ်စဲဖို့ရာ ဆောင်ရွက်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်မှ စတင်ကာ လက်ရှိအချိန်အထိ   ကလေးတွေအတွက်  ထောက်ပံ့ကြေးကို ပေးဆောင်ဖို့ရာ ဘရက်ပစ်ဘက်က ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။ ဒီလို စွပ်စွဲခံရမှုအပေါ်   ဘရက်ပစ်က သူ့အနေနဲ့  လမ်းခွဲပြီးနောက်ပိုင်း အန်ဂျလီနာဂျိုလီကို အမေရိကန်ဒေါ်လာ ကိုးသန်းကျော် ပေးခဲ့ပြီးဖြစ်တယ်လို့ ပြန်လည်ပြောကြားလိုက်ကြောင်း စကိုင်းနယူးစ်ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

လော့စ်အန်ဂျလိစ်မှာ ပြုလုပ်ခဲ့တဲ့ တရားခွင်မှာတော့ အန်ဂျလီနာဂျိုလီ ဘက်က ပြီးခဲ့တဲ့ တစ်နှစ်ခွဲခန့်ကာလအတွင်း ဘရက်ပစ်ဟာ သူတို့နှစ်ဦးရဲ့ ကလေးခြောက်ယောက်အတွက် ပုံမှန်ထောက်ပံ့မှုတွေ မပြုခဲ့ဘူးလို့ စွပ်စွဲ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီလိုစွပ်စွဲခံခဲ့ရပြီးနောက် ဘရက်ပစ်က သူ့အနေနဲ့ အန်ဂျလီနာဂျိုလီကို   အမေရိကန်ဒေါ်လာ   ၁ ဒသမ ၃  သန်းပေးခဲ့ပြီး နောက်ထပ် အမေရိကန်ဒေါ်လာ   ရှစ်သန်းကိုလည်း ချေးပေးခဲ့ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။

အန်ဂျလီနာဂျိုလီက ကလေးတွေကို တစ်ဦးတည်း  စောင့်ရှောက်ခွင့် ရလိုတာဖြစ်ပြီး ဘရက်ပစ်ကတော့ အန်ဂျလီနာဂျိုလီနဲ့ ပူးတွဲစောင့်ရှောက်လိုတာဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်

No comments:

Post a Comment