Latest News

Friday, August 17, 2018

ကယန်းလူမျိုးတွေအကြောင်းကို အခြေခံပြီး ရိုက်ကူးနေသည့် ''ချည်'' ဇာတ်ကားထဲက နေတိုး

ကယန်းလူမျိုးတွေအကြောင်းကို အခြေခံပြီး ရိုက်ကူးနေသည့် ''ချည်'' ဇာတ်ကားထဲက နေတိုး

''ချည်'' ဟု အမည်ရသည့်   ရုပ်ရှင်ဇာတ်ကားကို  အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ရိုက်ကူးပြီး ဒါရိုက်တာ   ညွန့်မြန်မာညီညီအောင်က ဖန်တီးရိုက်ကူးကာ သရုပ်ဆောင် နေတိုး၊ သက်မွန်မြင့်၊ ရွှေသမီးနှင့် အနုပညာရှင်များစွာပါဝင် သရုပ်ဆောင်ထားကြောင်းသိရသည် ။ အဆိုပါ ဇာတ်ကားသည် မြန်မာပြည်ရှိ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်း စဉ်လာများကို ပုံဖော်ရိုက်ကူးထားသော ဇာတ်ကားတစ်ကားဟု သိရသည်။   
       
ဇာတ်ကားအကြောင်း
''ကယားပြည်နယ်ဘက်မှာ ရိုက်ထားတာလေးတွေကတော့ ပြီးသွားပါပြီ။ ရန်ကုန်ဘက်မှာပဲ အချို့ဇာတ်ဝင်ခန်းလေးတွေ ရိုက်ဖို့ ကျန်ပါတော့တယ်။ ဒီကားလေးမှာ ကျွန်တော်နဲ့ သက်မွန်မြင့်နဲ့အတူ ရိုမန့်၊ ဒရာမာဆန်ဆန် ရိုက်ထားကြတာပါ။ ရှေ့မှာ ကျွန်တော်တို့ မောင်နှမနှစ်ယောက်ကို အချစ်ကားတွေမှာပဲ တွေ့ရတာများပါတယ်။ အခုဒီကားကတော့ အသွင်မတူတာလေးတွေ တွေ့ရမှာပါ။ ဇာတ်ကားရဲ့ အဓိကအကြောင်းအရာကတော့ ရိုးရာကို အခြေခံထားတဲ့ ကားတစ်ကားဖြစ်တယ်။ ကယားပြည်နယ်မှာရှိတဲ့ ကယန်း လူမျိုးတွေရဲ့  ရိုးရာကို အခြေခံထားတဲ့ အိမ်ထောင်ရေးကားတစ်ကားဆိုလည်း မမှားပါဘူး။

အခက်အခဲ
''အလုပ်ပိုင်းနဲ့ ပတ်သက်ရင်တော့ သက်မွန်နဲ့ ကျွန်တော်တို့က အနုပညာအလုပ်တွေ စပြီးလုပ်ကတည်းက အလုပ်ကို အလေးထား ကြတယ်။ ကိုယ့်ကို ပေးလာတဲ့တာဝန်ကို အားလုံးက ကျေပွန်စွာလုပ်ဆောင်ကြပါတယ်။ သရုပ်ဆောင်တဲ့အခါလည်း အပေးအယူ မျှအောင် တိုင်ပင်ပြီး လုပ်ကြတယ်။ သူနဲ့ကလည်း ပြောစရာမလိုအောင် အစကတည်းက ဇာတ်ကားတွေမှာ အပေးအယူမျှကြတာမို့  အခက်အခဲမရှိသလောက်ပါပဲ။ တစ်ခုကတော့ သက်မွန်မြင့်က ငိုတဲ့အခန်းတွေဆို အလွန်တော်တယ်။ သူငိုတာနဲ့တင် ကျွန်တော် သရုပ်ဆောင်ဖို့ မေ့မေ့သွားတယ်။ ဇာတ်ကားကလည်း အိုက်တင်လုပ်လို့ကောင်းတဲ့ ဇာတ်ဖြစ်နေတာရယ်။ ပြီးတော့  ဒါရိုက်တာ ကလည်း တစ်ခုကောင်းတယ်။ သူမကြိုက်မချင်း ရိုက်ခိုင်းတာ။ သူလိုချင်တဲ့ပုံစံ မရမချင်းပေါ့။ အများကြီး ကြိုးစားထားကြလို့ ပရိသတ်တွေ အားပေးရကျိုးနပ်မဲ့ကားပါ'' ဟု နေတိုးက ပြောသည်။       
                                                             
ကိုလင်း

No comments:

Post a Comment