Latest News

Friday, August 17, 2018

၅၇ နှစ်ကြာ ပျောက်ဆုံးနေသော အိန္ဒိယ နိုင်ငံမှ ၁၂ ရာစု ဗုဒ္ဓ ကြေးဆင်းတုတော်ကို လန်ဒန်မြို့၌ တွေ့ရှိ

၅၇ နှစ်ကြာ ပျောက်ဆုံးနေသော အိန္ဒိယ နိုင်ငံမှ ၁၂ ရာစု ဗုဒ္ဓ ကြေးဆင်းတုတော်ကို လန်ဒန်မြို့၌ တွေ့ရှိ

လန်ဒန် သြဂုတ် ၁၆

အိန္ဒိယနိုင်ငံရှိ ပြတိုက် တစ်ခုမှ လွန်ခဲ့သော ၅၇ နှစ်တွင် ခိုးယူခံရသော ၁၂ ရာစု ဗုဒ္ဓကြေးဆင်းတုတော်ကို လန်ဒန်မြို့၌ ပြန်လည် တွေ့ရှိခဲ့ရာမှ ယခုအခါ အိန္ဒိယ နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးထားကြောင်း လန်ဒန် ရဲတပ်ဖွဲ့က သြဂုတ် ၁၅ ရက်တွင် ပြောသည်။

အဆိုပါ ဗုဒ္ဓကြေး ဆင်းတုတော်သည် ၁၉၆၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း နာလန်ဒါ မြို့ရှိ အိန္ဒိယဗိသုကာ လေ့လာရေးပြတိုက် အတွင်းမှ ခိုးယူ ခံရသောပစ္စည်း ၁၄ မျိုးအနက် တစ်ခုဖြစ်သည်။ ထိုဗုဒ္ဓဆင်းတုတော်ကို ယခုနှစ်မတ်လတွင် ဗြိတိန်နိုင်ငံရှိ ကုန်စည်ပြပွဲ တစ်ခု၌ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး လန်ဒန်မြို့တော် ရဲတပ်ဖွဲ့မှ ရှေးဟောင်း အနုပညာ အဖွဲ့က စုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဆင်းတုတော်ကို ပိုင်ဆိုင်ထားသူနှင့် ကုန်ပစ္စည်း ရောင်းဝယ်သူ တို့အနေဖြင့် အဆိုပါ လုပ်ရပ်အတွက် တရားစွဲဆို ခံရနိုင်သည်ဟု တာဝန်ရှိသူ များက သတိပေး ပြောဆိုကြောင်းနှင့် နောက်ပိုင်းတွင် ၄င်းတို့သည် အဆိုပါ ဆင်းတုတော်ကို အိန္ဒိယနိုင်ငံသို့ ပြန်လည် ပို့ဆောင်ရန် သဘောတူခဲ့ကြောင်း သိရသည်။

၁၂ ရာစုတွင် သွန်းလုပ် ထားသည့် အဆိုပါ ဗုဒ္ဓဆင်းတုတော်ကို သြဂုတ် ၁၅ ရက်တွင် လန်ဒန်မြို့တော်ရှိ အိန္ဒိယ အဆင့်မြင့် ကော်မရှင်ထံသို့ အခမ်းအနားဖြင့် လွှဲပြောင်း ပေးအပ်ခဲ့သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ပျောက်ဆုံးနေသည့် အဆိုပါ ဗုဒ္ဓဆင်းတုတော်ကို သတင်းပေးသူများက သတင်းပေးသည့်အတွက် ယခုကဲ့သို့ ပြန်လည် တွေ့ရှိခြင်း ဖြစ်ပြီး ၄င်းတို့ကို ကျေးဇူးတင်ကြောင်း လန်ဒန်ရဲတပ်ဖွဲ့ ရှေးဟောင်း အနုပညာ အဖွဲ့မှ ဆိုဖီယာဟေးကပြောသည်။

MWD

No comments:

Post a Comment