Latest News

Friday, August 17, 2018

ဒေါ်လာဈေးတက်ရင်


အရင်က ဒေါ်လာဈေးတက်ရင် အစိုးရက ကြားဖြတ်ဟန့်တား intervention လုပ်ပါတယ်။ ရှိတဲ့ဒေါ်လာထုတ်ရောင်းပေးတာ သွင်းကုန်ကန့်သတ်တာတို့ လုပ်ပါတယ်။ အခိုက်အတန့်တော့အဆင်ပြေပါတယ်။ အ

ခုတော့ ၁။ ဗဟိုဘဏ်က သီးခြားရပ်တည်တဲ့ အဖွဲ့အစည်းဖြစ်နေတာ ၂။ လိုငွေပမာဏက ထိန်းဖို့ ခက်လောက်တဲ့အထိ များလာတာ ၃။ ဗဟိုဘဏ်က ပိုက်ဆံမရှိတာ ၄။ ဒေါ်လာငွေကိုယ်တိုင်အားကောင်းလာတာ

တို့ကြောင့် အခုအထိ လှုပ်ရှားမဲ့ ပုံ မပေါ်သေးပါဘူး။

ဒါလည်း မှားတယ်လို့ ပြောလို့တော့ မရပါဘူး။ တကယ်လို့ market mechinism သေချာ အလုပ်လုပ်ရင် သူဖာသာသူ supply နဲ့ demand ထိန်းညှိပြီး ဖြစ်သင့်တဲ့ ဈေးနှုန်းရောက်သွားမှာပါ။ အဲဒါမ်ိဳးကေ

တာ့ ပိုတည်ငြိမ်ပါလိမ့်မယ်။ ဒီနည်းက လုပ်ချင်ချင် မလုပ်ချင်ချင် နောက်ဆုံးလုပ်ရမဲ့နည်းလမ်းပါ။ ဒါကြောင့် ဗဟိုဘဏ်က ဒေါ်လာဈေးကို မထိန်းတော့ဘဲ လုံးဝလွတ်ပေးလိုက်ရင် ဘာတွေဖြစ်မလဲ ဘာတွေပြင်ဆင်ထားသင့်သလဲဆိုတာ ပြောပြပါ့မယ်။

ပထမဆုံးဖြစ်မှာက ဈေးကစားမဲ့သူတွေ ဝိုင်းဝယ်ကြမှာမို့ မယုံနိုင်လောက်အောင် ဈေးအမြန်တက်သွားပါလိမ့်မယ်။ အဲဒါ တော့ နိုင်ငံစီးပွားရေးထိခိုက်နိုင်တာကြောင့် အစိုးရက တခုခု လုပ်သင့်ပါတယ်။

တကယ်လို့ ငွေ ဈေး အတက်အကျ မထိန်းတော့ရင် မြန်မာကျပ်ငွေတန်ဘိုးကျတဲ့အတိုင်း လက်ခံလိုက်ရင် သွင်းကုန်တန်ဘိုး တက်လာမယ်။ သွင်းကုန်ဈေးကြီးလာမယ်။ ဒါဆို လူတွေ နိုင်ငံခြားသွင်းတဲ့ ကုန်ပစ္စည်းေ

တွလျော့သုံးလာမယ်။ ဥပမာ ဟမ်းဖုန်း အဟောင်းလေးကို ခဏမှိန်း သုံးလိုက်မယ်။ ပြည်တွင်း ထုတ်ကုန်ရှိရင် ပိုသုံးလာမယ်။ ဥပမာ ထိုင်းက သွင်းတဲ့ ငံပြာရည်အစား ပြည်တွင်းထုတ် ငံပြာရည်ပိုသုံးလာမယ်။ ဒီေ

တာ့ ပြည်တွင်းက စက်ရုံ ပို အလုပ်ဖြစ်လာမှာဖြစ်သလို ထိုင်း ငံပြာရည် ထုတ်သူက မြန်မာနိုင်ငံမှာ လာပြီး စက်ရုံတည်ဖို့ စဉ်းစားလာနိုင်ပါတယ်။ ဒါဆို မြန်မာတွေ အလုပ်ပါ ရလာနိုင်ပါတယ်။ နောက်တခုက နိုင်ငံခြား

ထွက်လည်တာ ပိုဈေးကြီးလာမယ်။ ဒါဆို နိုင်ငံသားတွေ ပြည်တွင်းမှာ ပြောင်းလည်လာနိုင်တယ်။ ဒါဆို ပြည်တွင်းခရီးသွားလုပ်ငန်းတွေ တက်လာမယ်။ နိုင်ငံခြားက မြန်မာနိုင်ငံကို လာလည်ရတာ ပိုသက်သာလာမ

ယ်။ ဒါဆို နိုင်ငံခြားသား ဧည့်သည်တွေပိုများလာနိုင်တယ်။ ( အာရှက ဧည့်သည်ဘဲ မြန်မာပြည် လာကြမှာပါ။ ထိုင်းတို့ တရုတ်တို့ပေါ့ ) နိုင်ငံခြားက စက်ရုံတွေလာရင်းနှီးမြုပ်နှံတာလဲ ပိုများလာနိုင်ပါတယ်။ နောက် န

မူနာ အနေနဲ့ မြန်မာတွေ အကုန်အကျ အတော်ခံကြတဲ့ မင်္ဂလာဆောင်ဟာ ဒေါ်လာ တန်ဘိုး မြင့်လာတဲ့အတွက် အကျိုးသက်ရောက်မူကို လေ့လာကြည့်ပါ။ ပြည်တွင်းက ဟိုတယ်ကြီးတွေမှာ ဒေါ်လာနဲ့ တောင်းပါ

တယ်။ ဒီတော့ ကုသိုလ်လည်းရ ဝမ်းလဲ ဝအောင် မင်္ဂလာပွဲကို မြန်မာကျပ်ငွေနဲ့ လက်ခံတဲ့ ဘုန်းကြီးကျောင်းမှာဘဲ လုပ်လိုက်ရင် အလျူတပိုင်းလဲဖြစ် အလှအပ ပြင်ဆင်စားရိတ်အတွက် မင်္ဂလာမောင်နှံလည်းသ

က်သာ ဧည့်သည်လည်းသက်သာ ဘုန်းကြီးကျောင်းတွေလည်း အလျူငွေ အများကြီးရပြီး ဟိုတယ်တွေလို ခန်းနားအောင် ပြင်ဆင်သွားနိုင်ပြီး နိုင်ငံခြားသားတွေ လာရောက်လေ့လာ လည်ပတ်မဲ့နေရာများ ဖြစ်သွားနို

င်ပါတယ်။

ပို့ကုန်တွေလည်း ဒေါ်လာငွေနဲ့တွက်ပြီး ပိုသက်သာ လာမှာမို့ ပိုပြီးပြိုင်ဆိုင်လာမယ်။ ဒါဆို နိုင်ငံခြားပို့ကုန်လုပ်ငန်းတွေ အားကောင်းမောင်းသန်နဲ့လုပ်လာနိုင်မယ်။ ( အခု ဒီတလော အနိမ့်ဆုံး လုပ်ခကို ၃၆၀၀ ကျ

ပ်ကနေ ၄၈၀၀ ကျပ် ပြောင်းသတ်မှတ်လိုက်တာ နိုင်ငံခြား စက်ရုံ အများအပြားကို ကုန်ကျစားရိတ် အလွန်အမင်းတက်စေပါတယ်။ အခု မြန်မာငွေတန်ဖိုးကျတာက အဲဒီစက်ရုံတွေကို ထိခိုက်မူ လျော့ပါးစေတဲ့အတွ

က် တမျိုးကောင်းပါတယ်။ ) အဲဒီဟာတွေဖြစ်လာရင် ဒေါ်လာဈေးက ဖြစ်သင့်တဲ့အနေအထားရောက်သွားမှာပါ။ အဲဒီလို market mechinism သေချာ အလုပ်လုပ်နိုင်ဖို့ နှစ်နှစ် သုံးနှစ် ကြာချင်ကြာပါလိမ့်မယ်။

( မြန်မာနိုင်ငံမှာတော့ ပိုကြာနိုင်ပါတယ်။ ) အစိုးရနဲ့ လုပ်ငန်းရှင်တွေ ပြောခဲ့တဲ့ လုပ်ငန်းတွေကို ဘယ်လောက်ကောင်းကောင်း လုပ်နိုင်သလဲမူတည်ပါတယ်။

အသုံးလျော့ဖို့ လိုပါတယ်။

၁။ တနိုင်ငံလုံးကိစ္စ တနိုင်ငံလုံး ဝိုင်းလုပ်ဖို့ လိုပါတယ်။ မနက်မိုးလင်း အိမ်ယာထကတည်းက တရုတ်ပစ္စည်း ထိုင်းပစ္စည်း နိုင်ငံတကာက ပစ္စည်း တွေချည်း စားနေ သုံးနေပြီး နိုင်ငံခြားကို ပို့နိုင်တဲ့ ပစ္စည်းတွေ ကြံစ

ည်ထုတ်လုပ်တာ မရှိဘဲ ဒေါ်လာဈေးတက်တာ ထိုင်အော်နေလို့ ဘာမှ ထူးလာ မဟုတ်ပါဘူး။

၁- ၁

မြန်မာနိုင်ငံက ထုတ်ကုန်ထဲက ကောင်းတာတွေရှိပါတယ်။ ဒါကို လူတွေသိလာအောင် ယုံကြည်လာအောင် ပြောပြဖို့လိုပါတယ်။ ကောင်းတာတွေက fruit and vegetable ပါ။ organic သြဂန်းနစ်

အသီးအနှံ ပါ။ ဒါအပြင် genetically modified food GM food မဟုတ်ကြပါဘူး။ အဲဒါတွေက နိုင်ငံတကာမှာ အရမ်းခေတ်စားလာပါပြီ။ ထိုင်းမှာလည်း လူတွေ စားသုံးလာပါပြီ။ အရသာက သဘာဝရှိသ

င့်သလောက်ဘဲ ရှိပါတယ်။ အရမ်းချိုနေအောင် မွေးနေအောင် လုပ်ထားတဲ့ GM အသီးအနှံတွေ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးမို့ နိုင်ငံခြားမှာ ဈေးအရမ်းကြီးပါတယ်။ Australia မှာ မကြာမကြာ

သွားနေဖြစ်တော့ မြန်မာပြည်မှာရှိတုန်း ဟိုမှာ ဈေးကြီးပြီး မြန်မာပြည်မှာ ဈေးသက်သာတဲ့ အသီးအနှံတွေ တဝရွှေးစားပါတယ်။ ရုံးပတေသီး တတောင့်ကို ဟိုမှာ မြန်မာငွေ ၂၀၀ လောက်ကျပါတယ်။ ကွမ်းရွက်တရွ

က်ကို မြန်မာငွေတထောင်ပါ။ ဆနွမ်းမုန့်ဆို မြန်မာငွေ ၂၀၀ ဖိုးလောက်ကို ဟိုမှာ တသောင်းလောက်ပေးရပါတယ်။ သင်္ဘောသီးက မြန်မာပြည်က ဈေးထက် ဆယ်ဆလောက်ပေးရပါတယ်။ ဒီတော့ အသီးအနှံများများ

စားပါ။ ဝိတ်ကျပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ဖြစ်နိုင်ရင် သက်သတ်လွတ်စားပါ။ ကုသိုလ်ပါရပါလိမ့်မယ်။ ဒါကို အစိုးရက ပြည်သူတွေ စိတ်ဝင်စားလာအောင် ပြောပြတဲ့ မီဒီယာ အစဉ်အဆင်တွေ လုပ်ပေး

သင့်ပါတယ်။

၁-၂

၂၀၁၇ခုနှစ်မှာ မြန်မာနိုင်ငံမှာ ဘတ်ဂျက်လိုငွေ ဒေါ်လာ သန်း ထောင် ဂဏန်း လောက် ရှိပါတယ်။ ရုတ်တရက် ကြည့်ရင် အများကြီးဖြစ်နေသလိုပါဘဲ။ ဒီလိုငွေကို အလွယ်ဖြေရှင်းနိုင်တဲ့နည်းရှိပါတယ်။ မြန်မာနိုင်ငံမှာ

၂၀၁၇ ခုနှစ်က လာလည်တဲ့သူကတော့ နှစ်သန်းခွဲဘဲရှိပါတယ်။ လူသုံးသန်းလောက် နိုင်ငံခြားထွက်ကြပါတယ်။ ထွက်လည်တဲ့ လူသုံးသန်းက တနှစ်ထဲမှာ တကြိမ်ထက် ပိုသွားတဲ့သူဖြစ်တဲ့အပြင် အများစုက အား

လျားပြီး သွားကြတာပါ။ ဒါကြောင့် သုံးသန်းထဲက လူတဝက် တသန်းခွဲက နိုင်ငံခြားထွက်တာ တဝက်လောက်လျော့ချနိုင်ရင် နိုင်ငံအတွက် သန်းတထောင့်ငါးရာလောက် အကုန်သက်သာသွားမှာပါ။ အဲဒါ့ တ်ဂျ

က်လိုငွေအားလုံးကို ခုမိသွားပြီလေ။ ( ခရီးတခါသွားရင် ဒေါ်လာ တထောင်လောက် သုံးကြပါလိမ့်မယ်။ ) အဲဒီလူတွေကို ပြည်ပသွားမဲ့အစား ပြည်တွင်းမှာ လည်ပတ် သုံးစွဲဖို့ စီစဉ်ပေးနိုင်ရင် နိုင်ငံရဲ့ GDP ထဲ ဒေါ်လာ

ဘီလျံ ၃၀ လောက် တိုးလာစေမှာပါ။ ( အမေရိကန်မှာ ထပ်ဆင့်သုံးစွဲခြင်းဖြင့် GDP ကို အဆ ၃၀ ကျော် တိုးစေပါတယ်။ အဲဒီလို မြန်မာနိုင်ငံမှာလဲဖြစ်နိုင်ပါတယ်။ ) အဲဒါ တဦးချင်း GDP per capital ကို လ

က်ရှိထက် ဒေါ်လာ ၅၀၀ ကျော် ခြောက်ရာလောက် တက်လာစေနိုင်ပါတယ်။ အဲဒီလိုဖြစ်ဖို့ အစိုးရက ခရီးသွားလုပ်ငန်းတို့ ဟိုတယ်တို့ သယ်ယူပို့ဆောင်ရေးတို့ကို အဆင်ပြေလုပ်ကို နိုင်အောင် လုပ်ပေးဖို့တော့ လိုပါ

တယ်။

၁-၃

ဒေါ်လာ အသုံးလျော့ဖို့ စဉ်းစာမယ်ဆိုရင် အခုမြန်မာနိုင်ငံက international school တွေအကြောင်းပါအောင် ပြောမှပါ။ အခု ပညာရေးကို ပုဂ္ဂလိကတွေကို လုပ်ခွင့်ပြုလိုက်ကတည်းက international

school တွေကို အပြိုင်အဆိုင်ဖွင့်လာကြပါတယ်။ တချို့ နိုင်ငံခြားသား တချို့သင်တဲ့ ကျောင်းလို့ ပြောလို့ ရရုံပါ။ ကျောင်းသားတယောက်ကို ကျောင်းလခ တနှစ်ကို ဒေါ်လာ ၄, ၅၀၀၀ ခပ်လွယ်လွယ် ပေးရပါတယ်။

အခု ကျောင်းသားပေါင်း သိန်းဂဏန်းလောက် တက်နေကြပါတယ်။ ( အတိအကျတော့ မသိပါဘူး။ ) အဲဒါ ကုန်ကျငွေ ဒေါ်လာ သန်း ၅၀၀ က သန်း တထောင်ကြားတော့ရှိနိုင်ပါတယ်။ ဒါအပြင် နိုင်ငံခြားမှာ တက္ကသို

လိတက်ဖို့ လွတ်ရင်တယောက်ကို တနှစ်ကို ဒေါ်လာ လေးငါးသောင်း လောက် ခပ်လွယ်လွယ် ကုန်နိုင်ပါတယ်။ ( အနောက်နိုင်ငံတွေ သွားရင် ) မိဘတိုင်းက သားသမီးကို အကောင်းဆုံးဖြစ်စေချင်ပါတယ်။ အဲဒါ နို

င်ငံအတွက် နိုင်ငံခြားငွေပိုကုန်စေပါတယ်။ မိဘတွေကို နိုင်ငံခြားငွေ ပိုကုန်လို့ international school မထားရဘူး။ နိုင်ငံခြား တက္ကသိုလ် မထားသင့်ဘူး ပြောလို့တော့မရပါဘူး။ ဒါပေမဲ့ မိဘတွေ ကြိုသိထားသင့်

တာ အနော်နိုင်ငံတွေမှာ ကျောင်းတက်ပြီး တက်ခဲ့တဲ့ သားသမီးတွေ ကြီးပွားချမ်းသာသွားမှာ မဟုတ်ဘူးဆိုတာ သတိထားမိစေချင်ပါတယ်။ အနောက်နိုင်ငံတွေက တက္ကသိုလိတွေက ဆင်းလာပြီး အလုပ်လုပ်လို့ ရမဲ့

ပိုက်ဆံဘယ်လောက်လဲဆိုတာ အရင် စုံစမ်းသင့်ပါတယ်။ သားသမီးတွေကို နိုင်ငံခြားပို့ ကျောင်းထားတဲ့ ငွေတွေကို သားသမီးအများစုက ဆယ်နှစ် အလုပ်လုပ်ပြီး ပြန်မစုနိုင်ဘူးဆိုတာ အရင်သိသင့်ပါတယ်။ အရမ်း

ပိုလျံပြီးချမ်းသာတဲ့သူမဟုတ်ရင်တော့ international school ထားတာမျိုး ပြန်စဉ်းစားသင့်ပါတယ်။ အိုစာ မင်းစာတောင် မချန်ဘဲ ပေးမိပြီး တနေ့ သားသမီးက မိဘကို ပြန်မကြည့်ရင် အကုန်ခံထားမိတဲ့ မိဘေ

နာက်တ ရဖို့ ဖြစ်လာနိုင်ပါတယ်။

၁-၎

လူနဲစုသုံးတာမှန်ပေမဲ့ ဒေါ်လာ အတော်ကုန်တာ နောက်တခုက နိုင်ငံခြားထွက် ဆေးကုကြတာပါ။ စာရင်း သေချာ မရှိပေမဲ့ အခု တနှစ်ကို လူ ငါးသောင်းကနေ တသိန်းဝင်ကျင်လောက် နိုင်ငံခြားထွက် ဆေးစစ်ကြေ

ဆးကုကြပါတယ်။ အများဆုံးသွားကြတာ ထိုင်းနိုင်ငံပါ။ တရုတ် အိန္ဒိယ မလေးရှား စင်္ကာပူ တို့လည်းသွားကြပါတယ်။ အမေရိကန် အင်္ဂလန်တို့ကိုတော့ ပိုချမ်းသာတဲ့သူတွေသွားကြပါတယ်။ ဆေးစစ်ရင် တခါကို ဒေါ်

လာ လေးငါးရာ လောက်တော့ အနဲဆုံးကုန်ကျပါတယ်။ တခုခုကုရင်တော့ ဒေါ်လာ သိန်းဂဏန်းအထိ ကုန်တတ်ပါတယ်။ တချို့လဲ တကယ်လို လို့ပါ။ ဆေးသွားစစ်တဲ့လူအများစုကတော့ လိုလို့မဟုတ်ပါဘူး။ ပါးစပ်

အရသာခံဖို့ပါ။ မြန်မာတွေအတွက် ကြွားစရိတ်က စားစရိတ်ထက်ပိုတတ်ပါတယ်။ ပြည်တွင်းမှာ ကြံဖန်ကြွားလို့ရတဲ့ ဆေးကုသဖို့ ဈေးကွက်တွေဖန်တီးထားရင် ပြည်ပထွက်ပြီး ကြွားစရိတ်လျော့သွားနိုင်ပြီး ဒေါ်လာ အ

သုံးလျော့လာနိုင်ပါတယ်။

ဘာလုပ်ရင်ကောင်းမလဲ,

၁။ မလိုအပ်တာတွေကို တတ်နိုင်တဲ့လူတွေ ဖြုန်းနေလို့ ဒေါ်လာ လိုအပ်ချက် မြင့်လာတာအတွက် အောက်ခြေပြည်သူနဲ့ အစိုးရက ရလာတဲ့ ဒေါ်လာငွေကို လျော့ရောင်းပေးဖို့ မလုပ်သင့်ပါဘူး။ အဲဒီဒဏ္ကို သံုးတဲ့သူေ

တွဘဲ ခံသင့်ပါတယ်။ ပြောခဲ့တဲ့ အပိုသုံးတာတွေက တနှစ်ကို ဒေါ်လာ ဘီလျံပေါင်းများစွာ ရှိနေနိုင်ပါတယ်။ သုံးဘီလျံကနေ လေးဘီလျံလောက်တော့ရှိနိုင်ပါတယ်။

အခု ဗဟိုဘဏ်က ကြားဝင် ဟန့်တာမူ မလုပ်ရင် ပြောခဲ့သလို ဖြုန်းနေတဲ့သူတွေ အဖြုန်းလျော့ရင် ဒေါ်လာဈေး တည်ငြိမ်လာမှာပါ။ ( သတိထားမိသလောက် ဖြုန်းနိုင်တဲ့လူတော်တော်များများ အဖြုန်းလျော့နေပါပြီ။ လုပ်ငန်းတွေကိုလဲ ကျစ်ကျစ်လစ်လစ် ဖြစ်အောင်လုပ်ပြီး အုပ်ချုပ်လို့ ကောင်းပြီး ထပ်ကျလာတဲ့ စီးပွားရေးအတွက် ပြင်ဆင်နေပါပြီ။ ဘဏ်ချေးငွေ ဆပ်နိုင်ပြီး ဆပ်ဖို့ လိုတဲ့သူတွေကလည်း ပြန်ဆပ်ပြီး စားရိတ်လျော့ နေပါပြီ။ )ဒါပေမဲ့ အဲဒီလို မတည်ငြိမ်သေးခင်

၂။ အောက်ခြေလူတန်းစားက ကုန်ဈေးနှုန်းတက်တဲ့ ဒဏ်ကို အချိန်အတာတခု ( နှစ်နှစ် သုံးနှစ် ) အထိ သည်းခံပေးဖို့ လိုပါတယ်။

၃။ ပြည်တွင်း စက်ရုံတွေ လုပ်ငန်းတွေ ကောင်းကောင်း လည်ပတ်နိုင်အောင် အလုပ်သမား ခေါင်းဆောင်တွေ အလုပ်သမားအဖွဲ့အစည်းတွေက အကြံအဖန်လုပ်ပြီး ဆန္ဒပြတာမျိုး လုပ်ငန်းပိတ်သိမ်းသွားစေလော

က်တဲ့ အပြုအမူတွေကို ရှောင်ကျဉ်ဖို့ လိုပါတယ်။

၎။ အစိုးရ လုပ်ပေးရမှာက စီးပွားရေး လုပ်ငန်းတွေကောင်းကောင်း လုပ်နိုင်အောင် ဥပဒေချိုးဖောက်တာတွေကို အရေးယူပေးပါ။ ပြဌုာန်းထားတဲ့ ဥပဒေအတိုင်း အကာအကွယ်ပေးပါ။ မိုက်ကြေးခွဲငွေညစ်တာမျိုး ကျူးေ

ကျာ်တာမျိုး အကြံအဖန်လုပ် ဂွင်ရိုက်တာမျိုး အရေးယူပေးဖို့ လိုပါတယ်။ ပိုက်ဆံယူပြီးဆန္ဒပြတာမျိုး ဆန္ဒပြပွဲမှာ ဦးဆောင်သူတို့ဟာ လျော်ကြေးတွေရရင် သာမန်အလုပ်သမတွေထက် ၃, ၄ဆလောက်ပိုရနေတာမျိုး

ရှိနေပါတယ်။ ဒါဟာ အောက်ခြေအလုပ်သမတို့ ဆန္ဒမပါဘဲ အတင်းဆွဲဆောင်ဖျားယောင်းဆန္ဒပြတာမျိုးဖြစ်နေလို့ အဲဒါမျိုးကို ဖော်ထုတ်အရေးယူပေးဖို့ လိုပါတယ်။

၅။ လုပ်ငန်းတွေ အကောင်းဆုံး ယှဉ်ပြိုင်နိုင်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် လုပ်ပေးဖို့ လိုပါတယ်။ ဒီအချက်က market mechinism အလုပ်လုပ်ဖို့ လိုနေတာပါ။ စက်ရုံ အလုပ်ရုံ ပေါ်လာစေတာ။ ယှဉ်ပြိုင်မူဖြစ်စေ

တာမျိုးပါ။

နိုင်ငံတခုရဲ့ ငွေတန်ဖိုးကျတာ ကောင်းတာ မကောင်းတာ ကိုင်တွယ်တဲ့ ပေါ်မူတည်ပါတယ်။ ဈေးကျနေတာ intervention မလုပ်ဘဲထားတဲ့ မူဝါဒက မမှားဘူးဆိုပေမဲ့ အစိုးရနဲ့ ပြည်သူတွေရဲ့ တုန့်ပြန်မူပေါ်မူတည်ြ

ပီး အဖြေအမျိုးမျိုး ဖြစ်သွားနိုင်ပါသေးတယ်။ ဖော်ပြခဲ့သလို ၁။ ဖြုန်းတီးသူ ၂။ အောက်ခြေပြည်သူ ၃။ အလုပ်သမား အဖွဲ့အစည်း ၄။ အစိုးရ ညီညီညာညာ ပူးပေါင်း အကောင်အထည်ဖော်ဖို့လိုပါတယ်။ ဒေါ်လာဈေးကျ

ဖို့ လူတိုင်းမှာ တာဝန်ရှိနေတာပါ။ သက်တမ်းနှစ်နှစ်ခွဲ အစိုးရရဲ့ လုပ်ဆောင်မူ ပြည်သူတွေရဲ့ စိတ်ဓာတ်ရင့်ကျက်မူ ဝိုင်းဝန်းလုပ်ဆောင်တတ်မူ စိတ်ဓာတ်ရင့်ကျက်မူတို့နဲ့ ချိန်ထိုးရင် အကောင်းဘက်ရောက်ဖို့ နိုင်ငံ

တကာ စံချိန်ထက်နောက်ကျဖို့ရှိပါတယ်။

တွေးမိတွေးရာပါ။

credit Tin Sein post owner

( ရေးထားတာ သဘောမတူရင် ပြောပါ။ လိုသလို ပြင်ရေးပေးပါ့မယ်။ သဘောတူရင် ရှယ်ပေးပါ။ )

No comments:

Post a Comment