Latest News

Friday, August 17, 2018

ဒါရိုက်တာမိုက်တီးကို မူးယစ်ဆေးပြားများနှင့်အတူဖမ်းမိ



ဒါရိုက်တာမိုက်တီးကို မူးယစ်ဆေးပြားများနှင့်အတူဖမ်းမိ

နေပြည်တော်  ဩဂုတ်  ၁၇

ဩဂုတ်လ ၁၆ ရက်နေ့ ည ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှဘုန်းကျော်၊ အမှတ်(၂၅)ယာဉ်ထိန်းရဲ တပ်ဖွဲ့စုနှင့် အမှတ်(၄၁)မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းရှေ့၌ တာမွေအဝိုင်း ထိပ်ဘက်မှ ရွှေထွဋ်တင် ကွင်းဘက်သို့ ရန်ကင်းမြို့နယ်၊ (၁၆)ရပ်ကွက်နေ သန်းထွန်းဇော်(၅၃)နှစ် (ရုပ်ရှင်ဒါရိုက်တာ မိုက်တီး) မောင်းနှင်လာသည့် 9D/×××× MAZDA DEMIO  ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းထိုင်ခုံနှင့် ကျောမှီကြားရှိ မျက်မှန်ဘူး အတွင်းမှ WY စိတ်ကြွဆေးပြား (၂၆)ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများအား တွေ့ရှိသိမ်းဆည်း ရမိခဲ့သောကြောင့် သန်းထွန်းဇော် (ရုပ်ရှင်ဒါရိုက်တာ မိုက်တီး) အား တာမွေမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)

No comments:

Post a Comment