Latest News

Friday, August 10, 2018

ကိုရီးယားနှစ်နိုင်ငံအကြား အဆင့်မြင့်ဆွေးနွေးပွဲ သြဂုတ် ၁၃ ရက်တွင်ကျင်းပမည်

ကိုရီးယားနှစ်နိုင်ငံအကြား အဆင့်မြင့်ဆွေးနွေးပွဲ  သြဂုတ် ၁၃ ရက်တွင်ကျင်းပမည်

ဆိုး     သြဂုတ်     ၉

 တောင်ကိုရီးယားနှင့်  မြောက်ကိုရီးယား တို့အကြား  အဆင့်မြင့် ဆွေးနွေးပွဲ တစ်ရပ်ကို လာမည့်သြဂုတ် ၁၃  ရက်တွင် ကျင်းပရန် နှစ်နိုင်ငံစလုံးက သြဂုတ် ၉ ရက်တွင်  သဘောတူလိုက်ကြောင်း သိရသည်။

အဆိုပါ အဆင့်မြင့် ဆွေးနွေးပွဲကို နှစ်နိုင်ငံနယ်စပ်ရှိ ပန်မွန်ဂျုံကျေးရွာ၌ ကျင်းပမည်ဖြစ်သည်။ ယင်းဆွေးနွေး ပွဲ၌ တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် တို့ကြား ယခုနှစ် ဧပြီ ၂၇ ရက်တွင် ကျင်းပသော  ထိပ်သီးဆွေးနွေးပွဲ၌ လက်မှတ်ရေးထိုး ခဲ့သည့် ကြေညာချက်ကို   အကောင်အထည်ဖော် ဆောင်ရေးနှင့် စပ်လျဉ်း၍ သုံးသပ်မည်ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် မေ ၂၆ရက်တွင် ပန်မွန်ဂျုံ၌  ထပ်မံတွေ့ ဆုံ ခဲ့ကြောင်း သိရသည်။ ယခုကျင်းပသော  အဆင့်မြင့်ဆွေးနွေးပွဲသို့ တက်မည့်  တောင်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့ကို ပေါင်းစည်း ရေး ဝန်ကြီး  ချိုမြောင်ဂျုံက ဦးဆောင်မည်ဖြစ်သည်။

တောင်ကိုရီးယား အစိုးရသည် အဆိုပါဆွေးနွေးပွဲ တွင် ကိုရီးယား နှစ်နိုင်ငံကြား ထိပ်သီးဆွေးနွေးပွဲ တစ်ရပ်ကို မြောက်ကိုရီးယား မြို့တော်ပြုံယမ်း၌ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး လက်မှတ် ရေးထိုးခဲ့သည့် ပန်မွန်ဂျုံ ကြေညာချက်ကို အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရေးတို့နှင့်   စပ်လျဉ်း၍ အကျယ် တဝင့် ဆွေးနွေးမည်ဖြစ်ကြောင်း ပေါင်းစည်းရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

MWD

No comments:

Post a Comment