အင်္ဂပူ သြဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် အောက်ရွာကြီးကျေးရွာအုပ်စု သိုက်တူးကွင်းကျေးရွာ ဟင်္သာတ-မြန်အောင် ကားလမ်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက မော်တော်ဆိုင် ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ပိတောက်ပင် ကို ဝင်တိုက်မိရာမှ တစ်ဦးသေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အင်္ဂပူမြို့ဘက်မှ မြို့ကွင်း ဘက်သို့ ရေလဲကျေးရွာ ဟင်္သာတမြို့နေ အောင်မျိုးလင်း ၂၃ နှစ် မောင်းနှင် လာပြီး နောက်တွင် တစ်ရွာတည်းနေ မြတ်သူအောင် (ခ)ငပိုင် ၂၄ နှစ်လိုက်ပါလာသော ယာဉ်အမှတ် ၅၇ယ/----- MLC125 အပြာရောင် ဆိုင်ကယ်သည် သိုက်တူးကွင်း ကျေးရွာ ဟင်္သာတ-မြန်အောင်ကားလမ်း မိုင်တိုင် အမှတ် (၂၅/၄)နှင့် (၂၆/၅)ကြား မြင့်ရတနာ ဆန်စက်ရှေ့၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်ခြမ်းရှိ မလေးရှား ပိတောက် ပင်ကို ဝင်တိုက်မိခဲ့သည်။
ထိုသို့ဝင်တိုက်မိမှုကြောင့် မြတ်သူအောင် (ခ)ငပိုင်တွင် ယာမျက်ခုံးပေါက်ပြဲဒဏ်ရာ၊မေးစေ့ ပေါက်ပြဲပွန်းပဲ့ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိပြီး အောင်မျိုးလင်းမှာ လည်ပင်း သွေးထွက်ပေါက်ပြဲဒဏ်ရာ၊ မျက်စိ၊ ပါးစပ်၊ နှာခေါင်း သွေးထွက်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်ရာနေရာ၌ သေဆုံးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်မျိုးလင်းကို အင်္ဂပူမြို့မရဲစခန်းက ယာဉ်(ပ)၅/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၄(က)/ ၃၃၇ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
MWD
No comments:
Post a Comment