Friday, August 10, 2018
နိုင်ငံတော် အတိုင်ပင်ခံ ရုံး မှ အိုင်စီစီ ၏ ရာဇသံကို အကျိုးမဲ့သော လုပ်ရပ်ဟု တရားဝင် ပယ်ချြ့ပီ
နိုင်ငံတကာ တရားရုံး ၏ အမှုဆွဲ အရာ ရှိ မှ မြန်မာပြည်မှ မူဆလင်များ နှင်ထုတ်မှု အပေါ် တရားစွဲဆိုခွင့် ရရှိရေး ကြိုးပမ်းနေမှုများသည် အကျိုးများ ဖွယ်မရှိသဖြင့် ဆက်မလုပ်သင့်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရုံးမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖေါ်ပြထားသည်။
အမှုဆွဲ အရာရှိ၏ တင်ပြချက်ကို တုန့်ပြန်ရန် အိုင်စီစီ တရားရုံးချုပ်မှ ဇူလိုင် ၂၇ နောက်ဆုံးထားပြီး တရားဝင် ချေပရန် တောင်းဆိုမှု အား အခုလို ပါယ်ချလိုက်ခြင်းပင် ဖြစ်သည်။
ရောမ စာချုပ်အား မြန်မာပြည်မှ လက်မှတ်ရေးထိုး အတည်ပြုခဲ့မှု ကို ကျော်လွှားရန် သွယ်ဝိုက်ပြီး ကြိုးစားမှု ဖြစ်သည်ဟု လည်း ဖေါ်ပြထားခဲ့သည်။
ထို့အတွက် တရားစွဲဆိုရန် ကိစ္စအပေါ် မြန်မာမှ ဥပဒေကြောင်းအရ ခုခံ ချေပသွားရန် မည်သို့မျှ အကြောင်းမရှိ သည့်အပြင် နောက်နောင်တွင်လည်း အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများအပေါ် အများ သဘောကျ လိုက်လံ တရားစွဲဆိုနိုင်ရန် အတွက် လမ်းဖွင့်ပေးသလိုက်သလို ဖြစ်သွားလိမ့်မည်ဟုလည်း သတိပေးထားခဲ့ပြန်သည်။
ဤသည်က နိုင်ငံတော် အတိုင်ပင်ခံမှ အိုင်စီစီ ၏ လုပ်ရပ်အပေါ် ပြတ်သားစွာ တုန့်ပြန်လိုက်ခြင်းပင် ဖြစ်ပေသည်။
ထိုကဲ့သို့ တုန့်ပြန်လိုက်မှုသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး မြန်မာပြည်သို့ ၄ ရက်ကြာ နေထိုင်ရန် ရောက်ရှိလာချိန်နှင့်လည်း တိုက်ဆိုင်နေပေသည်။
၎င်းက ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ သွားရောက်၍ ဒုက္ခသည်များ လက်ခံရန် ပြင်ဆင်ထားမှုအား ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှု့ကြမည်လည်း ဖြစ်သည်။
လှစိုးဝေ
နိုင်ငံတော် အတိုင်ပင်ခံ ရုံး မှ အိုင်စီစီ ၏ ရာဇသံကို အကျိုးမဲ့သော လုပ်ရပ်ဟု တရားဝင် ပယ်ချြ့ပီ
Reviewed by timeayeyar
on
4:17 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment