Latest News

Saturday, August 11, 2018

ခန္ဓာကိုယ်ကြွက်သားများအတွက် မရှိမဖြစ်တဲ့ဗီတာမင် ၁၀ မျိုး

ခန္ဓာကိုယ်ကြွက်သားများအတွက် မရှိမဖြစ်တဲ့ဗီတာမင် ၁၀ မျိုး

(၁) ဗီတာမင်  C (Ascorbic Acid)

ဗီတာမင်စီက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တာကြောင့် ကြွက်သားထဲမှာရှိတဲ့ဆဲလ်တွေကို ကောင်းစွာတည်ဆောက်စေပါတယ်။ဒါ့အပြင် ဗီတာမင်စီကနေ steroid ဟော်မုန်းများ ထုတ်ပေးနိုင်တာမို့  ကြွက်သားများကြီးထွားစေသော ဟော်မုန်းဆေးအဖြစ်အသုံးတည့်ပါတယ်။ ကိုယ်ခန္ဓာတစ်သျှူးများကြံ့ခိုင်မှုများလေလေ ဗီတာမင်စီလိုအပ်ချက်များလာလေလေဖြစ်တာမို့ အထူးသဖြင့်အားကစားသမားများအတွက် ဗီတာမင်စီဓာတ်အမြောက်အမြား လိုအပ်လျက်ရှိပါတယ်။အဲဒီလို ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်ဖို့ဆိုရင် ဗီတာမင်စီအကြွယ်ဝဆုံးဖြစ်တဲ့ရှောက်သီး၊ သံပရာသီးတို့အပြင် အချဉ်ဓာတ်များများပါတဲ့ အသီးတွေကိုစားပေးရပါမယ်။

(၂)ဗီတာမင် B6 (Pyridoxine)ဗီတာမင် B6 ကနေ ပရိုတိန်း ခေါ်အသားဓာတ်ကို ရရှိစေပါတယ်။ ဒါကြောင့်ဗီတာမင်B6 အရင်းအမြစ်စုဝေးရာ အစားအစာများဖြစ်ကြတဲ့ ထောပတ်သီး၊ အစေ့အဆန်များ၊ နွားနို့၊ ခြေနှစ်ချောင်း၊ ခြေလေးချောင်းတိရစ္ဆာန်များ၏ အသည်း၊ ကြက်သား၊ငါး၊ ပဲသီး ခေါ် ပဲတောင့်ရှည်၊ ငှက်ပျောသီးတို့ကို စားပေးသင့်ပါတယ်။

(၃) ဗီတာမင် B1 (Thiamine)

ခန္ဓာကိုယ်ရဲ့ အသားများဖြစ်တည်မှုနဲ့ကြီးထွားဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တစ်မျိုးပါပဲ။ ဗီတာမင်  B1 ရဲ့ တာဝန်ကသွေးနီဥထဲမှာရှိတဲ့ ဟေမိုဂလိုဘင်တွေကိုကောင်းစွာ တည်ဆောက်စေပြီးတော့ ကြွက်သားများထံအောက်ဆီဂျင် အရောက် ပို့ဆောင်ပေးခြင်းဖြစ်ပါတယ်။ ဒါကြောင့် အားကစားသမားများသာမက သက်ကြီးရွယ်အိုနှင့် ကလေးများပါမကျန် ဗီတာမင် B1 က အရေးပါအရာရောက်တာမို့ ၎င်းဓာတ်တွေကြွယ်ဝတဲ့ပဲတီစိမ်း၊ ဟင်းနုနယ်ရွက်၊ အမဲသား၊ အမဲအသည်း၊၀က်အသည်း၊ အစေ့အဆန်များ၊ ငှက်ပျောသီး၊ပဲပုပ်၊ ပေါင်မုန့်၊ ဆန်ဖွဲ၊ ပဲပင်ပေါက်တို့ကိုစားပေးသင့်ပါတယ်။

(၄) ဗီတာမင်  D

ကြွက်သားတွေမှာ ကယ်စီယမ်အားနည်းလာတဲ့အခါ ကျုံ့ဆန့်နိုင်ခြင်းကို မစွမ်းဆောင်နိုင်တော့ပါဘူး။ အားကောင်းမောင်းသန်ကြွက်သားများဖြစ်လာဖို့အတွက်လည်း Phosphorusကအရေးပါအရာရောက်ပါတယ်။ အဲဒီကယ်စီယမ်နဲ့ Phosphorusအားကောင်းခြင်းဟာ အစားအစာထဲမှာပါလာတဲ့ဗီတာမင်ဒီကြွယ်ဝမှုတွေနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိနေပြန်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကြွက်သားများ ကျန်းမာကြံ့ခိုင်စေဖို့အတွက်ဗီတာမင်ဒီ အရင်းအမြစ်ဖြစ်တဲ့ အဆီနည်းတဲ့နွားနို့တွေကို နေ့စဉ်သောက်ပေးရပါမယ်။

(၅) ဗီတာမင် B3 (Niacin)

ဗီတာမင် B3 ကခန္ဓာကိုယ်ကြီးတစ်ခုလုံးရဲ့ဇီဝကမ္မဖြစ်စဉ် အမျိုး ၆၀ နီးပါးခန့်ကိုကောင်းကျိုးပြုပေးပါတယ်။ မလိုလားအပ်တဲ့အဆီပိုများကို လောင်ကျွမ်းပေးတာကြောင့်လည်းသွေးရည် သယ်ဆောင်ပေးတဲ့ ပြွန်များကို ပိတ်ဆို့မှုမဖြစ်စေတော့ပါဘူး။ ဗီတာမင်B3 ကြွယ်ဝတဲ့ အစားအစာများမှာ ကြက်ဆင်သား၊ နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုး၊ ကြက်၊ဘဲ၊ ငါး၊ ခြေလေးချောင်းသားများ၊ အစေ့အဆန်အမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥနဲ့ ဥအမျိုးမျိုး
တို့ဖြစ်ကြပါတယ်။

(၆) ဗီတာမင် E

အစွမ်းထက်မြက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တာကြောင့် ဆဲလ်အမြှေးပါးတွေကို ကျန်းမာသန်စွမ်းလာစေတဲ့အပြင်သေနေတဲ့ ကြွက်သားဆဲလ်တွေကိုပါ ပြန်လည်ကျန်းမာလာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဟင်းရွက်ဆီများ၊ အစေ့အဆန်များ၊အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ကောက်နှံစပါး၊ ဂျုံ၊ ပြောင်းများက ဗီတာမင်E ကြွယ်ဝတဲ့ အစားအစာများဖြစ်ကြပါတယ်။

(၇) ဗီတာမင် A

အမြင်အာရုံ တိုးတက်ကောင်းမွန်စေရုံသာမက ကြွက်သားများ ကြီးထွားလာအောင်ပံ့ပိုးပေးတဲ့ ဒြပ်ပေါင်းစုဖြစ်ပါတယ်။ဒါ့အပြင် ခန္ဓာကိုယ်အတွက် ခွန်အားဖြစ်တေဲ့Glycogen ဓာတ်ကိုပါ ထုတ်လုပ်ပေးနိုင်ပါတယ်။နွားနို့၊ ခြေနှစ်ချောင်း၊ ခြေလေးချောင်းတိရစ္ဆာန်များ၏ အသည်းနဲ့ ကန်စွန်းဥတွေကို စားသုံးပေးခြင်းဖြင့် ဗီတာမင် A ကိုရရှိနိုင်ပါတယ်။

(၈) ဗီတာမင် B2 (Riboflavin)

ခန္ဓာကိုယ်တည်ဆောက်မှုအတွက် လိုအပ်နေတဲ့ပရိုတင်းခွန်အားတွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ Riboflavin ရရှိနိုင်တဲ့ အစားအစာတွေကတော့ ခြေလေးချောင်းတိရစ္ဆာန်များ၏ အသည်း၊ ဗာဒံစေ့၊ ပဲပုပ်စေ့၊ အကြေးခွံပါငါးအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စတဲ့ဥအမျိုးမျိုး၊ နွားနို့နဲ့နို့ထွက်ပစ္စည်းများဖြစ်ကြပါတယ်။

(၉) Biotin

ဗီတာမင် B အုပ်စုဝင် ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးအတွက်ဇီဝကမ္မဖြစ်စဉ်ကို ကောင်းကျိုးပြုပါတယ်။

ကြကဉ် အနစှ ၊် ခြေလေးချောင်းတိရစ္ဆာများ၏ အသည်း၊ ကျောက်ကပ်၊ ပန်ကရိယ၊ နွားနို့၊ပဲပုပ်စေ့၊ ဘာလီသီးတွေထဲမှာ Biotin ဓာတ်များ အလုံအလောက်ပါရှိနေပါတယ်။

(၁၀) ဗီတာမင် B12 (Cobalamin)

အာရုံကြောအဖွဲ့အစည်းတစ်သျှူးတွေကိုတိုးတက်ကောင်းမွန်စေရန်၊ ကျောရိုးတစ်လျှောက် အာရုံခံကြွက်သားများကိုတက်ကြွစေရန်၊ ဦးနှောက်မှအချက်ပြမှုကိုအာရုံခံဆဲလ်များမှတစ်ဆင့် ကြွက်သားများထံသိုလှုံ့ဆော်ပေးရန်၊ ကြွက်သားတွေကြီးထွားဖွံ့ဖြိုးစေရန်တို့အတွက် ဗီတာမင် B12 က အထောက်အပံ့ပေးပါတယ်။ အမဲသား၊ ကြက်သား၊ငါး၊ ၀က်သား စတဲ့ တိရစ္ဆာန်များမှ ဗီတာမင်B12 ကိုရရှိနိုင်ပါတယ်။ ။

ပေါက်ပေါက်

No comments:

Post a Comment