Latest News

Saturday, August 11, 2018

အီတလီက ဂျနီဖာလိုပက်ဇ်နဲ့ အဲလက်ဇ်ရိုဒရီဂွက်ဇ်

အီတလီက ဂျနီဖာလိုပက်ဇ်နဲ့ အဲလက်ဇ်ရိုဒရီဂွက်ဇ်

ပေါ့ပ်ကြယ်ပွင့် ဂျနီဖာလိုပက်ဇ်နဲ့ အားကစားကြယ်ပွင့်တစ်ဦးဖြစ်သူ အဲလက်ဇ်ရိုဒရီဂွက်ဇ် တို့ဟာ လက်ရှိမှာတော့ အီတလီကို ရောက်ရှိနေတာဖြစ်ပါတယ်။  ပြီးခဲ့တဲ့ တနင်္လာနေ့ ကတည်းက အလည်အပတ်ခရီးအတွက် ကိုယ်ပိုင်လေယာဉ်နဲ့ နာပိုလီကို ရောက်ရှိလာ တာဖြစ်တယ်လို့ အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဒီခရီးစဉ်မှာတော့ သူတို့နှစ်ဦးကို ယခင်တွေ့မြင်နေကျ ပုံစံတွေနဲ့မတူတာကိုလည်း တွေ့ရပါတယ်။ ဒါကတော့ သူတို့နှစ်ဦးဘယ်ကိုသွားသွား အတူလိုက်ပါလေ့ရှိကြတဲ့ သူတို့ရဲ့ ကလေးတွေ မပါလာတာဘဲ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာတော့ ညစာအတူ စားသောက် ကြကာ ကမ်းခြေကိုလည်း သွားရောက်ခဲ့ကြတာ တွေ့ရပါတယ်။

ဂျနီဖာလိုပက်ဇ်က အလည်အပတ်ခရီးမှာ ရိုက်ကူးခဲ့တဲ့ သူတို့နှစ်ဦးရဲ့ ဓာတ်ပုံတွေကို သူ့ရဲ့ လူမှုကွန်ရက်မီဒီယာပေါ်မှာ ဖော်ပြခဲ့ပါတယ်။ ဒီလိုပဲ အဲလက်ဇ်ရိုဒရီဂွက်ဇ်ကလည်း နှစ်ဦးသားရဲ့ ပုံရိပ်တွေနဲ့အတူ အမှတ်တရစာသားတွေကိုလည်း သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် မကြာသေးမီက မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ အဲလက်ဇ်ရိုဒရီဂွက်ဇ်က ဂျနီဖာလိုပက်ဇ်ဝတ်ဆင်ထားတဲ့ လက်စွပ်မှာ သူဝယ်ပေးခဲ့တဲ့ လက်စွပ်ဖြစ်သော်လည်း သူတို့နှစ်ဦး စေ့စပ်လိုက်ပြီဖြစ်ကြောင်း သတင်းတွေဟာ မှန်ကန်မှုမရှိကြောင်း ငြင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

အေးပြည့်

No comments:

Post a Comment