Latest News

Thursday, August 9, 2018

ဆိုင်ကယ်ရပ်ပြီး ဖုန်းပြောနေသူနှစ်ဦးအား ကားဝင်တိုက်၍ သေဆုံး

ဆိုင်ကယ်ရပ်ပြီး ဖုန်းပြောနေသူနှစ်ဦးအား ကားဝင်တိုက်၍ သေဆုံး

ကျောင်းကုန်း သြဂုတ် ၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ်  ဆိပ်ဖူးနီအုပ်စု  ဆိပ်ဖူးနီလေးကျေးရွာ အနီး၌ သြဂုတ် ၇ ရက် ည ၉ နာရီခန့်က ယာဉ် တိုက်မှုဖြစ်ပွားခဲ့သည်။

လှည်းဆိပ်ရဲကင်းစခန်းမှူး ဒုရဲအုပ်လှမိုးက ယာဉ်တိုက်မှုဖြစ်ပွားကြောင်း  သတင်းရသဖြင့် သွားရောက်စစ်ဆေးရာ ဆိပ်ဖူးနီ-ယိုးဒယားတက် ကျေးရွာချင်းဆက်   ကွန်ကရစ်လမ်းပေါ်တွင် ဆိပ်ဖူးနီမှ ယိုးဒယားတက်ကျေးရွာသို့ ယာဉ်မောင်း ဝင်းခိုင်(ခ)ကိုပေါက် မောင်းနှင်ပြီး ဇော်မင်းထက် (ခ) ဇော်ကြီး   လိုက်ပါလာသည့်   ယာဉ်သည် လမ်းဘေးတွင် ဆိုင်ကယ်ရပ်၍ ဖုန်းပြောနေသော  ဇော်ဟိန်းလတ်နှင့် ရဲထွဋ်ဝင်းတို့နှစ်ဦးအား အရှိန် မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိရာ ၎င်းတို့နှစ်ဦးမှာ အခင်းဖြစ်နေရာတွင်ပင်  သေဆုံးခဲ့သဖြင့် ယာဉ် မဆင်မခြင်   မောင်းနှင်သူ   ယာဉ်မောင်းအား   ကျောင်းကုန်းမြို့မရဲစခန်းမှ    အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း  သိရသည်။                   

ဝင်းကြိုင်(ပြန်/ဆက်)

No comments:

Post a Comment