မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်များကို ဇူလိုင် ၂၇ ရက်မှစတင်၍ အမေရိကန်ဒေါ်လာများ ရောင်းချ
အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်း တည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်များကို ဇူလိုင် ၂၇ ရက်မှစတင်၍ အမေရိကန်ဒေါ်လာများ ရောင်းချပေးလျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်းက ပြောသည်။
ပိုမိုမြှင့်တင်ရောင်းချ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိက ဘဏ်များကို ရောင်းချပေးသည့် ဒေါ်လာပမာဏမှာ တစ်ရက်လျှင် တစ်သိန်းဝန်းကျင်ရှိပြီး ဇူလိုင် ၂၇ ရက်မှ ယနေ့အထိ အမေရိကန်ဒေါ်လာ ရှစ်သိန်း ရောင်းချပေးပြီး ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်များကို အမေရိကန် ဒေါ်လာများ ပိုမိုမြှင့်တင်ရောင်းချပေးသွားရန် အစီအစဉ် ရှိကြောင်းလည်း သိရသည်။
ဆက်လက်မြင့်တက်လျက်ရှိ
ဗဟိုဘဏ်က ထိုသို့ အမေရိကန်ဒေါ်လာများ ရောင်းချပေးနေသော်လည်း ပြည်တွင်းငွေကြေးဈေးကွက် တွင် အမေရိကန်ဒေါ်လာတန်ဖိုး ဆက်လက်မြင့်တက် လျက်ရှိရာ သြဂုတ် ၆ ရက်က နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၄၅၇ မှ ၁၄၆၄ ကြားရှိခဲ့ကြောင်း သိရသည်။
ဈေးနှုန်းတစ်ရပ်ဖြစ်စေရန်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြား ငွေဈေးကွက်၏ အနေအထားကို ပုံမှန်စောင့်ကြည့်စစ်ဆေး နေပြီး ဈေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်စေမည့် ဈေးကစားမှုများကို ကြပ်မတ် ကွပ်ကဲလျက်ရှိကြောင်း၊ ထို့ပြင် ဗဟိုဘဏ်၏ ရည်ညွှန်း ငွေလဲလှယ်နှုန်းသည် ဘဏ်အချင်းချင်းအကြား အရောင်း အဝယ်ရှိမှုအပေါ် အဓိကမူတည်သတ်မှတ်နေခြင်းကြောင့် ဈေးကွက်နှင့် အနီးစပ်ဆုံးဖြစ်သည့် ဈေးနှုန်းတစ်ရပ် ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ညွှန်ကြား ရေးမှူးချုပ် ဒေါ်မေတိုးဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Thursday, August 9, 2018
Subscribe to:
Post Comments (Atom)
No comments:
Post a Comment