တတ်ကျွမ်းနားလည်သူများနှင့် တိုင်ပင်ပြီးမှသာ ကိုယ်ပိုင်တေးသီချင်းများကို အွန်လိုင်းမှ ထုတ်လွှင့်သွားမည့်အပြင် You Tube ၌လည်း တင်ပေးမည်ဖြစ်ကြောင်း အဆိုတော်ချောစုခင် ကပြောသည်။
''ဆုံးရှုံးနစ်နာမှုတွေ အများကြီးဖြစ်ခဲ့ရတော့ သီချင်းတွေကို အလောတကြီး မထုတ်ချင်ဘူး။အခုတော့ တတ်ကျွမ်းတဲ့သူတွေနဲ့ သေချာတိုင်ပင်မယ်။ ကိုယ်ပိုင်သီချင်း လုပ်တဲ့အခါကျရင် အကုန်လေ့လာပြီး သေချာပြီ ဆိုမှ အွန်လိုင်းမှာလွှင့်မယ်။ ကိုယ့်ရဲ့ကိုယ်ပိုင် Channelတွေကနေ လွှင့်မယ်။ You Tubeကနေလည်း လွှင့်ဖို့ စိတ်ကူးထားတယ်။
အဲဒါက ဒီနှစ်ကုန်လောက်ဖြစ်မယ် ထင်တယ်'' ဟု ချောစုခင်ကပြောသည်။ ကိုယ်တိုင်ဖန်တီးထားသည့် သီချင်းများကို ၂ဝ၁၈ ခုနှစ်အတွင်း ထွက်ရှိရန် ရည်ရွယ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မထွက်ဖြစ်ခဲ့ကြောင်းနှင့် လက်ရှိတွင် စိတ်ကြိုက်သီချင်းများကို ရှာဖွေစုဆောင်းနေကြောင်း သိရသည်။
MWD
No comments:
Post a Comment