အဆိုတော်မိုင်၏ တစ်ချိန်က အောင်မြင်ကျော်ကြားခဲ့သော တေးသီချင်း ခုနစ်ပုဒ်ပါဝင်သည့်မီနီအယ်လ်ဘမ်ထွက်ရှိနိုင်ရန် သမီးဖြစ်သူ ရတနာမိုင်က စီစဉ်နေကြောင်း သိရသည်။
''မေမေ တစ်ချိန်ကအောင်မြင်ခဲ့တဲ့ သီချင်းတွေကို မီနီအယ်လ်ဘမ်အဖြစ် ပြုလုပ်ပေးမှာပါ။မေမေ့ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ဒီဘက်ခေတ်ပေါ်လည်း ဖြစ်အောင် မေမေ့ရဲ့သီဆိုပုံဟန်တွေကိုလည်း ပရိသတ်တွေ သေချာ သိစေချင်တာလည်း ပါပါတယ်။ မေမေ့သီချင်းတွေပြန်ဆိုပြီး သီချင်းပျက်စီးသွားတာတွေ ဖြစ်မှာကိုလည်း စိုးရိမ်တယ်။ဒါကြောင့် ဒီဘက်ခေတ်ရော ဟိုဘက်ခေတ်ပါ မူမကွဲအောင် သီဆိုပြီး ခွေထုတ်ဖို့ရှိပါတယ်။ မေမေတို့ အသက်အရွယ် ရောက်နေတဲ့သူတွေလည်း ငယ်ဘဝကို အောက်မေ့လို့ရအောင် စီစဉ်ထားပါတယ်'' ဟု အဆိုတော် ရတနာမိုင်က ပြောသည်။
အဆိုတော် ရတနာမိုင်သည် လူ့ဘဝကို ဖြတ်သန်းနေစဉ်အတွင်း လူအများနှင့် ပေါင်းသင်းဆက်ဆံချိန် အပေါ်စီးမှ ဆက်ဆံခံရမှုများကို သီချင်းအဖြစ် ရေးသားထားပြီး တေးရေး နေခြည်ထွန်းထွန်း၏ အပေါ်ယံများ သီချင်း၂ဝ၁၉ ခုနှစ်အတွင်း ထွက်ရှိနိုင်ရန် စီစဉ်ထားကာ အွန်လိုင်းတွင် တင်သွားမည့်အပြင် You Tube တွင်လည်း တင်ပေးမည် ဖြစ်သည်။
MWD
No comments:
Post a Comment