Latest News

Monday, August 20, 2018

မြန်မာနိုင်ငံအောက်ပိုင်းရထားခရီးစဉ်များ

မြန်မာနိုင်ငံအောက်ပိုင်းရထားခရီးစဉ်များ

ရန်ကုန်  သြဂုတ်   ၁၉

မြန်မာနိုင်ငံအောက်ပိုင်းသို့  ပြေးဆွဲလျက် ရှိသော   ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-မော်လမြိုင်-ထားဝယ်နှင့် နေပြည်တော်- မော်လမြိုင်ရထားလမ်းပိုင်း     ခရီးစဉ် များကို     သြဂုတ် ၂ဝ ရက်မှ   စတင်၍        ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း    မြန်မာ့မီးရထား   အထွေထွေ မန်နေဂျာ (စစ်ဆေးရေး)  ဦးဘမြင့်က  ပြောကြား သည်။

ဇူလိုင်   ၂၇   ရက်၌       ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း ရေကျော်ခဲ့ ချိန်၌ နှင်းပုလဲနှင့် ဒုံဝန်းဘူတာကြားရှိ တံတားအမှတ် ၇၄ တွင် ရေလွှမ်းမိုးပြီး ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့်အတွက်  ရထား ခရီးစဉ်များ      ရပ်နားထားခဲ့ခြင်းဖြစ် သည်။ ရထားလမ်းပေါ်တွင် ပေ ၃ဝဝဝ အကျယ်နီးပါး   ရေကျော်မှုဖြစ်စဉ်တွင် ရထားခရီးစဉ်များ    ဆိုင်းငံ့ထားခဲ့ရခြင်း ဖြစ်သည်။

ယခုအခါ တံတားအမှတ် ၇၄ ကို ပေ ၁ဝဝ နီးပါးပြင်ဆင်ခဲ့ရပြီး စက်ခေါင်းဖြင့် စမ်းသပ်ပြေးဆွဲခြင်းများ၊ လူစီးတွဲများဖြင့် စမ်းသပ်ခြင်းများ    ပြုလုပ်ခဲ့ပြီး    ယနေ့ မွန်းလွဲ ၁၂ နာရီး၄၆ မိနစ်တွင် ရထား လမ်းပိုင်းအား ပြန်လည်အသုံးပြုနိုင်ရန် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။   ထိုသို့    ရထား လမ်းပိုင်းကို     ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည့် အတွက်   သြဂုတ်  ၂ဝ  ရက်မှ   စတင် ကာ    မြန်မာ့မီးရထား၏    ပုံမှန်ခရီးစဉ် များကို    ပြန်လည်ပြေးဆွဲတော့မည်ဖြစ် ကြောင်း သိရသည်။

''အခုလို လုပ်တဲ့အခါမှာ ဝန်ထမ်း အင်အား ၁၅ဝ လောက်  ပါဝင်ဆောင် ရွက်ခဲ့ပါတယ်။        တံတားပြင်တဲ့အဖွဲ့   တွေ၊  သံလမ်းပြင်တဲ့အဖွဲ့တွေ၊  စက်ကြီး ကိုင်တဲ့ အဖွဲ့တွေပေါင်းပြီး လုပ်ခဲ့တာပါ။ ၂၁ ရက်လောက်    မိုးထဲ  လေထဲ    လုပ်တဲ့ အခါမှာ    ၁၅ဝ   ထဲက    လူ   ၅ဝ   လောက် ဖျားနာကုန်ပါတယ်။        နေ့ရောညရော ပင်ပင်ပန်းပန်းလုပ်ခဲ့ပြီး ဒီနေ့မှာ ပြန်ဖွင့် နိုင်ပါပြီ''ဟု မြန်မာ့မီးရထား အထွေ ထွေ မန်နေဂျာ(စစ်ဆေးရေး)  ဦးဘမြင့် က ပြောကြားသည်။

တံတားမှာ   ဘေလီတံတားအမျိုး အစားဖြင့်     ပြန်လည်ပြုပြင်ထားပြီး တံတားပြုပြင်ချိန် ၂၁ ရက်ခန့်ကြာမြင့် ကြောင်း သိရသည်။ အဆိုပါနေရာသည် ၁၉၇၇ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၄ ခုနှစ် တွင် တစ်ကြိမ်နှင့် ယခု ၂ဝ၁၈ ခုနှစ်တွင် တစ်ကြိမ်ရေကျော်မှုဖြစ်စဉ်များ ဖြစ်ပွား ခဲ့ကြောင်း    သိရသည်။   ပင်လယ်ရေ မြင့်တက်ခြင်းနှင့်  မိုးရေချိန် ၁ဝ လက်မ နီးပါး ရွာသွန်းခဲ့သည့်အတွက် နှစ် ၅ဝ အတွင်း     အမြင့်ဆုံးရေတက်ခဲ့သည့် အတွက်  ရေတိုက်စားမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဘဏ္ဍာငွေရရှိမှု ပေါ်မူတည်၍ အဆိုပါနေရာတွင် တံတား အသစ်    တည်ဆောက်သွားရန်လည်း မြန်မာ့မီးရထားက စီစဉ်ထားကြောင်း သိရသည်။   

ထင်ပေါ်ဝင်း(ကမာရွတ်) ဓာတ်ပုံ - ထိန်လင်း

No comments:

Post a Comment