Latest News

Sunday, August 5, 2018

''မင်္ဂလာခုတင်''ရုပ်ရှင်ဇာတ်ကား သြဂုတ် ၁ဝ ရက်မှစတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်

''မင်္ဂလာခုတင်''ရုပ်ရှင်ဇာတ်ကား သြဂုတ် ၁ဝ ရက်မှစတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်


ရန်ကုန်   သြဂုတ်  ၅

မအေးအေးဝင်း  စီစဉ်ပြီး  လပ်ကီးဆဲဗင်းရုပ်ရှင် ထုတ်လုပ်ရေးမှ ထုတ်လုပ်သည့် '' မင်္ဂလာခုတင်'' ရုပ်ရှင်ဇာတ်ကား  စာနယ်ဇင်းအကြို  မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲက ရန်ကုန် မြို့  သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး သြဂုတ် ၁ဝ ရက်မှစတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင်   ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဇာတ်ကားကို  ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး)က ရိုက်ကူးထားခြင်းဖြစ်ပြီး မိန်းမပျို တစ်ဦးအား အပြိုင်အဆိုင် လိုက်လံပိုးပန်းပြီး အနိုင် ရရှိသူအနေဖြင့်  မင်္ဂလာဦးတွင်  ခုတင်တစ်လုံး ကြောင့်    အလွဲလွဲအချော်ချော်ဖြစ်ခဲ့ပုံ၊  အပြိုင် ပိုးပမ်းခဲ့သူတို့နှစ်ဦး    အပြန်အလှန်   ဒုက္ခပေးပုံ၊ ကပ်စေးနှဲသည့်အတွက်ကြောင့်      အချစ်ရေး၊ အိမ်ထောင်ရေးတွင် အလွဲလွဲအချော်ချော် ဖြစ်ခဲ့ရပုံ တို့ကို ဟာသအမြင်ဖြင့် ရိုက်ကူးထားခြင်းဖြစ်သည်။

ယင်းရုပ်ရှင်ဇာတ်ကားတွင်     မြင့်မြတ်၊ ကျော်ကျော်ဗိုလ်၊ ဝတ်မှုံရွှေရည်၊ ခင်ဇာခြည်ကျော်၊ ခင်လှိုင်၊ ကိုပေါက်နှင့် အခြားသော အနုပညာရှင် များစွာ  ပါဝင်ပုံဖော်ထားသော  ရယ်ရွှင်ဖွယ်ရာ ဟာသဇာတ်မြူး ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင်  ခင်ဇာခြည်ကျော်က ''ဒီဇာတ် ကားထဲမှာတော့  ဝတ်မှုံရွှေရည်ရဲ့ အမေနေရာကနေ သရုပ်ဆောင်ထားပါတယ်။ သမက်နှစ်ယောက်က ကိုယ့်သမီးကို နည်းမျိုးစုံနဲ့ အိမ်မှာလာရောက်ပြီး   ပိုးတဲ့အခါကျတော့     ကိုယ်လည်း    မင်းသား နှစ်ယောက်လုံးနဲ့ စုံတာပေါ့။ အမှတ်တရအနေနဲ့ ဆိုရင် ည ၁၂ နာရီလောက်ကြီး သမီးဖြစ်တဲ့သူကို မေ့ဆေးအုပ်ပြီးတော့ ခိုးရာခေါ်သွားတဲ့ အခန်းမှာ အစ်မက  ထွက်လာပြီးတော့  ဘာဖြစ်တာလဲလို့ မေးတော့ အဒေါ့်သမီးခိုးသွားပြီလို့ ပြောတဲ့အခန်း မှာဆိုရင်   သမီးဇောနဲ့   ပြေးလိုက်တဲ့အခန်းက အတော်ရယ်ရတယ်။ မင်္ဂလာဦးစုံတွဲတွေ မှန်သမျှ မင်္ဂလာခုတင်ဆိုတာ အရေးတကြီးနဲ့ ထားကြတယ်။ အိမ်ထောင်ဦးတိုင်းမှာ     မင်္ဂလာခုတင်ဆိုတာ အရေးကြီးဆုံးပဲလေ။    အဲဒီလို   အရေးကြီးတဲ့ အရာကို ဟာသလေးတွေနဲ့ရောပြီး တင်ပြထား တာပါ''ဟု ပြောသည်။

သရုပ်ဆောင်ခင်လှိုင်က   ''ဒီဇာတ်ကားထဲက နာမည်ကတော့ ပေါက်စီပါ။ မြင့်မြတ်နဲ့ မတည့်တဲ့ ဆိုက်ကပေါ့။ ကျွန်တော်ပါဝင်တဲ့ အခန်းလေး ကတော့ တစ်ကားလုံးနဲ့ယှဉ်ရင် နည်းနည်းလေး တော့နည်းပါတယ်။ ဒါပေမယ့် ပါတဲ့အခန်းတိုင်းမှာ ရယ်သံလေးတွေ ပြန်ကြားနေရပါတယ်။ အမှတ်တရ အနေနဲ့ကတော့ နွားနို့ပို့တဲ့အခန်းမှာဆိုရင် နွားနို့ပုံး တင်ပြီး   စက်ဘီးစီးနေကြမဟုတ်တော့  နှစ်ဖက် ဝိတ်မညီဘူး။ လမ်းတွေကလည်း လယ်ကွင်းထဲမှာ ဆိုတော့   တော်တော်အဆင်မပြေဘူး။  ဘရိတ် ကလည်း မမိတော့ တော်တော်သတိထားပြီး နင်းခဲ့ ရတယ်။  ဒီဇာတ်ကားကတော့ အရမ်းကပ်စေး နည်းတဲ့အခါကျရင်   အလွဲလွဲအချော်ချော်တွေ  ဖြစ်တတ်တယ်ဆိုတာ  ပရိသတ်ကို Message      ပေးတာပါတယ်။       အရမ်းကပ်စေးနှဲတဲ့အတွက် အိမ်ထောင်ရေးမှာပါ    ထိခိုက်တယ်ဆိုတာမျိုးပါ။ အဓိက ကတော့   ဟာသအနေနဲ့  ပရိသတ်တွေ ရယ်စရာအဖြစ် သဘောကျသွားအောင်၊   စိတ် အပန်းဖြေစရာဖြစ်သွားအောင် လုပ်နိုင်ရင်   ဟာသ ကားကောင်းပါပဲ။   ဒီဇာတ်ကားလေးက  နယ်မှာ ရိုက်တာဆိုတော့ တည်နေရာနဲ့  ရှုခင်းတွေလည်း လှတယ်။  ပရိသတ်တွေ  သဘောကျမယ့်   ကား တစ်ကားပါ'' ဟု ပြောသည်။

စီစဉ်သူ ဒေါ်အေးအေးဝင်းက ''ဟာသကား လည်း    ရိုက်ချင်တယ်။   မင်္ဂလာခုတင်ဝတ္ထုကို ဖတ်လိုက်တော့  ကြိုက်လို့  ရိုက်ဖြစ်သွားတာပါ။ ဟာသဆိုတော့        မြင့်မြတ်နဲ့    လိုက်ဖက်တယ်။  ဒါကြောင့်    မြင့်မြတ်ကို   ရွေးချယ်လိုက်တာပါ။ မင်းသမီးကိုလည်း  အဲ့ဒီလိုပဲ ရွေးချယ်ခဲ့တာပါ။ ပြင်ဦးလွင်မှာ သွားရိုက်ခဲ့တာပါ။ အခက်အခဲတော့ အများကြီးမရှိခဲ့ပါဘူး။ အချိန်အားဖြင့် ကြိုတင် စီစဉ်တုန်းက နည်းနည်းကြာခဲ့တယ်။ ရိုက်ကူးတာ ကတော့   ရက် ၂ဝ  လောက်ပဲ ကြာပါတယ်''ဟု ပြောသည်။

သရုပ်ဆောင် ချစ်လူလူက   ''ဒီဇာတ်ကားထဲ မှာတော့ မြင့်မြတ်နဲ့ သူငယ်ချင်းပါ။ သူဖြစ်ချင်တဲ့ အရာတွေကို ကျွန်တော်တို့က အကြံÓဏ်တွေ ပေးတယ်၊ ဟုတ်တာတွေကော၊ မဟုတ်တာတွေ ကော အကြံတွေပေးရင်းနဲ တလွဲတွေဖြစ်သွားတဲ့ ဇာတ်ရုပ်ပါ။ ဒီဇာတ်ကားလေးဟာ ပရိသတ်ရင်ထဲ ကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်ခြင်းအပြည့် ယူဆောင် လာမယ့်   ဟာသကားလေးပါ။  ဒီဇာတ်ကားမှာ ကျွန်တော်သဘောအကျဆုံးကတော့ မြင့်မြတ် မိန်းမလိုချင်တဲ့အက အိုက်တင်လေးပါ။ သူဘာလုပ် မယ်ဆိုတဲ့  ရည်ရွယ်ချက်လေးကို  အကလေးနဲ့  ဖော်ပြသွားတာပါ။  အဲဒီထိရောက်တဲ့  အကလေးကို တော့ ပရိသတ်ကြီးအနေနဲ့ ရုံထဲလာကြည့်မှပဲ ခံစား ရမှာပါ။ မြင့်မြတ်နဲ့ တွဲရိုက်ရတာ တော်တော်အဆင် ပြေပါတယ်။ ခွဲခြားဆက်ဆံခြင်း မရှိပါဘူး။ သူနဲ့ အလုပ်လုပ်ရတာ  တကယ့်ကို   မိသားစုလို သူငယ် ချင်းလိုပါပဲ။  ပရိသတ်ကြီးအနေနဲ့    ဒီဇာတ်ကား လေးကို   လာရောက်ကြည့်ရှုစေချင်ပါတယ်''ဟု ပြောသည်။

ဇာတ်òန်း ရွှန်းမီမီထက်က''အရင်တုန်းက လိုင်းပေါ်မှာ သရော်စာတွေရေးတာပါ။ လပ်ကီး ဆဲဗင်းမှ  မအေးအေးဝင်းတို့က  ဇာတ်òန်းလေး ရေးကြည့်ပါလားလို့     လာပြောတော့     အဲ့ဒီကနေ စတင်ပြီး ဝင်ခဲ့တာပါ။ ဇာတ်òန်းပညာကိုလည်း သူတို့ဆီကနေ သင်ပြီးတော့မှ စတင်ပြီး ရေးဖြစ်   ခဲ့တာပါ။ ညီမအနေနဲ့ ဒီဇာတ်ကားမှာ ပထမဆုံး စတင်ပြီး ဇာတ်òန်းရေးတာပါ။ ဒီဇာတ်ကားလေး ကတော့ ပေါ့ပေါ့ပါးပါး အချစ်ဟာသကားလေး အနေနဲ့ ကြည့်တဲ့သူ ပျော်သွားအောင်လုပ်ထားတဲ့ သဘောပါ။    ပရိသတ်အနေနဲ့   မင်္ဂလာခုတင် ဆိုတော့  ညစ်ညမ်းတဲ့ စကားလုံးမျိုးတွေ ပါနေ တယ်လို့   ထင်နေကြတယ်။ အဲဒီလိုမျိုး စကားလုံး တွေ မပါပါဘူး။  ကောင်းကောင်းမွန်မွန်  သန့်သန့် ရှင်းရှင်းနဲ့  အားလုံးပျော်ရအောင်   ရေးပေးထား ပါတယ်''ဟု ပြောသည်။

မြန်မာ့အလင်း၊သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်

No comments:

Post a Comment