ရန်ကုန် သြဂုတ် ၂၅
ဇူလိုင်လအတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၅ ဒသမ ဝ၂ ရာခိုင်နှုန်းသို့ မြင့်တက်လာကြောင်း ဗဟိုစာရင်းအင်း အဖွဲ့၏ မြန်မာနိုင်ငံစားသုံးသူ ဈေးဆနှုန်းကိန်းနှင့် ငွေကြေးဖောင်းပွမှုအခြေအနေစာရင်းအရ သိရသည်။
တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲ၊ အမေရိကန်ဗဟိုဘဏ်အတိုးနှုန်း မြှင့်တင်မှုနှင့် အမေရိကန်ဒေါ်လာတန်ဖိုး ဆက်တိုက် မြင့်တက်လာခြင်းကြောင့် ဇူလိုင်လတွင် မြန်မာ နိုင်ငံ၏ စီးပွားရေးကဏ္ဍ၌ အခက်အခဲဖြစ် ကာ စက်သုံးဆီနှင့်အိမ်သုံးဆေးဝါးများအပါ အဝင် ကုန်ပစ္စည်းတချို့ ဈေးနှုန်းမြင့်တက် ခဲ့သည်။
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ယခုနှစ် ဇန်နဝါရီလက ၄ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ဖေဖော်ဝါရီလက ၄ ဒသမ ၁၆ ရာခိုင်နှုန်းနှင့် အမေရိကန်ဒေါ်လာ တန်ဖိုး စတင်မြင့်တက်သည့် ဇွန်လတွင် ၄ ဒသမ ၅၈ ရာခိုင်နှုန်းရှိ ကြောင်း သိရသည်။ အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက် ခြင်းကြောင့် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ဆန်တစ်ပြည်ဈေးနှုန်း သည် ၄ ရာခိုင် နှုန်းခန့်မြင့်တက်လာပြီး ဇန်နဝါရီလက ဆန်ချောတစ်ပြည်လျှင် ငွေကျပ် ၁၃၉ဝ မှ ဇူလိုင် လတွင် ၁၈၅ဝ သို့မြင့်တက်လာသည်။
ထို့ပြင် ပြည်တွင်း၌ ကြက်သားဈေးနှုန်း ၃ ရာခိုင်နှုန်း၊ ဝက်သားဈေးနှုန်း ၄ ရာခိုင် နှုန်းနှင့် ကြက်ဥဈေးနှုန်း ၁ဝ ရာခိုင်နှုန်း မြင့်တက်လာသည်။ အမေရိကန်ဒေါ်လာနှင့် တိုက်ရိုက်ဝယ် ယူတင်သွင်းနေရသည့် စက်သုံးဆီဈေးနှုန်းသည် ယခုနှစ် ခုနစ်လ တာကာလအတွင်း ဒီဇယ်တစ်ဂါလန်လျှင် ၁၁ ရာခိုင်နှုန်း၊ ဓာတ်ဆီတစ်ဂါလန်လျှင် ၉ ရာခိုင်နှုန်း မြင့်တက် ခဲ့ပြီး ဇန်နဝါရီလက ဒီဇယ်တစ်ဂါလန်လျှင် ငွေကျပ် ၃၉ဝဝ မှ ငွေကျပ် ၄၃၅ဝ သို့လည်းကောင်း၊ ဓာတ်ဆီ တစ် ဂါလန်လျှင် ငွေကျပ် ၃၉၅ဝ မှ ၄၂၅၅ ကျပ် သို့လည်းကောင်း မြင့်တက်ခဲ့ကြောင်း သိရသည်။
MWD
No comments:
Post a Comment