Latest News

Thursday, August 9, 2018

ခမ်းပတ်မြို့နယ် အတွင်း ငွေကျပ်သိန်းပေါင်း ၆ဝဝဝ ကျော် တန်ဖိုးရှိ လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ခမ်းပတ်မြို့နယ် အတွင်း ငွေကျပ်သိန်းပေါင်း ၆ဝဝဝ ကျော် တန်ဖိုးရှိ လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


နေပြည်တော်  သြဂုတ်   ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခမ်းပတ်မြို့နယ် အတွင်း မူးယစ်ဆေးဝါးများသယ်ဆောင်နေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင် များက ဘုက္ထန်ကျေးရွာနှင့် ထင်းဇင်ကျေးရွာအကြားစောင့်ဆိုင်းနေစဉ် သြဂုတ် ၇ ရက် ညနေ ၅ နာရီ မိနစ် ၄ဝ ခန့်တွင် ကလေးမြို့ ဘက်မှ တမူးမြို့ဘက်သို့ ကလေးမြို့၊ ပင်လုံရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနေ နောင်ရိုး ၂၉ နှစ် (ဘ) ဦးအောင်ဇင်ဦး မောင်းနှင်ပြီး မန္တလေးမြို့၊ မ-၉/၃ဝ၊ ၆၄ လမ်းx သိပ္ပံလမ်းထောင့်နေ စိုင်းလောင်ထွန်း ၂၁ နှစ်(ဘ)ဦးစိုင်းထွန်းနိုင် လိုက်ပါလာသည့်  Caldina  အမျိုးအစား ခဲရောင် ယာဉ်အမှတ်၊ YGN 2G/------အား ရပ်တန့်ရှာဖွေ စစ်ဆေးခဲ့ရာ ယာဉ်ရှေ့ခန်း ဘယ်ဘက်ခြမ်း အရှေ့တူးဘောက်အတွင်းမှ ခြောက်လုံးပြူးတစ်လက်၊ ယာဉ်နောက်ခန်း ခရီးဆောင်အိတ်အတွင်းမှ အဝါရောင်ကော်ပုံး နှစ်ပုံးဖြင့် ထည့်ထား သည့် ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၉၃၅၅ဝ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၁၈၇၁) နှင့် ICE ဒသမ ၅ ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၄၄ဝဝ) စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၆၂၇၁) ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများနှင့် မူးယစ်ဆေးဝါးများအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ခမ်းပတ်မြို့နယ်ရဲ စခန်း ၌ အသေး စိတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MWD

No comments:

Post a Comment