Latest News

Monday, August 6, 2018

အင်ဒိုနီးရှားငလျင် ၉၈ ဦးထက်မနည်း သေဆုံး

အင်ဒိုနီးရှားငလျင် ၉၈ ဦးထက်မနည်း သေဆုံး

မာတာရမ် (အင်ဒိုနီးရှား)   သြဂုတ်  ၆

အင်ဒိုနီးရှားနိုင်ငံ လွန်ဘော့ကျွန်းတွင် ကြီးမားသော ငလျင်လှုပ်မှု သြဂုတ် ၅ ရက် နှောင်းပိုင်းတွင် ဖြစ်ပွားခဲ့ရာ နောက်ဆုံးရသတင်းများအရ ၉၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်ပေါင်း များစွာ ဒဏ်ရာရရှိခဲ့ကာ အဆောက်အအုံများလည်း ပျက်စီးခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။

လွန်ဘော့ကျွန်းသည် ဘာလီကျွန်း အရှေ့ ဘက်ရှိ ထင်ရှားကျော်ကြားသော နိုင်ငံခြားသားများ လာလေ့ရှိသည့် နေရာ တစ်ခု ဖြစ်သည်။ ပြင်းအား ရစ်ခ်ျတာ စကေး ၆ ဒသမ  ၉  အဆင့်ရှိ  ငလျင်သည်  မြေအောက်အနက် ၁၅ ကီလိုမီတာကို ဗဟိုပြု၍  လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိဗေဒဆိုင်ရာ လေ့လာရေး က ပြောခဲ့သည်။

ငလျင်လှုပ်ခတ်ပြီးနောက် အင်အား အသင့်အတင့်ရှိ ငလျင်နှစ်ခု လှုပ်ခဲ့သလို ငလျင်ငယ်များလည်း နှစ်ဒါဇင်နီးပါးခန့် လှုပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရရှိခဲ့သော     စာရင်း  အရ   ငလျင်လှုပ်မှုကြောင့်  လွန်ဘော့ မြောက်ဘက်    တန်ဂျန်ဆေးရုံတွင် ၁၉ ဦးသေဆုံးခဲ့ကြောင်း မာတာရမ်  ရှာဖွေ ရေးနှင့် ကယ်ဆယ်ရေးဆိုင်ရာ ပြောရေး ဆိုခွင့်ရှိသူ အော်ဂက်ဟန်တရာ ဆန်ဂျာ ယာက ပြောခဲ့သည်။

သေဆုံးသူများထဲတွင်  အသက် တစ်နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၇၂နှစ်အရွယ်သက်ကြီးရွယ်အိုတစ်ဦးလည်း ပါဝင်ခဲ့ကြောင်းနှင့် အနည်း ဆုံး ၂၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ¤င်းက ဆက်လက်ပြောကြားခဲ့သည်။

ငလျင်လှုပ်ခတ်ပြီးနောက် အာဏာ ပိုင်များက ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။ ပင်လယ်ရေ များသည် ရွာနှစ်ရွာထဲသို့ ၁၃ စင်တီမီတာ ခန့် ဝင်ရောက်ဖုံးလွှမ်းခဲ့ကြောင်း မိုးလေ ဝသ၊ ရာသီဥတု၊ ဘူမိရူပဗေဒဆိုင်ရာ အေဂျင်စီအကြီးအကဲ ကာနာဝါတီက ဒေသတွင်းရုပ်သံသို့ ပြောခဲ့သည်။
ယခုငလျင်ကြီးမလှုပ်မီ   ၁၇  ဦး သေဆုံးခဲ့သည့် ပြင်းအား ၆ ဒသမ ၄ ပမာဏအဆင့်ရှိ ငလျင်တစ်ခု လွန်ခဲ့သော အပတ်က လွန်ဘော့တွင်  လှုပ်ခဲ့သေး ကြောင်း သိရသည်။ ယင်းငလျင်ကြောင့် ဂျပန်နိုင်ငံသားများအပါအဝင် အခြား နိုင်ငံခြားသား အတော်များများ ယင်း ကျွန်းတွင် သောင်တင်ခဲ့ကြောင်း သိရ သည်။                             

အေအက်ဖ်ပီ

No comments:

Post a Comment