Latest News

Monday, August 6, 2018

အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့တွင် သေနတ်ပစ်ခတ်မှုများဖြစ်ပွားရာ ငါးဦးသေဆုံး

အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့တွင်
သေနတ်ပစ်ခတ်မှုများဖြစ်ပွားရာ ငါးဦးသေဆုံး

ချီကာဂို သြဂုတ် ၆

အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်း ချီကာဂိုမြို့တွင် သြဂုတ် ၅ ရက်က လူ ၄၅ ဦး သေနတ်ပစ်ခတ်ခံရပြီး ငါးဦး သေဆုံး ခဲ့ကြောင်းနှင့် အဆိုပါသေနတ်ပစ်ခတ်ခြင်းများသည် အကြမ်းဖက်လုပ်ရပ်မျိုးဖြစ်ပြီး လုံးဝလက်ခံနိုင်စရာအကြောင်းမရှိကြောင်း အမေရိကန်သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။

ချီကာဂိုရဲချုပ် ဖရက်ဝေါလာက  သြဂုတ် ၅ ရက်  သတင်းစာ ရှင်းလင်းပွဲတွင်   အဆိုပါပစ်ခတ်မှုများသည်   ပစ်မှတ်ထား   လုပ်ဆောင်ခြင်းဖြစ်ပြီး ဒုစရိုက်ဂိုဏ်း ပဋိပက္ခများနှင့် ဆက်နွှယ် နိုင်ကြောင်း ပြောခဲ့သည်။

ချီကာဂိုမြို့တွင် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ဖူးကြောင်း သိရပြီး ရည်ရွယ်ချက်ရှိရှိပဲဖြစ်ဖြစ်၊ ရည်ရွယ်ချက်မရှိဘဲ ကြုံရာ ပစ်ခတ်ခြင်းပဲဖြစ်ဖြစ် လုံးဝလက်သင့်ခံနိုင်သော ကိစ္စများမဟုတ် ကြောင်း ချီကာဂိုရဲချုပ်က ပြောခဲ့သည်။

သန်းခေါင်ယံမှ နံနက် လင်းအားကြီး ၂ နာရီအထိ နေရာ ၁ဝ နေရာတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း စီအင်န်အင်န် သတင်းတွင်လည်း ဖော်ပြခဲ့သည်။

သေနတ်သမားများသည်  လူအုပ်စုများကို   ဦးတည်ပစ်ခတ် ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများတွင် အသက် ၁၁  နှစ်အရွယ်  ကလေးတစ်ဦးလည်းပါဝင်ကြောင်း သိရသည်။

ချီကာဂိုမြို့သည် ၂ဝ၁၆ ခုနှစ်အထိ နှစ်ပေါင်း ၂ဝနီးပါး (အကြမ်းဖက်) လူသတ်မှုများ စံချိန်တင်မြင့်တက်ခဲ့သဖြင့် အမေရိကန်  သမ္မတဒေါ်နယ်ထရန့်ကပင်  ဝေဖန်ခဲ့သည်။ သို့သော်လည်း  ယခုနှစ်တွင်   ချီကာဂို၌    သေနတ်ပစ်ခတ်မှု ၃ဝ ရာခိုင်နှုန်းခန့်   ကျဆင်းခဲ့ပြီး    လူသတ်မှုလည်း    ၂၅ ရာခိုင်နှုန်းခန့် လျော့နည်းကျဆင်းခဲ့ကြောင်း ဝေါလာက ပြောခဲ့ သည်။

အေအက်ဖ်ပီ

No comments:

Post a Comment