Latest News

Sunday, August 5, 2018

ရန်ကုန်-မော်လမြိုင်-မြဝတီလမ်းကြောင်း ရေကျော်သည့်နေရာများတွင် ယာဉ်ငယ်များ သွားလာရန်ခက်ခဲ

ရန်ကုန်-မော်လမြိုင်-မြဝတီလမ်းကြောင်း
ရေကျော်သည့်နေရာများတွင် ယာဉ်ငယ်များ သွားလာရန်ခက်ခဲ

ဘားအံ    သြဂုတ်    ၎

ကရင်ပြည်နယ်  ဘားအံမြို့   ရန်ကုန်-မော်လမြိုင်-မြဝတီလမ်းကြောင်းပေါ်မှ  ရေကျော်နေသည့်နေရာများတွင် ယာဉ်ကြီးများဖြတ်သန်းသွားလာနေပြီဖြစ်သော်လည်း ယာဉ်ငယ်များအတွက် သွားလာရန်ခက်ခဲနေသေးကြောင်း   သိရသည်။

သြဂုတ် ၃ ရက်တွင် ဘားအံ-သထုံ-ရန်ကုန်သွားသည့်လမ်းမကြီး၌ ယာဉ်ကြီးယာဉ်ငယ်အားလုံးသွားလာနိုင်ပြီ ဖြစ်ကြောင်းသိရပြီး ဘားအံ-ဇာသပြင်-မော်လမြိုင်လမ်းကြောင်းတွင် ဦးနာအောက်လမ်းဆုံ၊ ကော့ရေးကျေးရွာ ငါးမွေးမြူရေးကန်အနီးတို့တွင်  ရေနှစ်ပေခန့်စီနှင့်    ခြံကလေးနှင့်ကော့ဆိုင်ကျေးရွာအကြား၌  ကားလမ်းမပေါ်၌ ရေသုံးပေခန့်အထိ ကျော်နေသည့်အတွက်  ယာဉ်ကြီးများ ဖြတ်သန်းသွားလာနေကြသော်လည်း  ယာဉ်ငယ်အချို့မှာ  ဖြတ်သန်းရန်ခက်ခဲနေသဖြင့်  စောင့်ဆိုင်းနေကြရကြောင်း  သိရသည်။

ထို့အတူ ဘားအံ-အိန္ဒု-ကော့ကရိတ်-မြဝတီလမ်းတစ်လျှောက်တွင် ယာဉ်ကြီးယာဉ်ငယ် သွားလာနိုင်သော်လည်း ဂျိုင်း(ကော့ကရိတ်)Pontoonဗောတံတား၏ ချဉ်းကပ်လမ်းမှာ ရေ လေးပေခွဲခန့်အထိရှိနေသဖြင့် အဆိုပါ Pontoon တံတားက  ဖြတ်သန်းရမည့် ယာဉ်ကြီးများမှာ  ဖြတ်သန်း၍မရသေးဘဲ  ဆက်လက် စောင့်ဆိုင်းလျက်ရှိကြောင်း၊ ကျားကလေး-ဇာသပြင်ကားလမ်း  ကီလိုမီတာ ၂၂ အနီးရှိ တံတားပေါ်တွင် ရေ သုံးပေခန့်ရှိနေသဖြင့်  ယာဉ်ငယ်များ ဖြတ်သန်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

မင်းသူ၊ ထွန်းထွန်းထွေး(ဘားအံ)

No comments:

Post a Comment