ရန်ကုန် သြဂုတ် ၁၃
မြန်မာအမျိုးသမီးများ မိုဘိုင်းလ်ဖုန်း အများဆုံး အသုံးပြုသည့် အရာသုံးခုတွင် လူမှုကွန်ရက် အသုံးပြုခြင်း၊ သတင်းများ ဖတ်ရှုခြင်းနှင့် ဖုန်းခေါ်ဆိုခြင်းများ ပါဝင်ကြောင်း သိရသည်။
လူမှုကွန်ရက် အသုံးပြုခြင်းကို ငြီးငွေ့ပြီဟု ဆိုကြသော်လည်း ၅ဝ ရာခိုင်နှုန်းမှ၈ဝ ရာခိုင်နှုန်းကြားရှိအမျိုးသမီး အရေအတွက်သည် တခြားသော မိုဘိုင်းလ်ဖုန်း လုပ်ဆောင်ချက်များနှင့် ယှဉ်လျှင် လူမှုကွန်ရက် Application များကို ပိုမိုအသုံးပြုနေကြသည်။ မိုဘိုင်းလ်ဖုန်းအသုံးပြုရာတွင် လူမှုကွန်ရက် စာမျက်နှာများကိုသာ အချိန်အတော်ကြာကြာ အသုံးပြုကြသော်လည်း အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ နေ့စဉ် ကြားခံတစ်ရပ်အဖြစ် ဖုန်းခေါ်ဆိုမှုအတွက် အသုံးပြုကြပြီး တခြားစာတိုပေးပို့သည့် Application များအား အသုံးပြုလျက်ရှိသည်။
အလုပ်ကိစ္စများအတွက် မိုဘိုင်းလ်ဖုန်း ခေါ်ဆိုခြင်း၊ အင်တာနက်နှင့် အီးမေးလ်များအတွက် အသုံးပြုခြင်း၊ သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများ ကြည့်ရှုခြင်းနှင့် ဂိမ်းကစားခြင်း အစရှိသည်တို့တွင်လည်း အသုံးပြုကြသည်ဟု မြန်မာ အမျိုးသမီးအများစုထံမှ သိရသည်။
တခြားစိတ်ဝင်စားဖွယ်ရာတစ်ခုမှာ မိုဘိုင်းလ်ဖုန်းသုံး၍ လုပ်ဆောင်သည့် အရာများအား စစ်တမ်းကောက်ယူရာတွင် ကမ္ဘာ့အရှေ့ပိုင်းရှိနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ကမ္ဘာ့အနောက်ပိုင်းရှိ နိုင်ငံများသည် မိုဘိုင်းလ်ဖုန်းများအား ကိုယ်ပိုင်အချိန်တွင် အသုံးပြုမှုပိုမိုများပြားပြီး လုပ်ငန်းခွင်တွင် အသုံးပြုမှုနည်းပါးကြောင်း၊ နော်ဝေနှင့် ဆွီဒင်နိုင်ငံတို့၌ အမျိုးသမီးများ၏ မိုဘိုင်းလ်ဖုန်း အသုံးပြုမှုမှ လုပ်ငန်းခွင်အတွင်း အနည်းဆုံးအချိန်ဖြစ်ပြီး ညနေပိုင်း အချိန်တို့တွင် မိုဘိုင်းလ်ဖုန်းများအား ပိတ်ထားနိုင်ရန် ကြိုးစားနေကြသည်ကိုတွေ့ရကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများမှ အမျိုးသမီးများသည် ၎င်းတို့၏ ကိုယ်ပိုင်လူနေမှုဘဝထက် လုပ်ငန်းခွင်အတွင်း မိုဘိုင်းလ်ဖုန်း အသုံးပြုမှု ပိုမိုများပြားကြောင်း သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ အမျိုးသမီးများသည် လုပ်ငန်းခွင်နှင့် ဆက်စပ်သော စာတိုပေးပို့ခြင်းနှင့် ဖုန်းခေါ်ဆိုမှုများ သည် ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းနှင့် လုပ်ကိုင် ဆောင်ရွက်မှု အများဆုံးစာရင်းတွင် အဆင့် (၄) နေရာနှင့် အဆင့် (၆) နေရာတွင်သာရှိကြောင်း သိရသည်။
MWD
No comments:
Post a Comment