Latest News

Tuesday, August 28, 2018

မုက္ခ၀တီ ၊ ဥမ္မာဒန္တီ နှင်. သော်က ၊ ရွှေစာရံ ၊ ရွှေစာပျံ


ဝါးခယ်မမြို.လေးသည်လူတို. ရှေးနှစ်ပေါင်းအတန်ကြာကပင် စတင်အခြေချ နေထိုင်ခဲ့ကြသော်လည်း အိမ်ခြေ ၁၀၀၀ မပြည်.၍ မြူနီစပယ် အဖွဲ. မဖွဲ.နိုင်သဖြင်. ထော်ကနွတ် ရွာသစ် တရုတ်တန်း သော်က စသည်.မြို.တစ်ဖက်ကမ်း လူနေစုတို.ကို ရပ်ကွက်အဖြစ် မြို.နယ် နယ်နမိတ်အတွင်း သွတ်သွင်း ခဲ့ရပြီး ၁ရက် ၁၀လ ၁၉၀၆ ခုနှစ်တွင်တရားဝင်မြူနီစပါယ်မြို.အဖြစ် သို.ရောက်ရှိလာခဲ့ ခြင်းဖြစ်သည် ။ ထိုသို.တရားဝင် မြို.အဖြစ် သတ်မှတ်ကြောင်းကို မြန်မာနိုင်ငံတော် အစိုးရမြူနီစပါယ် နှင်. ဒေသန္တရ ဋ္ဌာန ၏ ၁၉၀၆ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ. နေ.စွဲပါ အမိန်.ကြော်ငြာစာအမှတ် ၁၃၈ ဖြင်. သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည် ။ ( ယခုအချိန်တွင်မူ ရပ်ကွက်ပေါင်း ၁၄ ခု ကျေးရွာအုပ်စုပေါင်း ၁၂၆ ရွာပါဝင်ဖွဲ.စည်းထားသော မြို.နယ် တစ်ခု အဖြစ်တည်ရှိနေပါသည် )

သို.သော် မြို.တစ်ဖက်ကမ်း ရှိ သော်က ဘုရားမှာမူ မြန်မာက္ကရာဇ် ၆၃၀ (ခရစ်နှစ် ၁၂၆၈ )ခန်. ကပင်လျှင် တည်ထားခဲ.ခြင်းဖြစ်သည် ။

ပုသိမ်ဘုရင် နောက်ဆုံးမင်းဆက်ဖြစ်သော သမုဒ္ဒဃောသမင်း(၆၂၅-၆၄၀) သည် မြန်မာသက္ကရာဇ် ၆၂၅တွင် ဖခင်သမုဒ္ဒ မင်းကို နန်းဆက်ခံခဲ့သည်....ထိုမင်းလက်ထက်တွင် ပုသိမ်မြို.သာမက အပိုင် ၃၂ မြို.တို.လည်း ဖွံ.ဖြိုး တိုးတက်ခဲ့သည်...မင်း မိဖုရားမှာမူ ပုသိမ်ကို သိမ်းယူ အုပ်စိုးခဲ့ဖူးသော ပသီကုလားမင်း၏ အနွယ်တော် ဥမ္မဒန္တီ မိဖုရားဖြစ်သည်. မူလအမည်မှာ ကုမာရန္တီ ပသီမင်းသမီးဖြစ်ပြီးမြောင်းမြခရိုင် လပွတ္တာ မြို. (ဘုန်းကြီးကုန်း ဟုခေါ်သောနေရာ)သမုဒ္ဒဃောသ မင်း၏ ဘိုးတော် ဘုရင်. စံနန်းတော်ရောက်ခိုက် ဗုဒ္ဓဘာသာသို. ကူပြောင်းဝင်ရောက်ခဲ့ပြီး ဗုဒ္ဓဘာသာကို အထူးကြည်ညို သဒ္ဓါ ထက်သန်သူဖြစ်လာခဲ့ပါသည်...မိဖုရားကြီးသည် သီဟိုဠ် မှ ဘုရားရှင် ၏ ဓါတ်တော်များ လက်ခံရရှိသည်.အခါ ပုသိမ်အပိုင် ၃၂ မြို. သို.ဓါတ်တော်များပေးပို.ကာ မြန်မာသက္ကရာဇ် ၆၃၀ မှ ၆၄၀ အတွင်း ဘုရားစေတီများစွာ တည်ထားပူဇော် ခဲ့သည်..ထိုခေတ်က ကျိုက်ပွန်မြို. ဟုခေါ်သောမြောင်းမြမြို. ကျိုက်တည်မုဠော -သမြင်တုံ မြို. ဟုခေါ်သော ပန်းတနော် မြို.များလည်းပါဝင်သည်...ထိုစဉ်က ၀ါးခယ်မ နှင်. သော်က စေတိတော်ဝန်းကျင်နေရာများတွင် လူများအခြေချ နေထိုင်သေးဟန်မတူပါ...မင်းနှင်. မိဖုရားတို.သည် ဘုရားစေတီ များတည်ရင်း မြောင်းမြ ပန်းတနော် မြို.များသွားခိုက် သရွတ်မြိုက်ဒေသတွင် မုက္ခ၀တီ ယာယီစံနန်းဆောင် ဆောက်လုပ်စိုးစံ၍ ရွှေစာရံ ရွှေစာပျံ ဘုရားများကို တည်ထားခဲ့သည်...ထိုမှ သော်ကစေတိတော် တည်ထားဖြစ်သောနေရာအရောက် မိဖုရားကြီး၏ ဆံကေသာတွင် ပန်ဆင်အပ်သော သော်ကပန်းသည် လေကြောင်.အမှတ်မထင်မြေခခဲ့လေသည်...ဘုရားတည်ရန် အဓိဌာန် ရှိပြီးအားလျှော်စွာ သော်ကပန်းကျရာနေရာတွင် အမှတ်တရ စေတီတစ်ဆူတည် တော်မူပြီးသော်ကစေတီတော်၏ အမည်တွင်တော်မူခဲ့ကြောင်း သမိုင်းမှတ်တမ်းအချို.အရ သိရှိရပါသည် ။

..........................................
...................................................................

ထိုလင်္ကာအရ ပုသိမ်ဘုရင် သမုဒ္ဒဃောသ သည် ပသီဘုရင်၏ သမီးတော် ကုမာရန္တီ ခေါ် ဥမ္မာဒန္တီ ကို ခိုးယူပြီး ၀ါးခယ်မမြို.နယ် သရွတ်မြိုက် ကျေးရွာ တည်နေရာတွင် မုခ၀တီ မြို.ကို တည်ထား စိုးစံခဲ့ရာ ပသီဘုရင်က မကျေနပ်ဘဲ စစ်သည်တော် များအား သွားရောက်တိုက်ခိုက် သတ်ဖြတ်စေရာ ၀ါးခယ်မ က၀ဲချောင်းတစ်လျှောက် တိုက်ပွဲများဖြစ်ပွားပြီး ယခု ၀ါးခယ်မမြို.တည်နေရာတွင် ကြီးမားကျယ်ပြန်.စွာ ပေါက်ရောက်နေသော ၀ါးတောကြီးများ အကူအညီကြောင်. သမုဒ္ဒဃောသ မင်းသည် အသက်ဘေးမှ လွတ်မြောက် အောင်မြင်ခဲ့သည်ဟုလည်း အဆိုရှိခဲ့သည် ။

.............
.....................................
.........................................................

တစ်ဆက်တည်း တွင် ဓနုဖြူ မြို.ရှိ ကျိုက်ကလွန်ပွန်း စေတိတော် ( ဘီလူးတစ်ရာ ဘုရား သို.မဟုတ် ဘီလူးတစ်ရာဖက် ဘုရား ) အကြောင်းကလည်း ပတ်သက်ဆက်နွယ်ပုံရသည် ။ လေ.လာမိသော သမိုင်းတစ်ခုအရ ထိုစေတီတော်သည်လည်း မွန်မင်းသမီး ဥမ္မာဒန္တီ ပြန်လည်မွမ်းမံခဲ.သော စေတီတစ်ဆူ ဖြစ်သည် ဟု ဆိုထားပါသည် ။ ထို.အပြင် ၂၀၀၅ သင်္ကြန်ခန်.မှ စတင်ပေါ်ပေါက်ခဲ့သော ဥမ္မာဒန္တီ ကမ်းခြေမှာလည်း ထိုမင်းသမီးကို အစွဲပြု မှည်.ခေါ်ဂုဏ်ပြုပုံရသည် ။ မွန်မင်းသမီးဟု ခေါ်ဝေါ်ကြခြင်းမှာလည်း မူရင်းကပသီမင်းသမီးဖြစ်သော်လည်း မွန်ဘုရင်၏ မိဖုရားဖြစ်သလို ဗုဒ္ဒဘာသာဝင်အဖြစ် ကူးပြောင်းဝင်ရောက်ထားသူဖြစ်သောကြောင်. မွန်မင်းသမီးဟုခေါ်ဆိုဟန်ရှိသည် ။

ထိုဘုရင်မှာသက္ကရာဇ် ၇၂၆ တွင် သတိုးမင်းဖျား အင်းဝမြို.တည် စိုးစံစဉ် အောက်မြန်မာနိုင်ငံတစ်ဝိုက် မြို.သစ်များ တည်ထောင်စံနေသောမွန်ဘုရင်သမုဒ္ဒဃောသ ဟုသိရပါသည် ။ပုသိမ်ရာဇ၀င်အရ သက္ကရာဇ် ၆၂၅ တွင် သမုဒ္ဒဃောသ နှင်. ကုမာရန္တီ တို.အုပ်စိုးကြောင်းဖော်ပြထား သည်။ ထို၆၂၅ သည် ပုဂံတွင် နရသီဟပတေ. ( တရုတ်ပြေးမင်း ) စိုးစံဆဲ ကာလဖြစ်သလို ပုဂံခောတ်သည် မြန်မာတစ်နိုင်ငံလုံးကို စုစည်းအောင်မြင်ပြီးဖြစ်သဖြင်. ပုသိမ်သည်လည်းမြန်မာပိုင်ဒေသတစ်ခုဖြစ်သဖြင်. နရသီဟပတေ.မင်းသည် သားတော်ကြီး ဥဇနာ ကို ပုသိမ်စားအဖြစ် ခန်.အပ်ခဲ့ ပြီး သက္ကရာဇ် ၆၄၆ တရုပ်များ လာရောက်တိုက်ခိုက်ရာတွင် နရသီဟပတေ.မင်းကိုယ်တိုင် ပုသိမ်သို. တိမ်းရှောင်ခဲ့ရ သေးသဖြင် သမုဒ္ဒဃောသ နှင်. ကုမာရန္တီတို.သည်...........................
.......................................................

ဤနေရာတွင်ပြောလိုသည်က မုက္ခ၀တီ မြို.ဟောင်းခေါ် သရွတ်မြိုက်ရွာလေးအကြောင်းဖြစ်သည် ။ ထိုရွာလေးသည် ၀ါးခယ်မ အရှေ.တောင် (သို.) တောင်ဘက်ခြမ်းတွင် တည်ရှိနေသော (ယခုအချိန်တွင် ) ကျေးရွာကြီးတစ်ရွာဖြစ်သည် ။ မြို.သို. ဆိုင်ကယ် (သို.) ရေကြောင်းဖြင်.သာ သွားလာနိုင်သော ဒေသဖြစ်ပြီး နာမည်အကျော်ဆုံးဒေသထွ့က် အစားအစာမှာ သရွတ်မြိုက် ငါးသလောက်ဖြစ်သည် ။ အနံ. ၊ အရသာ ကအစ ဒါမှ ငါးသလောက် အစစ်ဟုပြောရလောက်သော အနေအထားမျိုးဖြစ်သည် ။ မြန်မာတစ်နိုင်ငံလုံး ရှိ ငါးသလောက်များအနက် နာမည်ကြီးအမျိုးအစားဖြစ်သည် ။ လက်ရှိအချိန်တွင် မြို.နှင်. ဆက်သွယ်ရန် ကုန်းလမ်းအနေဖြင်. ခန်နိုင်ဝန်အားသေးသော တံတားငယ်လေးများပါဝင်သည်. မြေသားလမ်း ခပ်ကျဉ်းကျဉ်း သာရှိနေပြီး လမ်းချဲ.ရန် ၊ ကျောက်ကြမ်းခင်းရန် ၊ ခံနိုင်ဝန် အားလုံလောက်သော တံတားများ ရ ရှိရန် ကျေးလက်ဖွံ.ဖြိုးရေး ၊ စည်ပင် ၊ ၀ါးခယ်မမြို.နယ်အသင်း ၊ ပုဂလိက တို.က စုပေါင်းကြိုးစားနေကြဆဲ ဖြစ်သည် ။

ဥမ္မာဒန္တီမင်းသမီးတည်ထားခဲ့သောရွှေစာရံ စေတီက ရွာအတွင်းတောင်ကုန်းငယ်လေး တစ်ခုပေါ်တွင် တည်ရှိနေပြီး ရွှေစာပျံ စေတီတော် ကတော. ရွာထိပ်ဘက်တွင် လူနေအိမ်များနှင်. မနီးပဲ သီးခြားတည်ရှိနေပါသည် ။ စေတီတွင်အသုံးပြုထားသော အုတ်ချပ်များမှာ ရှေးဟောင်း အုတ်ချပ်ကြီးများဖြစ်ပြီး ရွာအတွင်းရေကျော်ချောင်း ကမ်း၂ဘက်အခြေတွင် ရေကျချိန်ဆိုလျှင် (သူတို.အခေါ်မြို.ရိုး ) အုတ်တန်း အချို.မြင်ရသည်ဟုလည်းဆိုကြသည် ။ဟိုးယခင်ကတော. ဘုရားပွဲ ၊ တာဝတိံသာပွဲများက အထူးစည်ကားခဲ့ဖူးသည်ဟု သိရသည် ။

သေချာသည်က နန်းမြို.အဖြစ်မဟုတ်လျှင်တောင် ယာယီစံမြန်းခဲ့သည်.နေရာ ၊ ထို.အပြင် ယခင် မင်းဘုရင်/ နယ်စားပယ်စားများ ၏ ယာယီစံမြန်းမှုသည် မည်ကာမတ္တမဟုတ်ပဲ ထိုက်သင်.သော ခမ်းနားခိုင်မာစွာ တည်ဆောက်နေထိုင်လေ.ရှိသည်. ဓလေ.အရ အနိမ်.ဆုံးအဆင်. ယာယီမြို.ဟောင်း တစ်ခုအဖြစ် တည်ရှိခဲ့သည်ကတော. သေချာသော အချက်ဖြစ်ပေသည် .။ ရှေးဟောင်းအုတ်ပုံ အချို.လည်း ရွာအပြင်တွင် ရှိနေသေးသည် ဟူသောပြောပြချက်အရလည်း သေချာသလောက်ရှိပါသည် ။ ထို.ကြောင်. မိမိတို. မြို.နယ်အတွင်းရှိ ရှေးဟောင်းဒေသလေးတစ်ခုကို သိရှိနိုင်ကြပါစေ၇န် တင်ပြရခြင်းဖြစ်ပါသည် ။

Credit-ဝါးခယ်မ Page









No comments:

Post a Comment