၂၈ သြဂုတ် ဟင်္သာတ။
..............................
လောင်းကစားဖမ်းဆီးမှု။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ရဲတပ်ဖွဲ့၊ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူး ယာယီ ဒုတိယရဲမှူးကြီး
ဝင်းမြင့်၏ ထိရောက်ကြိုကာများအရှိန်အဟုန်မြှင့်ဖမ်းဆီးသွားစေရေး လမ်းညွှန်မှာကြားချက်အရ လေးမျက်နှာမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူး ဇော်ဝင်း ၏အနီးကပ်ကြီးကြပ်ကွပ်ကွဲမှုဖြင့် ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ ညနေ(၃)နာရီခွဲအချိန်ခန့်တွင် လေးမျက်နှာမြို့မရဲစခန်းမှ ဒုရဲအုပ် ဝင်းလွင်မိုးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ လေးမျက်နှာမြို့နယ်၊ ကတတ်ကုန်းအုပ်စု၊ တူးရိုးကျေးရွာနေ ဦးအောင်မျိုးသူနေအိမ်တွင် တရားမဝင်နှစ်လုံးသုံးလုံးထီပြုလုပ်လောင်းကစားနေကြောင်းသတင်းအရ လေးမျက်နှာမြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားနေအိမ်ဝင်ရောက်ရှာဖွေခွင့်ဝရမ်းအမှတ်(၈/၁၈)ဖြင့်ဝင်ရောက်ရှာဖွေဖမ်းဆီးရာ နေအိမ်ပေါ်၌ အိမ်ရှင် အောင်မျိုးသူနှင့်အတူ အောင်စိုးသူ၊ စိုးထက်အောင်တို့အား နှစ်လုံးထီ/သုံးလုံးထီလောင်းကစားရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်ငွေစက္ကူ ရောရာ(၆၅၁၀၀၀)(ခြောက်သိန်းငါးသောင်းတစ်ထောင်ကျပ်)တို့နှင့်အတူတွေ့ရှိရ၍ သက်သေများရှေ့ရှာဖွေပုံစံဖြင့်ဖမ်းဆီးသိမ်းဆည်းခဲ့ပါသည်။ အမှုမှ တရားခံ အောင်မျိုးသူ၊ အောင်စိုးသူ၊ စိုးထက်အောင်တို့အား ဒုရဲအုပ် ဝင်းလွင်မိုးမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် လေးမျက်နှာမြို့မရဲစခန်း(ပ)၃၀၈/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)ဖြင့်အမှုဖွင့်အရေးယူထားရှိပါသည်။
ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူးရုံး
No comments:
Post a Comment