စေတနာကိုမြင်ကြပါစေ။ကျောင်းဆရာမို့နည်းနည်းများဆရာလုပ်တယ်ထင်ကြရင်လည်း ကြိုတောင်းပန်ပါတယ်။အမှားပါရင်လည်း ပြုပြင်ပေးကြပါ။ "အများညီလို့ကျွဲလို့ဖတ်သလား"
၁၈၇၅ အက်ဥပဒေ နံပါတ် ၇၊အင်းအိုင်အက်ဥပဒေအရ နယ်သတ်မှတ်ထားတဲ့အင်းအိုင် ထုံး ချောင်း တွေဟာမြေနှင့်အခွန် တော်ဥပဒေနဲ့မသက်ဆိုင် သီးခြားမြေစီမံ ခန့်ခွဲမှု အခွန်ရှာဖွေမှုပုံစံနဲ့သွားရတယ်လို့မှတ်သားရပါ တယ်။
ဒီနေရာမှာ ထုံး ဆိုတာကို ကျနော်မသိလို့ ရှာပါတယ်။ကမ်းပါးနဲ့ ကျွန်းကြားက ရေပြင် သို့မဟုတ် ရေရှိသောမြေပေါ့လေ ဒါကို ထုံး
လို့ ဆိုပါတယ်။
:) ဆိုလိုချင်တာက ၁၈၇၅ ခုနှစ်မှာကတည်းက အင်းအိုင်နယ်အဖြစ်သတ်မှတ်ပြီးသားမြေတွေ ရှိနေခဲ့ပါတယ် လို့ပြောချင်တာပါ။သူ့ကျွန်ဘ၀ အကုန်လုံးမရောက်သေးတဲ့ကာလပေါ့လေ။
အင်္ဂလိပ်များတော်ချက်။ဘယ်ကအခွန်ရမလဲ
တန်းမြင်တာပဲ။ပြီးတော့ ပေါက်တတ်က ရစီမံ ခန့်ခွဲတာမဟုတ်ပြန်ဘူး။Permanent
Register တွေ Main File တွေကိုလေ့လာ ကြည့်မိတော့ ထိုင်ကန်တော့ချင်စိတ်တောင် ပေါက်မိတယ်။ကမ္ဘာပတ်အုပ်ချုပ် တဲ့ခေါင်းကို ကြွေသွားတယ်။
အင်္ဂလိပ်လိုရေးတာ Myinwonse မြင်းဝန်း ဆည်တို့ ဝါဆိုတို့ ပြာသိုတို့ကို အင်္ဂလိပ်လို စာလုံးပေါင်းတယ်။မြန်မာတွေ အင်းလုပ်တဲ့
ဓလေ့ကိုအရင်လေ့လာတယ်။မှတ်တမ်း တင်တယ်။မြန်မာတွေနားလည်အောင်ရေး တယ်။ဥပဒေတွေ၊နည်းဥပဒေတွေ၊အမိန့်ဆင့်ဆို ချက်တွေပြည့်စုံအောင်ထုတ်ပေးတယ်။သုတေသနတွေလည်းလုပ်၊လက်စွဲစာအုပ်တွေလည်းထုတ်ပေးသတဲ့။အုပ်ချုပ်ရေးကအောင်မြင်တယ်။
လူကိုလူကလူလိုအုပ်ချုပ်နိုင်တယ်လို့မြင်
တယ်။
ဒေး တို့ မက်ဇ်ဝဲလ်တို့ ရဲ့ကျေးဇူးကနှစ်ပေါင်း ရာကျော်ပြီ ခုထိ ကျေးဇူးရှိတုန်း။
အင်္ဂလိပ်ကို မြင်တာက ငါးထုတ်လုပ်မှုတိုးဖို့၊ ငါးသယံဇာတထိန်းဖို့ထက်အခွန်ရဖို့ ကိုအဓိကထားတာတွေ့ရပါတယိ။
သို့ပေမယ့် စနစ်ကျတဲ့စီမံခန့်ခွဲမှုရှိတာမို့ငါးသ ယံဇာတလည်းပြုန်းတီးမှုနည်းပြီးထုတ်လုပ်မှု မြင့်မားခဲ့ပါတယ်။ထုတ်လုပ်မှု မြင့်များမှသာ အင်းခွန်ငွေလည်းမြင့်မားလာမယ့်သဘောတ ရားရှိပါတယ်။
၁၈၇၅ ဥပဒေနဲ့ ငါးလုပ်ငန်းကိုစီမံခန့်ခွဲလာတာ
က ဒေးရဲ့လေ့လာမှုအစီရင်ခံစာ ၁၈၅၄ ကြောင့်ဖြစ်တယ်။ဒေးက ငါးတွေကိုပါ အမျိုးအစားခွဲလေ့လာတာ မှတ်သားစရာတွေ များပါ့။အင်းအိုင်တွေအတွက်အခွန်ဆောင်ခိုင်းပြီးကြေးရတတ်တွေကို အင်းသူကြီးလုပ်ခွင့်
ပေးခဲ့ကြတယ် လို့ဆိုတယ်။အင်းအိုင်ကနေအ ခွန်အားလုံး ၈ ပုံ ၁ ပုံကိုရနေပေမယ့်ပြန်လှည့် မကြည့်ဘဲ ပစ်ထားတယ် လို့ ၁၉၂၉ မှာMr A M Brown ကထောက်ပြခဲ့တယ်။Mr J S Furnivall ကလည်း ၁၉၃၃ မှာငါးလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ဖို့ကို အစိုးရကဘာမျှလုပ်မပေးဘဲ
အခွန်ရဖို့သာလုပ်နေကြတယ် လို့ထောက်ပြ ပြန်တယ်။ဒီလိုနဲ့ ၁၈၉၅ ၉၆ မှာ မက်ဇွဲရောက်လာရတော့ တာပဲ။မက်ဇွဲက ၂ နှစ်လောက်သေသေချာချာ လေ့လာပြီး အစီရင်ခံစာတင်တယ်။အရာရှိတွေ အသုံးပြုဖို့အင်းအိုင်လက်စွဲစာအုပ်လေးပါရေး ပေးခဲ့သေး။ငါးတွေရဲ့သဘောသဘာဝကိုတော့ သူလည်း ဒေးကိုကိုးကားရတာပဲ။ဒေးကငါးနဲ့ ပတ်သက်လို့အတော်ကျွမ်းပုံရတယ်။ဒေးနဲ့မက်ဇွဲရဲ့ကျေးဇူးက နှစ်ပေါင်းရာကျော်ပေ မယ့် မြန်မာနိုင်ငံငါးလုပ်ငန်းအပေါ် အတော်ပဲကြီးမားလှပါတယ်။
မက်ဇွဲရဲ့အစီရင်ခံစာကိုအခြေပြုပြီး ၁၉၀၅ ဥပ ဒေပေါ်လာတယ်။၁၉၁၁ မှာနည်းဥပဒေထွက် တယ်။၁၉၁၂ မှာအမိန့်ဆင့်ဆိုချက်တွေထွက် လာတယ်။၁၉၇၂ ထိထွေအုပ်ကစီမံတယ်။
၁၉၈၅ ခုနှစ်ရောက်မှ ငါးလုပ်ငန်းဦးစီးဌာနရဲ့
စီမံခန့်ခွဲမှုကစတယ်။၁၉၈၈ နောက်ပိုင်းမှာငါး လုပ်ငန်းဦးစီးဌာနရဲ့အခန်းကဏ္ဌကပိုကြီးမား လာပါတယ်။ဒီနေရာမှာပြောချင်တာလေးရှိပါ တယ်။ငါးလုပ်ငန်းကို စီမံကြတဲ့သက်တမ်း တစ်လျှောက်မှာအင်္ဂလိပ်အစိုးရလက်ထက် ၁၈၇၅ မှသည်ယခုကာလထိ အင်းအိုင်အရေအတွက်လျော့လျော့လာပြီးမြန်မာပြည်ရဲ့ ရှိရင်းစွဲသဘာဝသယံဇာတကြီးပျောက်ပျောက်လာတာပါပဲ။၁၉၀၀ ၀န်းကျင်ကအင်း အိုင် ၄၀၀၆ အင်းရှိပြီး ၂၀၀၉ မှာ ၃၄၅၃ အင်း သာရှိတော့တာတွေ့ရပါတယ်။
အကြောင်းရင်းများစွာရှိပါတယ်။နည်းနည်း တော့ပြောရမယ့်တာဝန်ရှိပါတယ်။
၁။လူဦးရေတိုးပွားမှုနှင့်ကာလယန္တရား
ဒါကငါးသယံဇာတလျော့ပါးဖို့နဲ့အင်းအိုင်တွေ ကောပြီးပျောက်သွားဖို့ဖိအားတစ်ခုဖြစ်ပါတယ်။
၂။ခေတ်အဆက်ဆက်အင်းသူကြီးများ၏ လော်မာမှု
ငါးလုပ်ငန်းကိုပြည်သူအများအမြင်မကြည်လင်ကြတာဟာ အင်းသူကြီးများရဲ့လော်မာမှု ကြောင့်အများကြီးပါပါတယ်။ငါးသယံဇာတထိ န်းသိမ်းမှုကိုထည့်မတွက်ဘဲ ကိုယ်ကျိုးသာကြ ည့်ပြီးငါးထိန်းရမယိ့ရင်းမြစ်ဖြစ်တဲ့မြစ်တွေမြစ် လက်တက်တွေမှာခြုံတွေချ ဗေဒါတွေမွေး သံ ကြိုးတပ်ထားတဲ့ပိုက်စိပ်တွေနဲ့တိုက်ပြီး ငါးဖမ်း
ကြတယ်။မော်တော်ပေါ်မှာစက်တင်ပြီးဘက် ထရီရှော့တိုက်ငါးဖမ်းတဲ့ထိ အတင့်ရဲခဲ့ကြ တယ်။မြစ်ကြမ်းပြင်ကရေညှိရေမှော် ငါးစာ
တွေဖျက်ဆီးခံရတယ်။ချောင်းတွေ မြစ်တွေ တိမ်ကောလာတယ်။ဘက်ထရီရှော့ကြောင့်
ငါးမျိုးတွေပျောက်လာတယ်။ရှားပါးလာတယ်
ဒါတွေကို လက်ပိုက်ကြည့်နေခဲ့သူတွေဟာ လည်းတရားခံတွေပါပဲ။
၃။အများပြည်သူပူးပေါင်းပါဝင်မှုမရှိခြင်း
ငါးသယံဇာတဖွံ့ဖြိုးတိုးတက်ဖို့ ငါးထုတ်လုပ်မှု မြင့်မားဖို့ ဆိုတဲ့အချက်တွေဟာ ငါးလုပ်ငန်းဖွံွ့ဖြိုးတိုးတက်ဖို့ ပဲဖြစ်ပါတယ်။ဒါဟာ ပြည်သူ အများပါ ပူးပေါင်းပါဝင်မှဖြစ်တာပါ။အင်းသူ ကြီးနဲ့ငါးဦးစီးကသတ်သတ် ဒို့ကသတ်သတ်လို့ အများကမြင်လေ့ရှိပါတယ်။ဒါဟာလည်း ဖိအားတစ်ရပ်။
၎။အစိုးရအဆက်ဆက်ရဲ့စီမံခန့်ခွဲမှုအလွဲများ
နဲ့ဌာနရဲ့လျော့ရဲမှုများ
အထူးသဖြင့် ၁၉၈၈ နောက်ပိုင်းမှာဌာနဟာ တိုင်းမှူး တပ်ရင်းမှူးတွေနဲ့ပိုင်တဲ့အင်းသူကြီး
တွေကို အဆင်ပြေအောင်ပေါင်းသင်းခဲ့ကြရပါ တယ်။ထိုသို့သောအစိုးနဲ့ဝင်ဆံ့တဲ့အင်းသူ ကြီးတွေတန်ခိုးထွားခွင့်ကို ဥပဒေကပေးထား တာမဟုတ်ဘဲ အစိုးရနဲ့ဌာနကပေးထားတာ ဖြစ်ပါတယ်။ထိုအချိန် ထိုကာလကို ခေတ် ကောင်းလို့သမုတ်ကြပါတယ်။အစိုးရပိုင်းလူ ကြီးတွေ ဌာနကဦးစီးမှုးတွေ အင်းသူကြီးတွေ
OK မှာစိုပြေခဲ့ကြပါတယ်။မအိုကေ မစိုပြေ တာက ငါးလုပ်ငန်း ဖြစ်ပါတယ်။ငါးလုပ်ငန်း ဟာ ငါးသယံဇာတထိန်းသိမ်းဖို့တွေ ငါးထုတ် လုပ်မှုတိုးဖို့တွေကို စည်းစနစ်မရှိတော့ဘဲ စည်းပျက်ကမ်းပျက်ဖြစ်လာပါတယ်။ဥပမာ ငါးသ ယံဇာတကိုမထိန်းသိမ်းတော့ဘဲငါးမျိုးပြုန်းတီး
စေမယ့်လုပ်ရပ်တွေလုပ်လာကြပါတယိ။
ဥပမာ-ပက်အင်းမဟုတ်တဲ့အင်းအဖြစ်အင်္ဂ လိပ်မင်းကသတ်မှတ်ထားတဲ့အင်းတွေ၊မဆ လခေတ်အထိ ထိန်းသိမ်းခဲ့တဲ့စည်းကမ်းတွေ ကို ဖျက်ပြီး ပက်ရသမျှအင်းတွေအကုန်အ ပြောင်ပက်ပြီး ငါးဖမ်းပါတယ်။ပက်ပြီးတာနဲ့ ဘက်ထရီလျှော့တိုက်သမားတွေကို ၃ ချိုး ၁ ချိုးနှုန်း
နဲ့အင်းသူကြီးကကျင်စက်ထိုးခိုင်းပါတယ်။
မသိချင်ယောင်ဆောင်နေခဲ့ကြတယ်။
၃၀ ရာနှုန်းနဲ့ပတ်သက်ပြီး ဧရာဝတီမှာ ငါးမျိုး ထည့်ဖို့သာအလေးသာပြီး အင်းချောင်းတူးတဲ့ ကိစ္စကို အတော်ပဲလျစ်လျူရှုခဲ့ကြပါတယ်။
ဘာ့ကြောင့် လျစ်လျူရှုလဲ ဆိုတော့ အဖြေက အင်းချောင်းတူးရင် သိပ်မရလို့ပါပဲ။
လာဘ သက္ကာရ သိလောက တွေနဲ့အချိန်ကုန် ခဲ့ကြတာကြောင့် မြန်မာနိုင်ငံရဲ့ရှေးပဝေဏီကတည်း ကအဖိုးတန်လှတဲ့ငါးသယံဇာတ ရေသယံဇာတ Land Use Policy အယူအဆအရပြောရရင် မြေသယံဇာတ ကြီး အဟောသိကံ ဖြစ်ခဲ့ရတယ်။
၅။ငါးမျိုးပြုန်းစေတဲ့စိုက်ပျိုးပုံစံချပေးခဲ့တဲ့စစ်
အစိုးရတာဝန်ရှိသူများ
သူတို့ကတော့ ၁၉၈၉ မှစပြီး စိုက်ရသမျှနေရာ
စိုက်ခိုင်းကြရင်း အင်းနယ်နိမိတ်ထဲကျူးလာ ကြတဲ့ လယ်သမားတွေရှိတယ်။သူတို့မှာက အစကတည်းက အသိတရားကသိပ်ရှိတာမ ဟုတ်တဲ့ လူအများစုဆိုတော့က အပြစ်မတင် ထိုက်။၁၉၉၁ ရေချိုငါးလုပ်ငန်းဥပဒေမှာအင်း ချောင်းနယ်နိမိတ်အတွင်းမည်သည့်သီးနှံမျှစိုက်
ပျိုးခြင်းမပြုရ။ ဆိုတဲ့ပုဒ်မ ဟာပါပင်ပါငြားသော်လည်း ရေနက်ကွင်းစီမံကိန်းဖော်ထုတ် မယ်ဆိုတဲ့အင်းသူကြီးတွေ တိုင်းမှူးတွေ ၀န် ကြီးတွေက ဥပဒေအထက်မှာရှိနေတာမို့သေ
နေတဲ့ပုဒ်မကြီးအဖြစ်သာကျန်ခဲ့ပါတယ်။ယခု ကာလမှာ လယ်သမားအင်းသမားထိပ်တိုက် တိုးတာဟာ ယခင်ရဲ့အကျိုးဆက်တွေသာဖြစ်
ပါတယ်။ရေနက်ကွင်းဖော်ထုတ်ခြင်း စီမံကိန်း
ငါးစပါးစီမံကိန်း တွေဟာကိုယ်ကျိုးစီးပွားအ
တွက်သာရှေးရှူ့တဲ့စီမံကိန်းတွေဖြစ်ခဲ့ပါတယ်
အေးရှားမိုက်နဲ့အင်းသူကြီး၊ဧရာရွှေဝါနဲ့အင်း
သူကြီး ဒါနမူနာပြောတာ။
ရေနက်ကွင်းဖော်ထုတ်မယ် ဆိုပြီးသဘာဝချောင်းတွေကို လူထုလုပ်အားနဲ့တာကြီးတွေ
ကန့်လန့်ဖြတ်ဖို့ပြီးရေစီးရေလာပြောင်းအောင်
လုပ်ခဲ့ကြတယ်။
ဥပမာ ကျုံပျော် ပန်းတနော်အစပ်က ကော့သလိုင်တာ၊ဓနုဖြူ ပန်းတနော်အဆိုင် နှဲကောအစွန်တာ။
ရေစီးရေလာပြောင်းအောင်လုပ်တာကို ၁၉၉၁
ရေချိုဥပဒေက ခွင့်မပြုပါဘူး။တိုင်းငါးဦးစီးမှူး တွေလား။ဘယ်ကလာပြောရဲရမလဲ။ပြုတ်သွား
မှာပေါ့။
့် ချောင်းကို ကန့်လန့်ဖြတ်အသေ ပိတ်တာကို ထောက်ခံတဲ့ ဆည်မြောင်းအရာရှိ
ပညာရှင်ဆိုသူတချို့ကို ပယ်ပယ်နယ်နယ်ကျ နော်ပြောခဲ့ရသေး။
ငါးဦးစီးအဆငိ့ဆင့်က ဆရာတွေက ငါးတွေ ပန်းတနော်မြစ်ကတက်၊အိမ်မဲမြစ်ကတက်တာကို ကန့်လန့်ဖြတ်ပိတ်တဲ့တာတွေမှာ Fish Ladder ငါးတက်လမ်း တွေတော့ထားသင့် ကြောင်းဘယ်သူမျှ အကြံမပြုခဲ့ကြဘူး။ခုထိ လည်းအကြံမပြုကြဘူး။(ဆရာဦးမောင်မောင် သွင်ကို ဒီကိစ္စအတွက်ကျေးဇူးပါ)
ရေနက်ကွင်းမှာလည်းစပါးစိုက်ရော
၁။ငါးနေငါးထိုင်ပျက်ကရော။
၂။ချောင်းကောမြောင်းကောဖြစ်ရော။
၃။ငါးစားကျက်ပျောက်ကရော။
၎။ဆေးလည်းသုံးရောငါးတွေသေရော။
၅။ရေသြဇာကျရော။
ဒါ့ကြောင့် ငါးမျိုးပြုန်းတယ် ပြောတာ။
ဒီတော့ငါးလုပ်ငန်းကိုဆုတ်ယုတ်အောင်လုပ်
တဲ့အထဲ စစ်အစိုးရလက်ထက်ကလူကြီးတွေ
ရဲ့နားမလည်ပါးမလည် ကိုယ်ကျိုးဖက်တဲ့စီမံ ခန့်ခွဲမှုတွေဟာလည်း အကြောင်းတစ်ခုဖြစ်တယ်။
ထားပါတော့ ဒီခေတ်ကို။အများ ညီ ခဲ့သကိုး။
၂၀၁၀ မှာပါတီစုံဒီမိုကရေစီစနစ်ဆိုပြီး ၂၀၀၈ ခြေဥနဲ့စတယ်။ခြေဥပုဒ်မ ၁၈၈ နောက်ဆက် တွဲ ဇယား၂ အရ ရေချိုငါးလုပ်ငန်းကို တိုင်းဒေသ ကြီးရဲ့ဥပဒေပြုခွင့်အာဏာထဲထည့်ပေးလိုက် တယ်။Power Sharing လုပ်ခဲ့တယ်။
ဒီလိုနဲ့ ၂၀၁၂ ခုနှစ် ဧရာဝတီတိုင်းဒေသကြီးရေချိုငါးလုပ်ငန်းဥပဒေပေါ်လာတယ်။
သူကဘာကို Focus ထားလဲ ဆိုတော့ ။ခေတ် ပြောင်းပြီ။စနစ်ပြောင်းပြီ။ရွေးကောက်ပွဲနဲ့တက် လာတာ။အများပြည်သူဘက်မျက်နှာမူရမယ်
ပြည်သူ့အသံ လွှတ်တော်အသံ။ဒီလိုလာတယ်။အင်းသူကြီးတွေကငါးလာရေ
ကျဆိုပြီး လယ်သမားတွေရဲ့ကန်သင်းတွေကို ဖျက်ဆီးတယ်။လယ်ထဲငါးထောင်တာကို မြုံး တွေသိမ်းတယ်။ရေလုပ်သားငယ်လေးတွေ တစ်ဝမ်းတစ်ခါးတောင်ရှာဖွေစားသောက်လို့ မရဘူး။အင်းသူကြီးရယ် ငါးဦးစီးတွေရယ်က တရားစွဲတယ်။ထောင်ချတယ်။မတန်တဆေး
ပိုက်ဆံပေးပြီးငါးရှာတယ်။အင်းသူကြီးကခေါင်းပုံဖြတ်တယ်။ဘာညာသာရကာအကုန် တင်ပြကြတော့ လွှတ်တော်ဥက္ကဌကြီးကလည်းစာနာသနားသွားပါတယ်။အဲ့ဒီ့မှာတင် ၂၀၁၂ ဧရာရေချိုထဲမှာ ရည်ရွယ်ချက်အနေနဲ့အများ ပြည်သူရှာစားဖွေစားတွေ OK ဖို့ဆိုတဲ့ပုဒ်မလေးတွေ၊ရေပေါ်ရေလျှံရှာဖွေစားသောက်ခွင့် ရှိတဲ့ကာလတွေ၊အခွန်လွန်ကိရိယာ ၁၆ မျိုးဆို တာတွေ တဖန်ပြန်လည်ဆန်းသစ်အသက်ဝင် လာခဲ့ပါတယ်။ရေချိုငါးလုပ်ငန်းနယ်နိမိတ်ဆို တာထဲမှာ အစိုးရပိုင် ပုဂ္ဂလိကပိုင် လယ်မြေ
ယာမြေ ဥယျာဉ်ခြံမြေ ဦးပိုင်ပေါက်တွေမပါဝင် ဆိုတဲ့ကန့်သတ်ချက်လေးတွေပါလာပါတယ်။
အများပြည်သူတစ်နပ်တစ်အိုးရှာဖွေစားသောက်ခွင့်ကို ပေးချင်တာဖြစ်ပါတယ်။လက်ရှိ အခြေအနေက ရှာရသ၍ရှာနေကြရတာပါပဲ။
ဝမ်းစာရေးမို့လား။ဥပဒေလည်းထွက်ရောကာ
လက ငါးရစ်ငါးသန် မေ ဇွန် ဇူလိုင် မရှာရ။အင်းသားကြီးကာလ မရှာရ။ရေပေါ်ရေလျှံ ကာလသာရှာရမယ် ဖြစ်ကရော။ရှာစားဖွေ စားဆိုတာက ၁၂ ရာသီမှာ ငါးအထိအမိများ တဲ့အချိန် ရေထဲနည်းပေါင်းစုံနဲ့ ဆင်းတဲ့သဘာ ၀ကရှိပြီးသားမို့လား။ဥပဒေကသတ်သတ်၊လက်တွေ့ဘ၀ကသတ်သတ်ဖြစ်ကရော။အခွန်လွတ်ကိရိယာ ၁၆ မျိုးကိုငါးရှာတတ်တဲ့ သူက ဘယ်ကလာ စိတ်ဝင်စားမတုန်း။ငါးမှ မမိတာ။မိတော့ရောငါးဖုတ်ထောင်းသာသာ
ကိုး။ဥပဒေကတစ်နပ်တစ်အိုး၊သူတို့ဘ၀က စားဝတ်နေရေး ဖူလုံဖို့။ဥပဒေက အခွန်လွတ် ကိရိယာ ၁၆ မျိုး။သူတို့က ဖြစ်နိုင်ရင်အင်းသူ ကြီးလိုဘောလုံးပိုက်ကြီး သံဇကာကပ် သံကြိုး တပ်ပြီး ဆွဲချင်တာ။ဥပဒေကပေးတဲ့ကာလက ၂ လ။သြဂုတ်နဲ့ဧပြီ။အင်းသူကြီးကဥပဒေအရ
၁ လတိုးတောင်းရင် ၁ လပဲရှာခွင့်ရှိ။သူတို့က ၁၂ လလုံးရှာချင်။
လယ်သမားတွေရဲ့လယ်ထဲထိအင်းလိုက်ကြ တဲ့ ဆိုးရွားလှတဲ့အင်းသူကြီးရဲ့စရိုက်ကိုတော့
၂၀၁၂ ဥပဒေကကန့်သတ်နိုင်ခဲ့တယ်။ဒါဟာ ၂၀၁၂ လယ်ယာမြေဥပဒေနဲ့လိုက်လျောညီထွေတဲ့ပြဌာန်းချက်ဖြစ်ပါတယ်။ပုံစံ ၇ ရတဲ့ လယ်ထဲကို အင်းလိုက်ရင် ၄၄၇ ၄၂၇ နဲ့အင်း
သူကြီးလူတွေညားမယ်။ပြည်ထောင်စုဥပဒေ မို့လယ်ယာမြေဥပဒေကို မကျော်နိုင်ပါဘူး။ခု တော့ OK ပါတယ်။သို့ပေမယ့် လယ်သမားက
အခွန်လွတ်ကိရိယာ ၁၆ မျိုးနဲ့သာဖမ်းခွင့်ရှိမှာ ဖြစ်ပါတယ်။ဘာ့ကြောင့်တုန်းဆိုတော့ရေချို ငါးလုပ်ငန်းရေပြင်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ထဲမှာ ရေရှိငါးရှိနေတဲ့လယ်ရေပြင်ကြီးပါပါ သကိုး။ဒါ့ကြောင့်နယ်ကန့်ပေမယ့် ငါးဖမ်းခွင့် ကတော့ယခင်အတိုင်းပဲ ဆိုတာကို လယ်သ မားတွေက မသိကြပါဘူး။တဆိတ်မရှိ ငါ့လယ်ထဲငါကြိုက်သလိုလုပ်မယ် ဆိုပြီးတချို့ဆိုလျှောချငါးဖမ်းတဲ့အထိ အတင့်ရဲလာကြတယ်။
သူတို့ကလည်း လူစုကများသမို့လား။ဘာမသိ
ညာမသိ လူစုလေ။နားပင်းချင်လို့ အတင့်ရဲကြ တာ။ခက်တာက ၂၀၁၀ ကနေခုကာလအထိ လူများရင်လုပ၊် ဖြစ်တယ် ဆိုတဲ့စိတ်ရိုင်းတွေ ကိုအလေ့အကျင့်ဖြစ်အောင် လုပ်ပေးနေကြ တာတွေကို တွေ့ရတော့တရားဥပဒေစိုးမိုးမှု ဟာ ပျောက်ကွယ်သွားရတယ်။
၂၀၁၂ ဧရာ ရေချို နဲ့ပတ်သက်ပြီးဝေဖန်ရရင်
ပေးကားပေး၏ မရ ဆိုတဲ့စကားလိုပါပဲ။သူတို့ ပေးချင်တာတွေ အများပြည်သူတကယ်မရပါ ဘူး။အများပြည်သူရလိုက်တာကသူတို့ရဲ့လောဘပေါ်မူတည်ပြီးလူသတ်တာတွေ၊ တရားစွဲခံရမှုတွေ၊ထောင်တွေတန်းတွေ ဖြစ်ခဲ့ပါတယ်။
ဥပမာ-ရှားခဲကြီးရှားခဲလေးအင်း၊မလက်တို။
ငါးလုပ်ငန်းရှုထောင့်ကကြည့်ရင်တော့ ၁၉၉၁ တုန်းကနဲ့မကွာပါဘူး။တကယ်ကျင့်သုံးမယ် ဆိုရင် အသုံးဝင်လှတဲ့ပုဒ်မတွေ၊ငါးလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ဖို့အထောက်အပံ့ပေးတဲ့ပုဒ်မတွေ
အများကြီးပါပါတယ်။နည်းဥပဒေထုတ်လိုက် တဲ့ဌာနက လူကြီးတွေကို ဒီနေရာမှာချီးကျူး ချင်ပါတယ်။နည်းဥပဒေက လုပ်ထုံးလုပ်နည်း
အတိုင်းမှီးပြီး ၂၀၁၂ နဲ့လိုက်လျောညီထွေဖြစ် အောင်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။လုပ်ထုံးလုပ် နည်းအတိုင်းပါပဲ။ရိုးရိုးတန်းတန်းကခဲ့တာကို
ချီးကျူးချင်ပါတယ်။ကြေးတိုင်ကိစ္စတွေကိုစီမံ ထားတဲ့ပုဒ်မတွေ ကောင်းပါတယ်။အင်းသူကြီ
းကိုပါ ထိန်းချုပ်နိုင်မယ့် ယခင်ကလိုပုဒ်မတွေ ပါနေတာမို့ ဌာနရဲ့သြဇာဟာလည်းအထိုက်အလျောက်တက်လာပါတယ်။သို့သော် အသုံး ချတဲ့ဦးစီးမှူးတွေပေါ်မူတည်ပြီးတော့ သြဇာ အနည်းအများကွာချင်ကွာနိုင်ပါတယ်။
၂၀၁၂ ဥပဒေကိုမလေ့လာဘဲ လူအုပ်နဲ့အင်း ထဲဆင်းလာ၊အင်းသူကြီးတွေတချို့ကလက် လွှတ်ပေးလိုက်ရ၊တချို့နဲ့ထိပ်ထိုက်တိုး၊လူသ တ်မှုတွေဖြစ်၊တရားတွေစွဲ၊ထောင်တွေတန်းတွေကျ။ဒါတွေဟာ အသိတရားနည်းတဲ့လူအ များစုကဖြစ်တာပါ။၂၀၁၃ မှာပန်းတနော်ပိုင်ထဲကအင်းတစ်အင်းဆီကျနော်ရောက်တယ်။
လူအုပ်ကြီးနဲ့ကျင်စက်တွေနဲ့ဆင်းလာကြ တယ်။NLD ပါတီရဲ့ရပ်ကျေးခေါင်းဆောင်နဲ့တွေ့၊လူအုပ်စုခေါင်းဆောင်တချို့ခေါ် ၂၀၁၂
ဥပဒေတွေကိုရှင်းပြ၊တားမြစ်ချက်တွေ၊ပြစ်ဒဏ်တွေ ရှင်းပြ။အဲ့တော့မှ OK သွားတော့ တယ်။ဒါဆို ဒီလူအုပ်ကြီးကအလကားနေရင်း ထကြွနေကြတာလားဆိုတော့ သူ့ချည်းမဟု တ်ပါဘူး။ဆား ပါပါပါတယ်။ ဆားဆိုတာက နိုင်ငံရေးအရ popular ဖြစ်ချင်တဲ့သူတချို့က ဥပဒေအရ အခွင့်အရေး ဘယ်လိုရနိုင်မလဲမ ရှာဘဲနဲ့ မြှောက်ချည်းပေးလေရဲ့။ပြောလည်းမပြဘူး။ဟိုကအဟုတ်မှတ်၊လျှောက်လုပ်။
ထောင်ကျ။မခက်ပါလား။
၂၀၁၂ မှာလည်းအများညီလို့ကျွဲလို့ထဖတ်ကြ ရင်းကျွဲတွေ ခြံခတ်ခံလိုက်ရတာလက်တွေ့မို့ လား။
၂၀၁၂ ကနေ ၂၀၁၅ ကိုရောက်လာပြီး ၂၀၁၆ မှာ NLD အစိုးရတက်လာပါတယ်။ဒီအခါရေလုပ်သားအစုအဖွဲ့လေးတွေကို ငါးလုပ်ကိုင် ခွင့်ပေးဖို့နဲ့အင်းနဲ့လယ်ပဋိပက္ခကြီးတဲ့အင်း
တွေကိုရေလုပ်သားလယ်သမားပေါင်းထားတဲ့
အစုအဖွဲ့တွေကို လုပ်ကိုင်ခွင့်ရစေဖို့ ဧရာဝတီ
စိုက်မွေးဝန်ကြီးဆရာဦးဘဟိန်းကကြိုးစားခဲ့
ပါတယ်။၆/၂၀၁၆ နဲ့ကြေးတိုင်သစ်ပေးခဲ့တဲ့အင်းတွေကို ကြေးတိုင်အင်းအဖြစ်မှပယ်ဖျက်ပြီး ၃၀ ရာနှုန်းကိုပြန်ပေးခဲ့ပါတယ်။ ၁ နှစ်လုပ်ခွင့်တော့ရခဲ့ပါတယ်။ ၃၀ ရာနှုန်းပြန်
ပေးခဲ့ပြီး ၁ နှစ်ကိုကြမ်းခင်းဈေးနဲ့လုပ်ခွင့်ရတဲ့
သဘောပါပဲ။သို့ပေမယ့် ဒီကိစ္စကို အင်းသူကြီး
တွေကမကျေနပ်ခဲ့ပါဘူး။ဘာ့ကြောင့်လဲဆို တော့ဒါကခေတ်အဆက်ဆက်မင်းမူကြီးစိုးခဲ့
တဲ့၊လက်ဝါးကြီးအုပ်ခဲ့တဲ့သူတို့ရဲ့စွမ်းရည်ကို ထိခိုက်လိုက်လို့ပါပဲ။နားရွက် တံတွေးနဲ့ဆွတ် တယ်ဆိုပြီး မကျေနပ်ဘူး မြည်တွန်တောက် တီးပြီး တိုင်ကြပါတယ်။ဦးဘဟိန်းပြုတ်ရေး ဒို့ အရေး ပေါ့လေ။တစ်ခါထပ်ပြီးဆရာဦးဘဟိန်းဟာ Community Fishery သဘောတရား
တွေလေ့လာ အဏ္ဏဝါသိပ္ပံအသင်းကဆရာတွေ နဲ့တွေ့ဆုံ၊ပညာရှင်တွေရဲ့အကြံဉာဏ်တောင်းပြီး စတင်အကောင်အထည်ဖော်ဖို့ ဥပဒေ တွေကို လေ့လာပါတယ်။၂၀၁၂ မှာဝန်ကြီးလုပ် ပိုင်ခွင့်ပုဒ်မ ၅၀ ကိုကျင့်သုံးပါတယ်။Community Fishery ကိုဌာနကမဆန့်ကျင်ပေမယ့် အင်းသူကြီးတွေကနေတစ်ဆင့်ဆန့် ကျင်စေပါတယ်။ဥပဒေမှာမရှိဘဲလုပ်တယ်။ တရားမ၀င်ဘူး။ခြေဥနဲ့ဆန့်ကျင်တယ်။ဒီလို ကြွေးကြော်ပြီးဆန္ဒပြတယ်။တိုင်တယ်။
ဆရာဦးဘဟိန်းက မီဒီယာကအမေးကိုပြန် ရှင်းတယ်။ဒါ ငါးလုပ်ငန်းစိတ်ဝင်စားသူတိုင်း သိပြီးသားကိစ္စမို့ အကျယ်မပြောတော့ဘူး။
ကျနော့်ကောက်ချက်က ဦးဘဟိန်းဟာငွေ
ကြေးလာဘ်လာဘနဲ့ဖြားယောင်းပြီးကိုယ်လို ချင်သလိုလုပ်လို့ရတဲ့ပုဂ္ဂိုလ်မဟုတ်ဘူး၊၀န်ကြီးဆိုတဲ့ရာထူးကို မက်မောတွယ်တာနေတဲ့
ပုဂ္ဂိုလ်မဟုတ်ဘူး။ပြဿနာကအဲ့ဒီ့ကစတာ။
အင်းသူကြီးဆိုတာက ဆရာဦးဘသော်သူ့တ ပည့်တွေကိုဆုံးမသလို လူကိုအရင်ဖတ်တဲ့။
လူလည်တွေကိုး သူတို့မှာ ဓန မာနရှိနေလေ ရဲ့။ဒီဓနကို အင်အားအဖြစ်သူတို့သုံးတယ်။ ခေတ်အဆက်ဆက် သူတို့ရဲ့ဓနအောက်မှာ ပြားပြားဝပ်ခဲ့ရသူချည်းပဲ။ပြားပြားမ၀ပ်တဲ့ဝန် ကြီးတစ်ပါးဟာ သူတို့ရဲ့ဘုံရန်သူကြီးဖြစ်သွား
တယ်။ဘုံရန်သူလို့ပြောတာတာဟာပြားပြား အ၀ပ်ခံချင်သူတွေရဲ့ရန်သူလည်း ဖြစ်ခဲ့ရလို့ပဲ
ကျနော်သိသမျှသာရေးရရင် ဟာခနဲ ဟင်ခနဲ တောင်ဖြစ်သွားအုံးမယ်။ထားတော့။
ဝန်ကြီးချုပ်နဲ့ဆရာဦးဘဟိန်းလည်းအနားယူ ရောသူတို့နေရာကိုဆက်ခံတဲ့ဆရာတွေကတာ ၀န်ကြီးပြန်ရော။ဒီတော့ လွှတ်တော်ပိုင်းကို လှမ်းကြည့်ရတယ်။သူတို့ကဥပဒေဆွဲနေတာ ကိုး။
ဥပဒေကြမ်းကော်မတီကဆွဲတဲ့ဥပဒေကြမ်း ထွက်လာတယ်။ကောင်းလိုက်တာ ကောင်း လိုက်တာ။စိတ်ပျက်ဖို့။
ငါးလုပ်ငန်းသဘောတရားလည်းမမိ၊commu nity fishery သဘောတရားလည်းမဟပ်မိ၊
၂၀၁၂ လောက်တောင်မကောင်း ဘီကြားဥပ ဒေကြမ်းဖြစ်ခဲ့တယ်။
ဒီဘီကြားကို Public Hearing လုပ်တယ်။ခရိုင်တွေမှာ။ရေလုပ်သားအစုအဖွဲ့ခေါင်းဆောင်တွေကလည်း သူတို့ဖြစ်ချင်တာတွေ ထည့်ဖို့၊ငါးလုပ်ငန်းဦးစီးမှူးတွေကလည်းသူ တို့ဖြစ်ချင်တာတွေထည့်ဖို့၊အင်းသူကြီးတွေက လည်းသူတို့ဖြစ်ချင်တာတွေထည့်ဖို့ ကိုဝိုင်းဆွေးနွေးကြတာ အားရပါးရပါပဲ။
ကျနော်ကကြိုသိနေတာတစ်ခုရှိတယ်။ပြော လေကြိုက်တာ။သူထည့်ချင်မှဖြစ်တာ။ဥပဒေ ကြမ်းကော်မတီကသာအဓိက။
မကြာပါဘူး လွှတ်တော်ကိုယ်စားလှယ်တွေ တောင်ပုဒ်မတစ်ခုချင်းမဆွေးနွေးလိုက်ရဘူး။
ရက်ပိုင်းလေးတင် ဥပဒေကြမ်းကော်မတီဆွဲ တဲ့အတိုင်းကိုအတည်ပြုလိုက်တယ်။ပြတ်က ရော။ဒီကိစ္စမှာ ကျနော်ကဘာလေမှမကုန်ပါ ဘူး ထိုင်ပဲလေ့လာနေတာ။
လွှတ်တော်က ဥပဒေပညာရှင်ဆိုသူတွေနဲ့
ဥပဒေချုပ်ပါပါတဲ့အစိုးရအကြောင်းတော့ အနည်းငယ်လေးထောက်ပြချင်ရဲ့။
၎/၂၀၁၈ ကိုလွှတ်တော်မှာအတည်ပြုပြဌာန်း ပြီးပြီမို့ လွှတ်တော်ကနေ အစိုးရအဖွဲ့ထံပို့ လိုက်ပါတယ်။သူတို့ဥပဒေလုပ်တာ ၂ နှစ်ကြာ
နီးပါးကြာပါတယ်။ဌာနကလည်းပြုစုပေးပါသ တဲ့။ဌာနကရော လွှတ်တော်ကရော ဆရာဦး
ဘဟိန်းပြုစုခဲ့တဲ့ဥပဒေကြမ်း ၂ ခုကိုမှီးပြီးဆွဲခဲ့
ကြတာပါပဲ။ဆရာဦးဘဟိန်းပြုစုတာ ၂ ခုရှိ
တယ်။အသစ်ဆွဲတာတစ်ခု၊၂၀၁၂ ကိုပြင်တာ
တစ်ခု။သူကစတာ။ကျန်တဲ့ ၂ ဖွဲ့က ဖြတ်ညှပ် ကပ်လုပ်တာ။ဥပဒေချုပ်က တည်းဖြတ်လိုက် သေးဆိုပဲ။
ကဲလာပါပြီ အဓိကပြောချင်တာ။
လွှတ်တော်ကြီးကိုမေးလိုက်ပါ။ခု ၂၀၁၈ ၁၉ အင်းရာသီိကို ဘယ်ဥပဒေကိုကိုင်တွယ်ပြီးစီမံ
ခန့်ခွဲသလဲလို့။
ဖြေပါလိမ့်မယ် ၂၀၁၈ ဧရာဝတီရေချိုငါးလုပ်ငန်းဥပဒေ။
အစိုးရနဲ့ဌာနကိုမေးလိုက်ပါ။
၂၀၁၈ ဧရာ ရေချို ဥပဒေ။
သူတို့အားလုံးကို ကျနော်ကပြောချင်တာ။
အာဏာမတည်သေးတဲ့ ဥပဒေကြီးကို ကိုင် တွယ်ပြီးအလုပ်လုပ်နေတယ်။
ဒါကို ပြောခဲ့တာ ဥပဒေပြဌာန်းပြီးပါပြီ။၎/၂၀၁၈ ကိုအတည်ပြုလိုက်ပြီ လို့ဆိုကတည်းက။
လွှတ်တော်ပိုင်းက ဥပဒေကြမ်းကော်မတီကို အရင်ပြောရမယ်။
ဥပဒေမှာ ၀န်ကြီးချုပ် လက်မှတ်ရေးထိုးထုတ်ပြန်သည့်အချိန်မှစ၍ အာဏာတည်သည် လို့ ထည့်မပြဌာန်းထားပါဘူး။
ဒီ့အတွက် အာဏာမတည်ပါဘူး။
ဒါကို ဆက်ငြင်းရင် သူတို့ဟာ ခြေဥ ပုဒ်မ ၁၉၅
ဂ ကိုမဖတ်ဘူး လို့ပဲမှတ်ရပါမယ်။နားမလည်ဘူးလို့ပဲ မှတ်ရပါမယ်။
ဟုတ်ပြီ လွှတ်တော်ပိုင်းက တာဝန်ရှိသူတွေ ကနားမလည်လို့။ထားတော့။
ကျင့်သုံးမယ့် အစိုးရ။သူ့မှာ ဥပဒေချုပ်ရှိတယ်
ပြန်တမ်းမှာမပါဘဲ အာဏာတည်တယ်ဆိုတော့က သူလည်းခြေဥ ၁၉၅ ကိုမဖတ်လို့ပဲ။
ဌာနကလည်း ပြောရဲပုံမပေါ်ဘူး။အဲ့ဒီ့ကာလက တိုင်းမှူးလည်းအလုပ်အတော် ရှုပ်နေပုံရတယ်။သူလည်းသိချင်မှသိမှာပါ။
ဒီတော့ ခုထိ ၂၀၁၂ ဧရာ ရေချိုသာ အာဏာ တည်ကြောင်း ထပ်ပြောလိုက်ပါရစေ။
တိုင်းဒေသကြီးအစိုးရအဖွဲ့ဥပဒေ အရ ပုဒ်မ ၂၃ ဃ မှာနိုင်ငံတော်ပြန်တမ်းမှာ ထည့်ရမယ် လို့ပါလေရဲ့။ဥပဒေချုပ်ကပြောရမှာ။
ဒီကိစ္စကို ၀န်ကြီးဦးတင်အောင်ဝင်းကတော့ ဆွေးနွေးတယ်၊တင်ပြတယ်လို့ ကြားမိပါတယ်။
ကဲနောက်ဆုံး အင်းသူကြီးတချို့နဲ့နောက်ကဆားအဖြစ်ပါတဲ့ ဆရာကြီးတချို့ကိုပြောပါ စေ။
ဝန်ကြီးပြုတ်ဖို့ ၀န်ကြီးချုပ်ပြုတ်ဖို့ တိုင်တာ လောက်ကတော့ လူတိုင်းလိုလို လုပ်တတ်ပါ
တယ်။
ပြုတ်သွားတော့ရော ဘာဖြစ်တုန်း။မူကဒါပဲမ ဟုတ်လား။ဥပဒေက ဒါပဲမဟုတ်လား။
သူတို့ဒီနှစ် ပိုထိသွားရောမို့လား။ထပ်ပြောအုံးမယ်။နည်းဥပဒေထွက်လာရင်သူတို့
ပိုကွဲအုံးမယ်။
ဒါ့ကြောင့် သူများမြှောက်ပေးတိုင်းမမြောက်ကြနဲ့။ခင်ဗျားတို့လည်း ဘာမှမဟုတ်ဘူး ဆို တာမှတ်ထားရမယ်။မူကအလုပ်မဖြစ်ရင်မူကို ပြောင်းပြီးစီမံရတယ်။မူကအလုပ်မဖြစ်ကြောင်းး
အကြောင်းပြချက်ခိုင်ခိုင်မာမာနဲ့ ခင်ဗျားတို့ ပြောနိုင်ရမယ်။
ကိုယ်အင်းမရလို့ပြောတဲ့ပုံစံတွေ အချိုးတွေက တော့အလုပ်မဖြစ်ပေဘူး။
ကိုယ်ကျိုးစီးပွားတစ်ခုတည်းကြည့်တာဟာ ငါး လုပ်ငန်းကို ဖျက်ဆီးနေတာနဲ့အတူတူပဲဆို တာကို သဘောပေါက်ရမယ်။
အဲ့တော့ အခွင့်အရေးဆုံရှုံးတယ်ထင်ရင်၊ငါး လုပ်ငန်းမတည်ငြိမ်ဘူး၊ကမောက်ကမဖြစ်စေ တယ် ဆိုရင်အကြောင်းပြချက်ခိုင်ခိုင်နဲ့တင်ပြ ဖို့လိုတယ်။အားပေးတယ်။လုပ်ကြ။အဆင့်ရှိ ရှိ ခပ်မြင့်မြင့်လေး။
ဌာနကိုလည်းအကြံပြုပါရစေ။
အစုအဖွဲ့နဲ့လုပ်လို့ရတဲ့အင်းရှိတယ်။မရတဲ့အင်းရှိတယ်။အကြောင်းပြချက်ခိုင်ခိုင်လုံလုံနဲ့ စာတမ်းပြုစုထားသင့်တယ် လို့ထင်ပါ တယ်။အင်းရဲ့တန်ဖိုးနဲ့ အစုအဖွဲ့ချတာဟာ မှားကြောင်းနဲ့အင်းရဲ့အမျိုးအစားနဲ့သာ ခွဲခြား သင့်ကြောင်းတင်ပြသင့်တယ်လို့မြင်ပါတယ်။
ဌာနက သတိထားရမယ့် အချက်ရှိပါတယ်။
၂၀၁၈ ဥပဒေနဲ့ တရားမစွဲမိပါစေနဲ့။
နားလည်တတ်ကျွမ်းတဲ့ရှေ့နေနဲ့ဆိုရင် ကွင်းလုံးကျွတ် လွတ်ပါလိမ့်မယ်။
အာဏာမတည်တဲ့ဥပဒေကြီးနဲ့တရားစွဲရင်ဌာနကပဲသိက္ခာကျပါလိမ့်မယ်။
မဖြစ်မနေစွဲရမယ်ဆိုရင် ပြန်တမ်းထဲမပါသေး ခင် ၂၀၁၂ဧရာ ရေချိုနဲ့သာစွဲပါ ပြေးမလွတ်ပါဘူး။
အစိုးရနဲ့ဌာနကို မေတ္တာရပ်ခံစရာရှိတယ်။
မေတ္တာရပ်ခံပြီးလည်းဖြစ်တယ်။
နည်းဥပဒေဆွဲရင် သေချာလေ့လာပြီး ငါးလုပ် ငန်းတိုးတက်ဖို့ရှုထောင့်၊ငါးသယံဇာတထိန်း ဖို့ရှုထောင့်၊အစုအဖွဲ့နဲ့အင်းသူကြီး၊လယ်နဲ့အစုအဖွဲ့၊လယ်သမားနဲ့အင်းသူကြီး တို့ရဲ့ ပဋိပက္ခတွေ နည်းနိုင်သမျှနည်းအောင် Cover ဖြစ်အောင်ဆွဲနိုင်မှသာ တည်ငြိမ်ပါလိမ့်မယ်။
မဟုတ်ဘဲအများညီတယ် ဆိုပြီး ကျွဲလို့ဖတ်လို့ကတော့ခြံခတ်တဲ့အထဲပါသွားပါလိမ့်မယ်။
မေတ္တာဖြင့်
KZYL.
Kyawzayar Lwin
No comments:
Post a Comment