ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ကုန်းပြင်နယ်မြေရဲစခန်းပိုင်တွင် 24.8.2018ရက်နေ့ 04:30 အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစုမှ ဒုရဲအုပ်စိုးလွင်၊ ကုန်းပြင်နယ်မြေရဲစခန်းမှ ဒုရဲအုပ်ငြိမ်းချမ်းဉီး ဉီးစီး(4)ဉီး၊ ရေကြည်မြို့နယ်သစ်တောဉီးစီးဌာနမှ တောခေါင်း ဉီးမိုးမင်းသန်း ဉီးစီး(2)ဉီး၊ သက်သေ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာနမှ ကက္ကူလေးကျေးရွာအုပ်စုစာရေး ဉီးသိန်းတန်ပါ(2)ဉီးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ ရေနံသာကျေးရွာအုပ်စု ရေနံသာကျေးရွာအနီး မိုင်တိုင်အမှတ်(0/3)နှင့်(0/4)ကြား တွင်ရပ်တန့်ထားသောYGN 5K/5860 NISSAN ခရမ်းရောင် ၆ဘီးယာဉ်အား စစ်ဆေးရာ ၎င်းယာဉ်ခေါင်းခန်းတွင်အိပ်နေသော ဉီးဌေးလှိုင် 58နှစ် လှိုင်သာယာမြို့ ရန်ကုန်တိုင်းဒေသကြီး နေသူအားတွေ့ရှိရပြီး ယာဉ်ပေါ်တွင် တရားမဝင်သစ်များတင်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဉီးဌေးလှိုင်အား သစ်တောဉပဒေအရ ဆက်လက်စစ်ဆေးအရေးယူထားကြောင်း သိရှိရသည်။
ဇော်မျိုးအောင်
MCRA/SH
အမှန်တရားဂျာနယ်
No comments:
Post a Comment