Latest News
Friday, August 24, 2018
ယောင်္ကျားဖြစ်​သူမှဓားဖြင့်​ထိုးပြီး လည်​ပင်းညှစ်​ထားစဉ်​ မိန်​မဖြစ်​သူကပါ ကျားအင်္ဂါအားညှစ်​၍သတ်​​သော လူသတ်​မှု
MCRA/SH
အမှန်​တရားဂျာနယ်
#Unicode Version#
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ရွှေကျင်ရဲစခန်းပိုင် သပြေကုန်းကျေးရွာတွင် 22.8.2018ရက်နေ့ 18:30အချိန်တွင် လူသတ်မှုဖြစ်ကြောင်း သိရှိရသည်။
 ဖြစ်စဉ်မှာ မမိုးမိုး သပြေကုန်းကျေးရွာအုပ်စုနေသူသည် ၎င်း၏ခင်ပွန်းဖြစ်သူ ကိုအေးမင်းနှင့် ထက်ဝေအောင် မအိအောင်တို့ လင်မယားနှစ်ဉီးနှင့် မမိုးဝါ ဈေးဆိုင်အနီး ရန်ဖြစ်နေကြောင်း သိရှိရသဖြစ် ရန်ဖြစ်သည့်နေရာသို့လိုက်သွားခဲ့ရာ မအိအောင်မှ ခင်ပွန်းဖြစ်သူအေးမင်းအား သစ်သားတုတ်ဖြင့်ရိုတ်ရာ တရားလိုမမိုးမိုး၊ နိုင်စိုး၊ဒေါ်အေးဝင်းတို့မှ ဝင်ရောက်ဖြန်ဖြေရာမရဘဲ ဆက်လက်၍တရားခံထက်ဝေအောင်မှ လွယ်အိတ်ထဲတွင်အသင့်ပါလာသော အရိုး ၄လက်မခွဲ၊ အသွား ၆လက်မခွဲ၊ ဗျက် ၁လက်မခွဲရှိ စတီးဓားဖြင့် ထိုးရာ ကိုအေးမင်းမှာပက်လက်လှန်လဲကျသွားစဉ်  ထက်ဝေအောင်မှကိုယ်ပေါ်တက်ခွကာလည်ပင်းညှစ်ထားစဉ် မအိအောင်မှလည်း ကိုအေးမင်း၏ ယောင်္ကျားအင်္ဂါအား လက်ဖြစ်ညှစ်သဖြင့် ခင်ပွန်းဖြစ်သူတွင် ဝဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာတစ်ချက် ၊ယာဘက်ကျောကုန်း၌ ပွန်းပဲ့ဒဏ်ရာ ၄ချက်၊လည်ပင်းယာဘက် ပွန်းပဲ့ဒဏ်ရာ (4)ချက်တို့ ရရှိသွားခဲ့ကြောင်း ၎င်းလည်းဝင်ဆွဲရာမရသဖြင့် သပြေကုန်းရဲကင်းသို့ သွားရောက်အကြောင်းကြားပြီး ပြန်လာချိန်တွင် အနီးအနားရှိလူများမှ ခင်ပွန်းဖြစ်သူအား သပြေကုန်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်သည်ဟုသိရှိရပြီး သပြေကုန်းတိုက်နယ်ဆေးရုံမှ ရွှေကျင်တိုက်နယ်ဆေးရုံသို့ ထပ်မံပို့ဆောင်စဉ် လမ်းတွင်သေဆုံးသွားသိရှိရသဖြင့် ခင်ပွန်းဖြစ်သူ ကိုအေးမင်းအား ဓားနှင့်ထိုး တုတ်နှင့်ရိုတ်လည်ပင်းအားညှစ်ပြီး ကျားအင်္ဂါအားလက်ဖြင့်ညှစ်သတ်သူများဖြစ်သည့် ထက်ဝေအောင်၊မအိအောင်တို့အား ဉပဒေအရအရေးယူပေးရန် ရဲစခန်းသို့လာရောက်တိုင်တန်းသဖြင့် ရွှေကျင်ရဲစခန်းမှ (ပ)92/2018 ရာဇသတ်ကြီးဉပဒေပုဒ်မ 302/114 ဖြင့် အမှုဖွင့် ဆက်လက် အရေးယူဆောင်ရွက်နေကြောင်းသိရှိရသည်။ဇော်မျိုးအောင်
MCRA/SH
အမှန်တရားဂျာနယ်
No comments:
Post a Comment