Latest News

Saturday, August 4, 2018

ငါးသိုင်းချောင်းမြို့၌သဘာဝဘေး(ရေဘေးသင့်)ဒေသများသို့သွားရောက်လှူဒါန်းရန်အလှူခံဌာနဖွင့်လှစ်

ငါးသိုင်းချောင်းမြို့၌သဘာဝဘေး(ရေဘေးသင့်)ဒေသများသို့သွားရောက်လှူဒါန်းရန်အလှူခံဌာနဖွင့်လှစ်



ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့၌ ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့၌ဖြစ်ပေါ်ခဲ့သော သဘာဝဘေးရေကြီးရေလျှံမှုဖြစ်စဉ်များ၌ရေဘေးရှောင်ပြည်သူများအားထောက်ပံ့ကူညီနိုင်ရန် ငါးသိုင်းချောင်းမြို့အမျိုးသားခန်းမတွင် သြဂုတ် ၂ ရက်နေ့မှစတင်၍ အလှူခံဌာနဖွင့်လှစ်ခဲ့ပြီး ဒေသခံလူမှုရေးအသင်းအဖွဲ့များ/ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများမှအလှည့်ကျအလှူခံခြင်း/မြို့ပေါ်ရပ်ကွက်များအတွင်းလိုက်လံနှိုးဆော်အလှူခံခြင်းတို့ဆောင်ရွက်လျှက်ရှိပြီး စေတနာရှင်အလှူရှင်များမှလည်းအလှူခံဌာနသို့လာရောက်လှူဒါန်းခြင်းများလည်းရှိနေကြောင်းသိရှိရသည်။

သြဂုတ် ၆ ရက်နေ့တွင် အလှူခံစုဆောင်းထားသော ကယ်ဆယ်ရေးပစ္စည်းများနှင့်အလှူငွေများအား ရေဘေးသင့်ဒေသများရှိရေဘေးရှောင်ပြည်သူများထံသို့သွားရောက်လှူဒါန်းကြမည်ဖြစ်ပြီး ၂၀၁၅/၂၀၁၆/၂၀၁၇ ခုနှစ် များတွင်ငါးသိုင်းချောင်းမြို့ငဝန်မြစ်ရေကြီးမြင့်ခဲ့မှုဖြစ်စဉ်၌ နိုင်ငံတော်အစိုးရနှင့် ပြည်တွင်းပြည်ပမှစေတနာရှင်အလှူရှင်များမှ ဝိုင်းဝန်းစုပေါင်းလာရောက်ထောက်ပံ့အားပေးလှူဒါန်းခဲ့ကြကြောင်း/သဘာဝဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် မိမိတို့တတ်အားသ၍အပြန်အလှန်ကူညီခြင်း/စုပေါင်းကူညီစောင့်ရှောက်ခြင်းဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲအလုပ်အမှုဆောင်ဦးအောင်စိုးမြင့်ကပြောကြားခဲ့ပြီး ငါးသိုင်းချောင်းမြို့ငဝန်မြစ်ရေသည် လက်ရှိအချိန်အထိစိုးရိမ်ရေအမှတ်အောက်တွင်သာရှိနေပြီး ဒေသခံပြည်သူများမှာလည်း ပုံမှန်ဆက်သွယ်သွားလာလျှက်ရှိနေကြောင်းသိရသည်။
                             
စိုးမင်းဦး(ပြန်/ဆက်)

No comments:

Post a Comment