အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားခေါင်းဆောင်ထံသို့ နျူကလီးယားကင်းစင်ရေး စာရေးသားပေးပို့
ဝါရှင်တန် သြဂုတ် ၃
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း၏စာအား လက်ခံရရှိပြီး နောက် စာပြန်လည်ပေးပို့ခဲ့ရာ အဆိုပါ စာမှာ မကြာခင်အချိန်အတွင်း ကင်ဂျုံ အန်းထံသို့ ရောက်ရှိတော့မည်ဖြစ် ကြောင်း မကြာသေးမီက အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဆာရာဟက် ကာဘီ ဆန်ဒါးက ပြောခဲ့သည်။
နှစ်နိုင်ငံ ခေါင်းဆောင်များအနေဖြင့် စင်ကာပူနိုင်ငံ၌ တွေ့ဆုံစဉ်အတွင်း ပြုလုပ် ခဲ့သော ကတိစကားများအတိုင်း ကိုရီး ယားကျွန်းဆွယ် နျူကလီးယားလုံးဝ ကင်းစင်ရေးကို တွန်းအားပေးဆောင် ရွက်ရေး စသည့်ကိစ္စရပ်များကို စာရေး သားပေးပို့ ဆွေးနွေးခဲ့ကြကြောင်း ဆန်ဒါးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံက ကိုရီးယား စစ်ပွဲအတွင်း ကျဆုံးခဲ့သော အမေရိကန် တပ်ဖွဲ့ဝင်များ၏ ရုပ်ကြွင်းများကို ပြန်လည်ပေးပို့ခဲ့သည့်အပေါ် ကျေးဇူး တင်ရှိပါကြောင်းနှင့် အမေရိကန်နှင့် မြောက်ကိုရီးယားနှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုများတွင် ရရှိလာသော တိုးတက်မှုများကို ဆက်လက်၍ တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆန်ဒါးက ပြောခဲ့သည်။
အမေရိကန်နိုင်ငံ စစ်ဘက်ဆိုင်ရာက သြဂုတ် ၁ ရက်တွင် ဟာဝိုင်ယီတွင် မြောက်ကိုရီးယားနိုင်ငံမှ ပြန်လည်ပေးပို့ သည့် အမေရိကန်တပ်ဖွဲ့ဝင် ရုပ်ကြွင်း ၅၅ လောင်းကို ပြန်လည်လက်ခံသည့် အခမ်း အနားတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရ သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့် ကင်ဂျုံအန်းတို့သည် ဇွန် ၁၂ ရက်က စင်ကာပူနိုင်ငံတွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ကျင်းပခဲ့ပြီး ပူးတွဲကြေညာချက် တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားနိုင်ငံအား လုံခြုံရေး ဆိုင်ရာ အာမခံချက်ပေးမည်ဟု ကတိပြု ခဲ့ပြီး ကင်ဂျုံအန်းကလည်း ကိုရီးယား ကျွန်းဆွယ် နျူကလီးယားလုံးဝကင်းစင် ရေး ထပ်မံကတိပြုခဲ့ကြောင်း သိရ သည်။
ဆင်ဟွာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment