အမေရိကန်နိုင်ငံသားဘုန်းတော်ကြီးတစ်ပါးကို တူရကီက ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့တူရကီတို့ သဘောထားတင်းမာလာချိန် အပြန်အလှန်ပိတ်ဆို့မှုတွေ ပြုလုပ်လာကြပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်း ကလည်း တူရကီတရားရေးနဲ့ ပြည်ထဲရေးဝန်ကြီးတို့ရဲ့ အမေရိကန်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်က ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တူရကီကတော့ အမေရိကန်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ တူရကီက ဖမ်းဆီးထားတဲ့ အမေရိကန်ဘုန်းတော်ကြီးကိုတော့ ပြန်လွှတ်မပေးခဲ့ပါဘူး ။ ဒီလိုနဲ့ တဖြည်းဖြည်း နှစ်နိုင်ငံဆက်ဆံရေးဟာပိုပိုဆိုးရွားလာပြီး ပိတ်ဆို့မှုတွေ အပြန်အလှန်လုပ်ဆောင်လာခဲ့ကြပါတော့တယ်။
အခွန်စည်းကြပ်မှု
နှစ်ဆလုပ်ဆောင်
လွန်ခဲ့တဲ့သီတင်းပတ်ကပဲ အမေရိကန် ဟာ တူရကီအပေါ် အခွန်စည်းကြပ်မှု နှစ်ဆပြုလုပ်လိုက်ပါတယ်။ အဲဒီအခါ မှာတော့ တူရကီရဲ့ ငွေကြေးတန်ဖိုး ဟာ ၂ဝ ရာခိုင်နှုန်း ထိုးကျသွားပါတယ်။ ဒါပေမယ့်လည်း တူရကီကတော့ ဆက်လက်ခေါင်းမာဆဲပါပဲ။
သမ္မတအာဒိုဂန်ဟာ တူရကီရဲ့ စီးပွားရေးကို တည်ငြိမ်အောင်လုပ်မယ်။ နိုင်ငံခြားငွေမှာ ရင်းနှီးမြှုပ်နှံခြင်းဖြင့် ရန်သူကို အရှုံးမပေးဘူးလို့ ကြေညာခဲ့ ပါတယ်။
အမေရိကန် အီလက်ထရွန်နစ်
ပစ္စည်းများကို သပိတ်မှောက်
နောက်ပြီးတော့ သမ္မတအာဒိုဂန် ဟာ အမေရိကန်ကထုတ်တဲ့ အီလက် ထရွန်နစ်ပစ္စည်းတွေကိုလည်း သပိတ် မှောက်မယ်လို့ ကြေညာခဲ့ပါတယ်။
တကယ်လို့များအမေရိကန်မှာ အိုင်ဖုန်းရှိတယ်ဆိုရင် တခြားတစ်ဖက် မှာလည်း ဆမ်ဆောင်းရှိတယ်လို့ အာဒိုဂန်က ပြောခဲ့ပါတယ်။ ဗစစူန နဲ့ သူ့ရဲ့ ပြိုင်ဘက်ဆမ်ဆောင်းတို့ကို ရည်òန်းပြီး ပြောဆိုခဲ့တာပဲဖြစ်တယ်။
အာဒိုဂန်ဟာ အရင်တုန်းကဆိုရင် ဗစစူန ထုတ် င ဏ့သညန နဲ့ င ဏေိ တို့ကို နှစ်ခြိုက်စွာသုံးစွဲခဲ့တာကို သူ့ ဓာတ်ပုံတွေထဲမှာ ခဏခဏ မြင်ရပါ တယ်။ အခုအခါမှာတော့ သူဟာ ဗစစူန ကိုသပိတ်မှောက်ဖို့ ဆုံးဖြတ် လိုက်ပါပြီ။
ဒါ့အပြင် အီလက်ထရွန်နစ် ပစ္စည်းတွေအတွက်ဆိုရင် ဠနညကျ နဲ့ ကုမ္ပဏီကြီးတွေရှိတယ်လို့ ပြောခဲ့ပါ တယ်။ အဲဒီ ကုမ္ပဏီကြီးနှစ်ခုဟာ တူရကီအီလက်ထရွန်နစ် ကုမ္ပဏီကြီး တွေပဲ ဖြစ်တယ်။
တူရကီလေကြောင်းလိုင်း၏ လှုပ်ရှားမှု
တူရကီ လေကြောင်းလိုင်းက လည်း ဆိုရှယ်မီဒီယာမှာ ဆင်နွှဲနေတဲ့ လှုပ်ရှားမှုတစ်ရပ်ဖြစ်တဲ့ ''အမေရိကန် ကိုအလျှော့မပေးဘူး''ဆိုတဲ့ လှုပ်ရှား မှုမှာပါဝင်မယ်လို့ ကြေညာခဲ့ပါတယ်။
တူရကီ လေကြောင်းလိုင်းက လည်း တူရကီနိုင်ငံ ပြည်သူတွေနဲ့ တစ်သားတည်းရှိမယ်လို့ ကြေညာခဲ့ပါ တယ်။ အခုဆိုရင် တူရကီဟာ စီးပွား ရေးတိုက်ပွဲနဲ့ ရင်ဆိုင်နေရတာပါလို့ အာဒိုဂန်က ပြောခဲ့ပါတယ်။
အမေရိကန်အပေါ် စီးပွားရေးကို လက်နက်အဖြစ် အသုံးပြုဖို့ရာ နောက် တွန့်နေမှာမဟုတ်ဘူးဆိုပြီး အာဒိုဂန်က ပြောဆိုခဲ့ပါတယ်။
တူရကီမြို့တော် အန်ကာရာမှာ ရောက်ရှိနေတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလက်ရို့ဗ်ကတော့ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုဟာ တရားမဝင်တဲ့ မူဝါဒတစ်ခုသာဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
က္ဘာ့ကုန်သွယ်ရေးမှာ အမေရိကန် ဟာ ပြိုင်ဘက်တွေအပေါ်မှာ တရားမျှတမှု မရှိ အကျိုးအမြတ်ရယူဖို့ ကြိုးပမ်းနေတယ် လို့ သူက ဆက်ပြောပါတယ်။
တူရကီငွေကြေးကျဆင်း
အခုဆိုရင် တူရကီငွေကြေးမှာ ဘာတွေ ဆက်ဖြစ်နေပြီလဲ။ ဇန်နဝါရီလ ကစလို့ တူရကီငွေကြေးလိုင်ရာဟာ ၃၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပါတယ်။ ဒါကြောင့် နေ့စဉ်အသုံးပြုရတဲ့ ကုန်ပစ္စည်း တွေမှာ ဈေးတက်လာပါတယ်။
တူရကီငွေကြေး လိုင်ရာတန်ဖိုး ကျဆင်းလာတဲ့အတွက် စတီးလ်နဲ့အလူ မီနီယံပစ္စည်းတွေမှာ အခွန်နှစ်ဆစည်း ကြပ်လိုက်တာဖြစ်တယ်။ တူရကီနဲ့ အမေ ရိကန်တို့ရဲ့ ဆက်ဆံရေးဟာလည်း ကောင်းမွန်တဲ့ အခြေအနေမှာ မရှိဘူးလို့ အမေရိကန်သမ္မတ ထရန့်က တွစ်တာပေါ် မှာ ရေးသားခဲ့ပါတယ်။
စီးပွားရေးစစ်ပွဲ
တူရကီသမ္မတကတော့ တူရကီငွေ ကြေးဖောင်းပွမှုအပေါ် တာဝန်ယူဖြေရှင်း ပေးရမှာဖြစ်ပြီး ငွေကြေးတန်ဖိုးကျဆင်း ရခြင်းဟာ အင်အားကြီးနိုင်ငံတွေရဲ့ ပယောဂကြောင့်လို့ စွပ်စွဲပြောဆိုခဲ့ပါ တယ်။
အခုဆိုရင် တူရကီဟာ စီးပွားရေး အကျပ်အတည်းကို ဦးတည်နေပြီလား လို့စိုးရိမ်စရာရှိပါတယ်။ သောကြာနေ့က တူရကီသမ္မတပြောခဲ့တဲ့ ရုပ်သံမိန့်ခွန်းမှာ ဆိုရင် လိုင်ရာတန်ဖိုးအတွက် နိုင်ငံခြား ငွေကြေးတွေနဲ့ ရွှေတွေကို လဲလှယ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။
ပြီးတော့ဒါကိုလည်း စီးပွားရေးစစ်ပွဲ လို့ ခေါ်ဝေါ်ခဲ့ပါတယ်။ တူရကီဗဟိုဘဏ် ကလည်း ဘဏ်တွေကို ငွေကြေးထောက်ပံ့ ပေးဖို့ ကတိပြုခဲ့ပါတယ်။ တိုင်းပြည်ရဲ့ ဘဏ္ဍာရေးဝန်ကြီးဟာ မစ္စတာအာဒိုဂန်ရဲ့ သမက်ဖြစ်ပြီး သူဟာ အပြည်ပြည်ဆိုင်ရာ က ရင်းနှီးမြှုပ်နှံသူ ၁ဝဝဝ ဝန်းကျင်ခန့် နဲ့ ကြာသပတေးနေ့မှာ ဆွေးနွေးပွဲလုပ်ဖို့ ပြင်ဆင်ထားပါတယ်။
တူရကီဘက်ကလည်း အမေရိကန် အီလက်ထရွန်နစ် ပစ္စည်းတွေကို သပိတ် မှောက်မယ်ဆိုပြီး ကြေညာခဲ့တော့ အမေ ရိကန်ဘက်က နောက်ထပ်တုံ့ပြန်မှု ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကို တူရကီပြည်သူတွေက စိတ်မသက်မသာ နဲ့ စောင့်ဆိုင်းနေကြရပါတယ်လို့ တူရကီ ဆိုင်ရာ ဘီဘီစီသတင်းထောက်က ပြော ပါတယ်။
ဖြစ်ရပ်များ၏ အရင်းခံ
ဒီဖြစ်ရပ်တွေအားလုံးဟာ တူရကီက ဖမ်းဆီးထားတဲ့ အမေရိကန်ဘုန်းကြီး အန်ဒရူးကြောင့်လားလို့ ထင်စရာရှိပါ တယ်။ အန်ဒရူးကို ဖမ်းဆီးထားမှုကို အကြောင်းပြုပြီး အမေရိကန်ဟာတူရကီ ကို အနိုင်ယူဖို့ ကြိုးပမ်းနေတယ်လို့ တူရကီသမ္မတက စွပ်စွဲခဲ့ပါတယ်။
အမေရိကန်ဆိုင်ရာ တူရကီ သံအမတ် ဆန်ဒရာကီလစ်ဟာ အမေရိ ကန်က အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘော်တန်နဲ့ တနင်္လာနေ့က တွေ့ဆုံမှု တွေ ပြုလုပ်ခဲ့ပါတယ်။
တူရကီသံတမန်ကတော့ အမေ ရိကန်အနေနဲ့ တူရကီအပေါ် ခြိမ်းခြောက်မှု တွေ၊ ဖိအားပေးမှုတွေချည်း ဆက်လက် လုပ်ဆောင်နေရင် နှစ်နိုင်ငံဆက်ဆံရေးကို ပျက်စီးသွားရုံမှတစ်ပါး အခြားဘာမှ ဖြစ် မလာနိုင်ဘူး။ တကယ်လို့များ တူရကီနဲ့အဆင်ပြေချင်တယ်ဆိုရင်တော့ ခြိမ်း ခြောက်မှုတွေ ဆက်လက်မလုပ်ဆောင်ဖို့လိုအပ်တယ်လို့ သတိပေးစကားဆိုခဲ့ ပါတယ်။
အမေရိကန်ဘက်ကတော့ အန်ဒရူး ဟာ တူရကီမှာ အခြေချတာ ကြာပြီဖြစ်ပြီး သူ့ကိုဖမ်းဆီးထားမှုဟာ တရားမျှတမှုမရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ မစ္စတာ အန်ဒရူးဟာ အကြမ်းဖက်မှုတွေ လုပ်ဆောင်တတ်တဲ့ တူရကီအလုပ်သမား ပါတီနဲ့ အာဏာသိမ်းဖို့ကြိုးပမ်းမှု နောက် ကွယ်က ကြိုးကိုင်သူလို့ယူဆရတဲ့ မစ္စတာ ဂူလန်တို့နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး အဖမ်းခံခဲ့ရတာလည်း ဖြစ်တယ်။
အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ ဆာရာဆန်ဒရာကတော့ အန်ဒရူးမှာ အပြစ်ရှိတယ်လို့ စွပ်စွဲနိုင်လောက်တဲ့ သက်သေအထောက်အထား မရှိဘူးလို့ ပြောပါတယ်။ မစ္စတာ အန်ဒရူးဟာ သူလျှိုလုပ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက် ကို ငြင်းဆိုခဲ့ပြီး တကယ်လို့များ သူ့မှာ အပြစ်ရှိတယ်လို့ ပြစ်မှုထင်ရှားရင် တော့သူဟာ ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံရမှာပဲ ဖြစ်တယ်။
တခြားနိုင်ငံများအပေါ် ရိုက်ခတ်မှု
ဒီကိစ္စနဲ့ ပတ်သက်ပြီး အပြည် ပြည်ဆိုင်ရာက အကျိုးသက်ရောက်မှု တွေက ဘာတွေလဲ။ အမေရိကန်နဲ့ တူရကီတို့ကြား ပဋိပက္ခတွေကြောင့် တခြားသော နိုင်ငံတွေရဲ့ ငွေကြေး တန်ဖိုးကိုလည်း ရိုက်ခတ်မှုတွေရှိလာ ပါတယ်။
အဲဒီအထဲမှာ အိန္ဒိယရူပီးငွေ လည်း အပါအဝင်ပါပဲ။ ရင်းနှီးမြှုပ်နှံသူ တွေကလည်း လိုင်ရာတန်ဖိုးကျဆင်း သွားခြင်းဟာ အခြားသောဖွံ့ဖြိုးဆဲ နိုင်ငံတွေကိုလည်း ခြိမ်းခြောက်မှုရှိ လာမှာ စိုးရိမ်ကြပါတယ်။
အိန္ဒိယအစိုးရကတော့ ရူပီး ငွေတန်ဖိုး ကျဆင်းသွားခြင်းအပေါ် အကြောက်မလွန်ကြဖို့ အင်္ဂါနေ့ကပဲ တိုက်တွန်းထားပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်ကပဲ ရုရှား၊ အာဂျင်တီးနား၊ ဘရာဇီး၊ တောင်အာဖရိကနဲ့ မက္ကဆီကို နိုင်ငံတို့မှာ ငွေကြေးတန်ဖိုးကျဆင်း သွားတာနဲ့ ကြုံခဲ့ရပါတယ်။
အခုဆိုရင် အမေရိကန်နဲ့ တူရကီ တို့ရဲ့ စီးပွားရေးတိုက်ပွဲဟာလည်း ပြင်းထန်လာပါပြီ။ အမေရိကန်ဘက်က ခြိမ်းခြောက်မှုတွေ၊ ပိတ်ဆို့မှုတွေ တစ်ဆင့်ပြီးတစ်ဆင့် ပြုလုပ်နေပေမယ့် လည်း တူရကီဘက်ကတော့ ခေါင်းမာ မာနဲ့ ဆက်လက်တောင့်ခံနိုင်ဖို့ ကြိုးစား ဆဲပါ။ ဒီတိုက်ပွဲမှာ ဘာတွေဆက်ဖြစ် မလဲဆိုတာကတော့ ရင်တထိတ်ထိတ် နဲ့ စောင့်ကြည့်ရမှာပါပဲ။
ခြူးစန္ဒီနွေး၊ကိုးကား -အေအက်ဖ်ပီ၊ ဘီဘီစီ
No comments:
Post a Comment