ဓာတ်မြေသြဇာ သံသရာစက်ဝန်း
က္ဘာ့လူဦးရေ အဆမတန် တိုးပွားလာနေခြင်း သည် ကောက်ပဲသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ကိန်း ဂဏန်းများကို ပို၍ ကြီးထွားလာစေသည်။ တိုးပွား လာသော လူဦးရေနှင့်အညီ စိုက်ပျိုးမြေများကို ချဲ့ထွင်ကြသော်လည်း အလှမ်းကွာဝေးလွန်းလှ သော စိုက်ခင်းများတွင် ပြုစုပျိုးထောင် စိုက်ပျိုး ရသော စရိတ်စကများက ကြီးလေးသည့်အတွက် စိုက်ပျိုးလက်စ မြေဧရိယာအတွင်း၌ပင် ကောက်ပဲ သီးနှံများ အထွက်တိုးအောင် နည်းမျိုးစုံဖြင့် ကြံဆလာကြသည်။
တောင်သူတို့၏ အားကိုးအားထားပြုစရာ
ဤသို့အားဖြင့် ကောက်ပဲသီးနှံ အထွက်နှုန်း ကို တိုးပွားစေသည့် ဓာတ်မြေသြဇာများသည် စိုက်ပျိုးတောင်သူတို့၏ အားကိုးအားထားပြုစရာ ဖြစ်လာခဲ့တော့သည်။ စပါး၊ ဂျုံ၊ ပဲ၊ နှမ်း၊ ပြောင်း စသော ရာသီသီးနှံများကို စိုက်ပျိုးရန် စဉ်းစား သည့်အခါတွင် ဓာတ်မြေသြဇာသုံးစွဲရေးကိုသာ ရှေ့တန်းတင်လာကြတော့သည်။ ကောက်ပဲသီးနှံ စိုက်ခင်းများတွင် ဓာတ်မြေသြဇာသုံးစွဲမှု ကာလ ကြာမြင့်လာသည့်အခါ မြေဆီလွှာကို ထိခိုက်မှု များ သိသိသာသာ ဖြစ်ပေါ်လာသည်။
ကောက်ပဲသီးနှံများ ရှင်သန်ကြီးထွား ဖွံ့ဖြိုး စေရေးအတွက် ဒြပ်စင် ၁၆ မျိုး လိုအပ်သည်။ ထိုဒြပ်စင်များမှာ ကာဗွန်ဒိုင်အောက်ဆိုက်၊ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်၊ နိုက်ထရိုဂျင်၊ ဖော့စ်ပရပ်စ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ ဆာလ်ဖာ၊ ဘိုရွန်၊ ကလိုရင်း၊ ကော့ပါး၊ အိုင်းယွန်း၊ ဇင့်၊ မင်းဂနီးစ်နှင့် မိုလီ ဒီနမ်တို့ ဖြစ်ကြသည်။
အဆိုပါ ဒြပ်စင် ၁၆ မျိုးအနက် ကာဗွန်ဒိုင် အောက်ဆိုက်၊ အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင် တို့ကို လေထုထဲမှ အရန်သင့် စုပ်ယူရရှိကြသည်။ ကျန်ဒြပ်စင်များကိုမူ မြေကြီးထဲမှ စုပ်ယူရရှိရန် လိုအပ်သည်။ မြေကြီးထဲမှတစ်ဆင့် ရရှိနိုင်သော ဒြပ်စင်များအနက် နိုက်ထရိုဂျင်သည် ကောက်ပဲ သီးနှံများ၏ အပင်ပိုင်းဆိုင်ရာကြီးထွားမှုကို ပံ့ပိုး ဖြည့်ဆည်းပေးပြီး ဖော့စ်ပရပ်စ်ကမူ ကောက်ပဲ သီးနှံများ၏ လိင်ပိုင်းဆိုင်ရာကြီးထွားမှုကို အဓိက အားဖြင့် ပံ့ပိုးဖြည့်ဆည်းပေးသည်။ ထိုအချက်ကို သိရှိထားကြသော ဓာတ်မြေသြဇာထုတ်လုပ်သူ များသည် နိုက်ထရိုဂျင်နှင့် ဖော့စ်ပရပ်စ်တို့ ထူးကဲ စွာဖြည့်စွက်ထားသော ဓာတ်မြေသြဇာများကို ထုတ်လုပ်ရောင်းချလျက် ရှိနေကြသည်။
ထိုသို့ ဓာတ်မြေသြဇာများကို သုံးစွဲစိုက်ပျိုးမှု နှစ်ကာလ ကြာရှည်လာသည့်အခါ ယင်းစိုက်ပျိုး မြေသည် နိုက်ထရိုဂျင်နှင့် ဖော့စ်ပရပ်စ်တို့သာြ<ွကယ်ဝနေပြီး ကျန်ဒြပ်စင်များ တဖြည်းဖြည်းနှင့် ချို့တဲ့ဆုံးရှုံးလာတော့သည်။ ထိုအခြေအနေသည် ကောက်ပဲသီးနှံအထွက်နှုန်းကို ကျဆင်းသွားစေရုံ မျှမက ထွက်ရှိလာသော ကောက်ပဲသီးနှံ၏ အရည် အသွေးကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေသည်။
ကောက်ပဲသီးနှံ မျိုးစိတ်များသည် တစ်ခုနှင့် တစ်ခု ကွဲပြားခြားနားနေကြသလို မြေကြီးထဲမှ စုပ်ယူစားသုံးကြရသော ဒြပ်စင်များ၏ အချိုး အဆသည်လည်း မျိုးစိတ်တစ်ခုနှင့်တစ်ခု မတူညီ ကြပေ။ အပင်မျိုးစိတ်တစ်ခုတည်း၌ပင်လျှင် ကြီးထွားဖွံ့ဖြိုးမှု မတူညီပါက မြေကြီးထဲမှ ဒြပ်စင်များကို စုပ်ယူသည့်ပမာဏနှင့် အချိုးအဆ တို့ကလည်း အမျိုးမျိုး ကွဲပြားခြားနားကြသည်။
မြေဆီလွှာ၏ ဇီဝဓာတုဖြစ်စဉ်များ
ဤသို့သော သဘောသဘာဝများကြောင့် ချို့တဲ့ဆုံးရှုံးသွားသော ဒြပ်စင်အားလုံးကို ပြန် လည်ဖြည့်တင်းမပေးဘဲ နိုက်ထရိုဂျင်နှင့် ဖော့စ် ပရပ်စ်တို့ကိုသာ ထပ်ကာတလဲလဲ ဖြည့်ဆည်း ပေးနေခြင်းသည်လည်းကောင်း၊ ကျန်ဒြပ်စင်များ ကို ဖြည့်ဆည်းပေးရာ၌ ဆုံးရှုံးမှုပမာဏအလိုက် အချိုးညီညီဖြင့် ဖြည့်ဆည်းမပေးနိုင်ခြင်းသည် လည်းကောင်း မြေဆီလွှာကို ထိခိုက်ပျက်စီးစေ သောအကြောင်းတရားများ ဖြစ်လာရတော့ သည်။ တစ်နည်းဆိုရသော် ရှိသင့်သောဒြပ်စင် များ မရှိတော့ခြင်းနှင့် ဓာတ်မြေသြဇာများ ကြောင့် အဆမတန်ပိုလျှံလွန်ကဲလာသော ဒြပ်စင် များသည် မြေဆီလွှာ၏ ဇီဝဓာတုဖြစ်စဉ်များကို ကမောက်ကမဖြစ်သွားစေခြင်းပင် ဖြစ်သည်။
ထို့ပြင် ဓာတ်မြေသြဇာများကို စီမံထုတ်လုပ် ရာ၌ ပါဝင်ရောနှောလာလေ့ရှိသည့် ခဲနှင့် ကက် ဒမီယမ်ကဲ့သို့သော ဒြပ်စင်များကြောင့် မြေဆီလွှာ နှင့်တကွ သဘာဝပတ်ဝန်းကျင်ကို အဆိပ် အတောက်ဖြစ်စေသည်။ ဓာတ်မြေသြဇာများကို အဖန်တလဲလဲ ထပ်ဆင့်သုံးစွဲလာကြသည့်အခါ ကောက်ပဲသီးနှံများသည် ဒြပ်စင်များကို လိုအပ် သည်ထက် ပိုမိုလွန်ကဲစွာ စုပ်ယူထားကြရပြီး အပင်ထဲ၌ ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် သိုလှောင် ထိန်းသိမ်းထားကြရသည်။
ပိုးသတ်ဆေးများသုံးလာရခြင်း
ထိုအခါ အပင်များသည် သိသိသာသာ အရည် ရွှမ်းလာပြီး အမိုင်နိုအက်ဆစ်နှင့် သကြားဓာတ် များလည်း ပိုမိုများပြားလာကြသည်။ အမိုင်နို အက်ဆစ်နှင့် သကြားဓာတ်ကို နှစ်ခြိုက်ကြသော အပင်ဖျက်ပိုးမွှားများလည်း အဆမတန် ပေါက် ပွားလာကာ အပင်များကို အုပ်စုလိုက် ဖျက်ဆီး ကုန်ကြတော့သည်။ ဤသို့အားဖြင့် ဓာတ်မြေ သြဇာသုံး၍စိုက်ပျိုးထားသော အပင်များသည် ဖွံ့ဖြိုးကြီးထွား သန်မာကြသည့်တိုင် အပင်ဖျက် အင်းဆက်ပိုးမွှားများ၏ အုပ်စုလိုက် ဖျက်ဆီးခံရ ခြင်းမှ လွတ်ကင်းစေရန်အတွက် ပိုးသတ်ဆေးကို အများအပြား သုံးစွဲကြရတော့သည်။
ကောက်ပဲသီးနှံစိုက်ခင်းများတွင် သုံးစွဲနေ ကြသော ပိုးသတ်ဆေးများကြောင့် က္ဘာပေါ် တွင် နှစ်စဉ် ပိုးသတ်ဆေးအဆိပ်သင့်သူ သုံးသန်း နှင့် အဆိပ်သင့်မှုကြောင့် သေဆုံးရသူ ၂၂ဝဝဝဝ အထိ ရှိနေကြောင်း က္ဘာ့ကျန်းမာရေးအဖွဲ့ ကြီး က သုတေသနပြု တွေ့ရှိရသည်။ ပိုးသတ်ဆေး သည် ဦးနှောက်နှင့် အာရုံကြောများ ထိခိုက်ခြင်း၊ ကင်ဆာဖြစ်ပွားခြင်းနှင့် သားမြုံမှုကို ဖြစ်စေပြီး မျိုးပွားမှုကိုထိခိုက်ခြင်းများ ဖြစ်စေနိုင်ကြောင်း သိပ္ပံပညာရှင်တို့က သတိပေးထားကြသည်။
မြေအောက်ရေကို ပျက်စီးစေခြင်း
ထို့အပြင် ကောက်ပဲသီးနှံစိုက်ခင်းများတွင် ပိုးသတ်ဆေးများကို တွင်တွင်ကျယ်ကျယ် သုံးစွဲ နေကြခြင်းကြောင့် ပိုးသတ်ဆေး ဓာတ်ြ<ွကင်းများ သည် က္ဘာ့မြေလွှာအတွင်းသို့ စိမ့်ဝင်ရောက်ရှိ ကာ မြေအောက်ရေများအတွင်း၌ ပျော်ဝင်လျက် ရှိနေကြသည်။ မြေအောက်ရေများကို တူးဖော် ရယူပြီး ခေတ်မီနည်းစနစ်များသုံးကာ သောက် ရေသန့်များအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိ ကြသော်လည်း သောက်ရေသန့်အများစုတွင် ပိုးသတ်ဆေးဓာတ်ြ<ွကင်းများ ပျော်ဝင်လျက်ရှိ နေကြောင်းကို သုတေသနပညာရှင်များက ဖော် ထုတ်တွေ့ရှိခဲ့ကြသည်။ ပိုးသတ်ဆေးဓာတ်ြ<ွကင်း များ ပျော်ဝင်နေသောရေသည် ကျောက်ကပ်၏ ခံနိုင်ရည်စနစ်နှင့် ဗဟိုနာဗ်ကြောတို့ကို ပြင်းထန် စွာ ထိခိုက်စေသည့်အပြင် ကင်ဆာရောဂါများ လည်း ဖြစ်ပွားလာစေနိုင်ကြောင်း ဆေးသိပ္ပံ ပညာရှင်တို့က ထုတ်ဖော်ကြေညာထားကြသည်။
ဓာတ်မြေသြဇာများကြောင့် သဘာဝမြေဆီလွှာ ၏ ဇီဝဓာတုဖြစ်စဉ်များ ကမောက်ကမဖြစ်ကာ မြေဆီလွှာပျက်စီးသွားရသလို ဆက်စပ် ဆိုးကျိုး များအဖြစ်လည်း စိုက်ပျိုးထွက်ရှိလာသော ကောက်ပဲသီးနှံများတွင် ပိုးသတ်ဆေးများ ကပ်ငြိ ကျရောက်နေမှုကြောင့် စားသုံးသူများအား ပိုးသတ်ဆေးအဆိပ်သင့်စေခြင်းနှင့် သောက် သုံးရေများတွင်ပါရှိလာသော ပိုးသတ်ဆေး ဓာတ်ြ<ွကင်းများကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ကြရခြင်းတို့ကို ဖြစ်ပေါ်စေသည်။
ကျန်းမာရေးဆိုင်ရာ ပြဿနာများ
ဓာတ်မြေသြဇာအားကိုးဖြင့် စိုက်ပျိုးသော ကောက်ပဲသီးနှံများ၏ သဘာဝအရ သီးနှံဖျက်ပိုး အများအပြား ကျရောက်မှုကို ကာကွယ်တိုက် ဖျက်ရန် ပိုးသတ်ဆေး အမြောက်အမြားကို သုံးစွဲကြရသောကြောင့် ပိုးသတ်ဆေးအဆိပ်သင့် မှုနှင့် ပိုးသတ်ဆေးဓာတ်ြ<ွကင်းအဆိပ်သင့်မှုတို့ကို ဖြစ်ပေါ် စေသလို ဓာတ်မြေသြဇာကြောင့် တိုက် ရိုက်ဖြစ်ပွားရသော အဆိပ်သင့်မှုမျိုးကလည်း နေရာအနှံ့တွင် ဖြစ်ပေါ်လျက်ရှိနေသည်။
စိုက်ခင်းများတွင် အသုံးပြုသော ဓာတ်မြေ သြဇာအများအပြားသည် မြေလွှာအောက် အနက် ပိုင်းအထိ စိမ့်ဝင်စီးဆင်းသွားပြီး ဓာတ်မြေသြဇာ တွင်ပါဝင်နေသည့် အဆိပ်သင့်စေသော ဓာတု ဒြပ်စင်များက မြေအောက်ရေများထဲ၌ ပျော်ဝင် ကာ က္ဘာ့မြေလွှာအောက်ရှိ ရေထုကြီးကိုပါ ညစ်ညမ်းပျက်စီးစေလျက် ရှိသည်။
ဓာတ်မြေသြဇာထဲတွင် ရာခိုင်နှုန်းအများဆုံး ပါဝင်နေသော နိုက်ထရိုဂျင်ဒြပ်စင်များသည် မြေလွှာအောက်သို့စိမ့်ဝင်ရောက်ရှိပြီး နိုက်ထရိတ် များအဖြစ် မြေအောက်ရေထဲ၌ ပျော်ဝင်လျက် ရှိနေသည်။ နိုက်ထရိတ်ပျော်ဝင်မှုနှုန်းသည် ရေ တစ်လီတာတွင် ၁ဝ မီလီဂရမ်အထိ ဖြစ်လာ ခဲ့လျှင် ကျန်းမာရေးကို ထိခိုက်စေနိုင်သော မြေအောက်ရေအဆိပ်သင့်မှုအဆင့်သို့ ရောက်ရှိ နေပြီဖြစ်သည်။
အကယ်၍ မြေအောက်ရေ တစ်လီတာတွင် နိုက်ထရိတ်ပျော်ဝင်မှုနှုန်းသည် ၂၅ မီလီဂရမ် အထိ မြင့်တက်လာမည်ဆိုပါက သွေးကို အဆိပ် သင့်စေနိုင်သော အဆင့်ထိတိုင် ရောက်ရှိလာ ပြီဖြစ်သည်။ ထိုရေမျိုးကို အသက် နှစ်နှစ်အောက် ကလေးငယ်များ သောက်သုံးမိပါက သွေးအဆိပ် သင့်ရောဂါ ဖြစ်ပွားစေနိုင်သည်။ြူကန ဘြေပှပညိမသာန ဟု လူသိများသော အဆိုပါရောဂါ သည် ကလေးငယ်များ၏ အသက်အ္တရာယ်ကို ခြိမ်းခြောက်နေသော အဆိပ်သင့် ရောဂါဆိုး တစ်မျိုးဖြစ်သည်။
နိုက်ထရိုဂျင်နှင့် ဖော့စ်ပရပ်စ်တို့ လွန်ကဲစွာ ပါဝင်နေသော ဓာတ်မြေသြဇာများသည် ကောက်ပဲ သီးနှံစိုက်ခင်းများမှတစ်ဆင့် မြစ်ချောင်း၊ အင်း၊ အိုင်များထဲသို့လည်း စီးဝင်လျက်ရှိနေကြသည်။ ထိုသို့စီးဝင်မှုကြောင့် ရေညှိ၊ ရေမှော်ပင်များသည် ကနဦးတွင် တစ်မုဟုတ်ချင်း အဆမတန် ပွားများ လာသည်။
အရေအတွက်များပြားလွန်းလှသော ရေညှိ၊ ရေမှော်ပင်များ သက်တမ်းကုန်၍ အစုလိုက် အပြုံလိုက် သေဆုံးသွားကြသည့်အခါ ရေများ လည်း ပုပ်သိုးကုန်ကြတော့သည်။ ယင်းသို့သော ပုပ်သိုးခြင်းဖြစ်စဉ်အတွက် ရေထဲမှ အောက်ဆီဂျင် ပမာဏ အများအပြားကို သုံးစွဲလိုက်ကြရသည်။ အောက်ဆီဂျင် ကုန်ခန်းသွားသော ရေထဲတွင် ရောဂါပိုးမွှားများနှင့် ဗက်တီးရီးယားတို့မှလွဲ၍ ကျန်သက်ရှိများ အားလုံးလည်း သေဆုံးကုန်ကြ တော့သည်။
ပုပ်သိုးနေသော ရေနောက်များကြောင့် နေအလင်းရောင်သည်လည်း ရေအောက်သို့ ဖောက်ထွင်းဝင်ရောက်ခြင်း မပြုနိုင်တော့ပေ။ နေရောင်ဖြင့်အလင်းဖွဲ့၍ အစာချက်ရသော ရေမှော်ပင်များသည်လည်း တစ်စတစ်စ လျော့ နည်းသေဆုံးသွားကြရသည်။ ရေညှိ၊ ရေမှော် ပင်များ မရှိတော့ခြင်းသည် အောက်ဆီဂျင်ကို ထုတ်လုပ်ပေးနိုင်သော ရေအောက် အရင်းအမြစ် များ ပျက်သုဉ်းသွားခြင်းပင်ဖြစ်သည်။ ဤသို့ အားဖြင့် ဓာတ်မြေသြဇာသုံးစွဲနေကြခြင်း၏ ဆက်စပ်ဆိုးကျိုးအဖြစ် ရေထုညစ်ညမ်းမှုကြီး လည်း အကြီးအကျယ် ဖြစ်ပေါ်လာရတော့သည်။
ဖန်လုံအိမ်အာနိသင်ကို မြင့်တက်စေ
က္ဘာအရပ်ရပ်ရှိ ကောက်ပဲသီးနှံစိုက်ခင်းများ တွင် ဓာတ်မြေသြဇာများကို ပမာဏအများအပြား သုံးစွဲနေကြသည့်အတွက် ထိုဓာတ်မြေသြဇာ များကြောင့် ထွက်ပေါ်လာသော မီသိန်းဓာတ်ငွေ့ မက်ထရစ်တန် သန်းပေါင်းများစွာတို့သည်လည်း လေထုထဲသို့ ရောက်ရှိနေရသည်။ မီသိန်း ဓာတ်ငွေ့ များသည် ဖန်လုံအိမ်အာနိသင်ကို မြင့်တက်စေပြီး က္ဘာကြီးကိုလည်း ပိုမိုပူနွေးစေ လျက်ရှိသည်။ ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့များ အနက် မီသိန်းဓာတ်ငွေ့သည် က္ဘာကြီးပူနွေး အောင်စွမ်းဆောင်မှု (ြူသဘေူ ႊၽေမာငညါ ဏသအနညအငေူ်)တွင် ကာဗွန်ဒိုင်အောက်ဆိုက်ထက် ၂၁ ဆ ပိုမိုစွမ်းရည်ရှိသည့်အားလျော်စွာ ဓာတ် မြေသြဇာများကြောင့် ထွက်ပေါ်လာသော မီသိန်းဓာတ်ငွေ့များသည် က္ဘာ့ရာသီဥတု ပြောင်းလဲမှုနှင့် မိုးလေဝသအခြေအနေများ ကစဥ့်ကလျားဖြစ်စေမှုတို့အတွက် အဓိကကျသော လက်သည်တရားခံကြီးပင်ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း ဓာတ်မြေသြဇာ များကြောင့် ရေညှိ၊ ရေမှော်ပင်များကို ပြုန်းတီး သွားစေသည်ဖြစ်ရာ အောက်ဆီဂျင်ဓာတ်ငွေ့ များကို ထုတ်လုပ်ပေးနေသော သဘာဝ အရင်း အမြစ်များကို ဖျက်ဆီးနေသည့် တရားခံလည်း ဖြစ်သည်။ မြစ်ချောင်း၊ အင်းအိုင်နှင့် ပင်လယ် သမုဒ္ဒရာအောက်ရှိ ရေညှိ၊ ရေမှော်ပင်များသည် နေရောင်ခြည်ဖြင့် အလင်းဖွဲ့ အစာချက်သည့် ရှင်သန်ရပ်တည်မှု ဇီဝယ္တရားကြောင့် ဖန်လုံအိမ် အာနိသင် ဓာတ်ငွေ့တစ်မျိုးဖြစ်သော ကာဗွန်ဒိုင် အောက်ဆိုက်များကို စုပ်ယူနေရင်း တစ်ချိန် တည်းမှာပင် အောက်ဆီဂျင်ဓာတ်ငွေ့များကို လည်း ထုတ်လွှတ်ပေးလျက်ရှိနေကြသည်။
ဤမြေက္ဘာကြီးအတွက် လိုအပ်သော အောက်ဆီဂျင်ဓာတ်ငွေ့ စုစုပေါင်း၏ ၇ဝ ရာခိုင် နှုန်းကို ရေညှိ၊ ရေမှော်ပင်များက ထုတ်လွှတ်ပေး နေကြခြင်းဖြစ်ရာ ဆိုးကျိုးဖြစ်စေသည့် ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့များကို စုပ်ယူဖယ်ရှားပြီး ကောင်းကျိုးပြုစေသည့် အောက်ဆီဂျင်ဓာတ်ငွေ့ များကို ထုတ်လွှတ်ပေးနေသော သဘာဝ အရင်း အမြစ်များကို ပြုန်းတီးသွားအောင်လည်း ဓာတ် မြေသြဇာများက လုပ်ဆောင်လျက်ရှိနေကြ သည်။
ဓာတ်မြေသြဇာများသည် မြေဆီလွှာအတွင်း ရှိ အော်ဂဲနစ်ပစ္စည်းများကို လျင်မြန်စွာ ဆွေးမြည့် သွားစေသောကြောင့် မြေဆီလွှာအတွင်း၌ အာဟာရဓာတ်လိုအပ်မှုကို ကြီးထွားလာစေ သည်။ မြေဆီလွှာအတွင်း အာဟာရလိုအပ်မှု ကြီးထွားလာခြင်းကြောင့် ထပ်မံစိုက်ပျိုးမည့် ကောက်ပဲသီးနှံပင်များအတွက် ဓာတ်မြေသြဇာ များကို အသုံးပြုရန် အကြောင်းဖန်လာပြန်တော့ သည်။ ဤသို့အားဖြင့် ဓာတ်မြေသြဇာသုံးစွဲ နေကျ စိုက်ပျိုးမြေများသည် ဓာတ်မြေသြဇာ ကိုပင် ထပ်တလဲလဲသုံးစွဲရန် အကြောင်းဖြစ်ပေါ် လျက် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဓာတ်မြေသြဇာ တို့၏ ပတ်သက်မှု သံသရာစက်ဝန်းသည် အဆက် မပြတ် လည်ပတ်နေတော့သည်။
ထိုသံသရာစက်ဝန်းကြီး အဆက်မပြတ် လည် ပတ်နေမှုကြောင့် လူသားတို့နှင့် သဘာဝပတ်ဝန်း ကျင်တစ်ခုလုံးသည် ဓာတ်မြေသြဇာကြောင့် အဆိပ်သင့်ခြင်းဟူသော အိပ်မက်ဆိုးကြီးကို ဆက်၍ဆက်ခါ မက်နေကြရဦးမည်သာ ဖြစ်ပေ တော့သည်။ ။
သိပ္ပံစာရေးဆရာကိုကိုအောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment