တိုကျို သြဂုတ် ၁၅
ဂျပန်နိုင်ငံရှိပြည်သူများသည် ဒုတိယက္ဘာစစ်ပြီးဆုံးခြင်း အထိမ်းအမှတ်ပွဲ ကျင်းပလျက်ရှိသည်။ တိုကျိုမြို့ နိပွန်ဘူဒိုဂန်ခန်းမတွင် လူထောင်နှင့်ချီ၍ စုဝေးခဲ့ကြပြီး သြဂုတ် ၁၅ ရက်ရောက်တိုင်း အဆိုပါအခမ်းအနားကို ကျင်းပကြသည်။ ဂျပန်ဘုရင် အာကီဟီတိုနှင့်မိဖုရား မီချီကိုတို့သည် ယခုအခမ်းအနားကို နောက်ဆုံးအကြိမ် တက်ရောက်ခြင်းပင်ဖြစ်သည်။ ဂျပန်ဘုရင်သည် လာမည့်နှစ်ဧပြီလတွင်ထီးနန်းစွန့်မည်ဖြစ်သည်။ လွန်ခဲ့သော ၇၃ နှစ်က စစ်ပွဲအတွင်း လူပေါင်း သုံးသန်းကျော်သေဆုံးခဲ့ရပြီး ယင်းအထိမ်းအမှတ်အခမ်းအနားကို လူပေါင်း ၆၅ဝဝ ခန့် တက်ရောက်ခဲ့ကြသည်။
ဂျပန်ဘုရင် အာကီဟီတိုက စစ်ပွဲပြီးနောက် ငြိမ်းချမ်းသောလပေါင်းများစွာကိုဖြတ်သန်းရင်း အတိတ်ကာလက အကြောင်းအရာများကို နောင်တရမိကြောင်း၊ ယင်းကဲ့သို့စစ်ပွဲမျိုးနောက်ထပ်မဖြစ်ပွားရအောင် နက်နက်နဲနဲ မျှော်လင့်မိပါကြောင်း၊ ပြည်သူများနှင့်အတူ စစ်ပွဲအတွင်းအသက်ဆုံးရှုံးခဲ့ရသည့် လူတိုင်းအတွက် ဆုတောင်းပါ ကြောင်း၊ က္ဘာကြီးငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆုတောင်းပါကြောင်း ပြောကြားခဲ့သည်။ ဂျပန်ဘုရင်သည် ¤င်းထီးနန်းလက်ခံရရှိသည့်အချိန်မှစ၍ အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့ရာ ယခုတစ်ကြိမ် မှာနောက်ဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ
No comments:
Post a Comment