Latest News

Sunday, August 5, 2018

မွေထိုင်းလက်ဝှေ့ပြိုင်ပွဲ၌ မိုက်ရိုင်း ပထမအချီတွင် အလဲထိုးအနိုင်ရရှိ

မွေထိုင်းလက်ဝှေ့ပြိုင်ပွဲ၌ မိုက်ရိုင်း ပထမအချီတွင် အလဲထိုးအနိုင်ရရှိ

ရန်ကုန်  သြဂုတ်  ၎

ထိုင်းနိုင်ငံ၌ ယမန်နေ့က ကျင်းပသည့် MX MUAY  XTREME မွေထိုင်းလက်ဝှေ့ ပြိုင်ပွဲတွင်   မြန်မာ့ရိုးရာ လက်ဝှေ့သမား မိုက်ရိုင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက်ကို ပထမအချီတွင်ပင်  အလဲထိုးဖြင့်  အနိုင်ရရှိ ခဲ့သည်။ မိုက်ရိုင်းသည်   ၅၆  ကီလိုတန်းတွင် မွေထိုင်းလက်ဝှေ့သမား Seksan Toong-tong ကို အလဲထိုးနိုင်ခဲ့ပြီး  ပွဲစပြီး  ၁၅ စက္ကန့်မှာပင် ညာခြေကန်ချက်ဖြင့် အမြင့် ကန်ကာ ပွဲသိမ်းနိုင်ခြင်းဖြစ်သည်။

မိုက်ရိုင်းသည် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သော မွေထိုင်း ပြိုင်ပွဲများတွင်  ယှဉ်ပြိုင်ဖူးသည့် အတွေ့အကြုံရှိသူဖြစ်ပြီး ယခုပွဲစဉ်သည် ပထမအချီတွင်ပင်  အလဲထိုးနိုင်ခဲ့သော  ပထမဆုံးပွဲစဉ်ဖြစ်သည်။  မိုက်ရိုင်းသည်  ယခင်က စောဒါပို့အမည်ဖြင့် ပြည်တွင်းရိုးရာလက်ဝှေ့ ပြိုင်ပွဲများယှဉ်ပြိုင်သူဖြစ်ပြီး မြန်မာနိုင်ငံ၌ ဇွန်လကကျင်းပသော  MMA ပြိုင်ပွဲတွင်လည်း စောဒါဝိတ်ကို အလဲထိုးဖြင့် အနိုင်ရရှိထားသူဖြစ်သည်။ ထို့ပြင် ၄င်း၏ တံတောင်ရိုက်ချက်ကြောင့် ပရိသတ်များ၏   စိတ်ဝင်တစား အားပေးမှုကို ရရှိလာသူလည်းဖြစ်သည်။

မြန်မာ့ရိုးရာလက်ဝှေ့သမားများသည် ထိုင်းနိုင်ငံ၌ ကျင်းပသော MX MUAY XT-REME မွေထိုင်းလက်ဝှေ့ပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင်လျက်ရှိပြီး ဇူလိုင်လက ပိုက်ထွေးနှင့် ထွန်းနိုင်ဦးတို့    နောက်ဆုံး သွားရောက်ယှဉ်ပြိုင်ထားသည်။

မိုက်ရိုင်းသည် မြန်မာပြည်ချန်ပီယံဟောင်း စောငမန်း ၏ လက်ဝှေ့ကလပ်ဖြစ်သော ရွှေဖူးကလပ် တွင်  လေ့ကျင့်နေသူဖြစ်ပြီး  မြန်မာလက် ခမောင်းကုမ္ပဏီက ကျင်းပလျက်ရှိသည့် WLC-6 လက်ဝှေ့ပြိုင်ပွဲတွင် ၄င်း၏တွဲဆိုင်း ပါဝင်ရန် ပရိသတ်များ၏တောင်းဆိုမှုကို ရရှိထားသူဖြစ်သည်။

MWD

No comments:

Post a Comment