ဝက်သားလုံးအူစုံ အချိုကြော်မယ်ဆိုရင် ဝက်သား၊ အူမကြီး၊ အူချို၊ အချင်းတိုင်၊ အသည်း၊ ငရုတ်ပွအစိမ်း၊ မုန်လာထုပ်၊ မုန်လာဥနီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်ခြောက်၊ ကြက်ဥ၊ ဆား၊ သကြား၊ ခရုဆီ၊ ကော်မှုန့်၊ ဂျုံမှုန့်နဲ့ ငရုတ်ကောင်းတို့ လိုအပ်ပါတယ်။ ဦးစွာ ဝက်သားကို နုပ်နုပ်စဉ်းပြီး ဆား၊ သကြား၊ ငရုတ်ကောင်း၊ ဂျုံမှုန့်၊ ကြက်ဥအကာတို့နဲ့ ရောနယ်ပြီး အလုံးလုံးထားပါ။ ပြီးရင် ခဏနှပ်ထားပြီး ရေနွေးအိုးတည်ပြီး ရေဆူလာရင် ထည့်ပြုတ်ပါ။ ဒယ်အိုးထဲကို ဆီထည့်တည်ပါ။
ဆီပူလာရင် ပြုတ်ထားတဲ့ အသားလုံးကို ထည့်ကြော်ပြီး အရောင်ရဲလာရင် ဆယ်ထားပါ။ ပြီးရင် ဆီကိုခပ်ထုတ်ပြီး ငရုတ်ခြောက် ထည့်ကြော်ပါ။ အနီရောင်သန်းလာရင် ဆယ်ထားပါ။ ကြက်သွန်ဖြူ၊ ချင်းပါးပါးလှီးပြီး ဆီသတ်ပါ။ အသီးအရွက်တွေ ထည့်ပါ။
အရသာထည့်ပါ။ အရောင်ပြောင်းလာရင် အသားတွေထည့်မွှေပါ။ ကြက်သွန်နီကို လေးစိတ်စိတ်ပြီး အလွှာလေးတွေ ခွာထည့်ပါ။ ခရုဆီထည့်ပါ။ ကြက်ပြုတ်ရည် ဒါမှမဟုတ် ရေနွေးအနည်းငယ်ထည့်ပါ။ အိုးဆူလာရင် ကော်မှုန့်ရည်ထည့်ပါ။ တရုတ်နံနံထည့်၊ ငရုတ်ကောင်းဖြူးပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
MWD
No comments:
Post a Comment