Latest News

Monday, August 13, 2018

ရုပ်ရှင်ဇာတ်ကား ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်အားပေးမှု ရရှိအောင် ကြိုးစားသွားမယ်လို့ဆိုတဲ့ သရုပ်ဆောင် နန်းဆုဦး

ရုပ်ရှင်ဇာတ်ကား ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်အားပေးမှု ရရှိအောင် ကြိုးစားသွားမယ်လို့ဆိုတဲ့ သရုပ်ဆောင် နန်းဆုဦး

ဥပါဒါန်ရုပ်ရှင် ဇာတ်ကားတွင် ဇာတ်ရုပ်နှင့် အံဝင်ခွင်ကျအောင် သရုပ်ဆောင်နိုင်ခြင်းကြောင့်  ပရိသတ်အားပေးမှု ရရှိထားသော သရုပ်ဆောင်နန်းဆုဦး အနေဖြင့် ရုပ်ရှင်၊ဇာတ်လမ်းတွဲများဖြင့်   ပရိသတ်များ၏  အားပေးမှုကို ရရှိအောင်  ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။ ''ရုပ်ရှင်ဇာတ်ကားနဲ့ ဇာတ်လမ်းတွဲရိုက်ရတာ ကွဲပြားပါတယ်။

ရုပ်ရှင်ဇာတ်ကားက အချိန်တိုလေးအတွင်းမှာ ပရိသတ်ကို ချပြရတာဖြစ်လို့ ဇာတ်လမ်းတွဲထက် စာရင်  လုပ်ကိုင်ခွင့်ရရှိမှု နည်းပါတယ်။ ဇာတ်လမ်းတွဲကျတော့   ပြသချိန်လည်း ကြာတယ်။  နောက်ပိုင်းမှာ  ရုပ်ရှင်ဇာတ်ကားနဲ့ ဇာတ်လမ်းတွဲတွေကို မျှပြီးရိုက်ရင်းနဲ့ ပရိသတ်တွေဆီကအားပေးမှုကို အခိုင်အမာ ရရှိအောင် ကြိုးစားသွားမှာပါ'' ဟု  နန်းဆုဦးက ပြောသည်။

နန်းဆုဦးအနေဖြင့်  သီချင်းသီဆိုခြင်းကို  အနုပညာလှုပ်ရှားမှု အနေဖြင့် လုပ်မည်မဟုတ်တော့ဘဲ  ဝါသနာအရ သီဆိုမည်ဖြစ်ပြီး သူမပါဝင် သရုပ်ဆောင်ထားသည့်  ရုပ်ရှင်ဇာတ်ကားများ  ဆက်တိုက်ရုံတင်ရန် ရှိကြောင်း သိရသည်။

 ''ရုပ်ရှင်ဇာတ်ကားတွေကို သြဂုတ် ၁၆ ရက်ကစတင်ပြီး နောက်လတွေမှာ   ရုပ်ရှင်ရုံတွေမှာ   ဆက်တိုက်ရုံတင်ဖို့ ရှိနေပါတယ်။  နန်းဆုအနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ဇာတ်ကောင်စရိုက် မျိုးစုံကို အံဝင်ခွင်ကျဖြစ်အောင် ပါဝင် သရုပ်ဆောင် ထားတာကြောင့်  ပရိသတ်တွေ အကြိုက်တွေ့မယ်လို့   ယုံကြည်ထားပါတယ်''ဟု နန်းဆုဦးကပြောသည်။

လက်ရှိ အနုပညာလှုပ်ရှားမှု အနေဖြင့် မကြာခင်ရိုက်ကူးမည့် သစ္စာချည်တိုင် ဇာတ်လမ်းတွဲတွင်  ပါဝင်သရုပ်ဆောင်ရန် ရှိနေပြီး နောက်ပိုင်းတွင်လည်း ဇာတ်လမ်းတွဲ ရိုက်ရခြင်းကို   စိတ်ဝင်စားခြင်းကြောင့် ကမ်းလှမ်းမှုများရှိပါက   ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment